သောက်စားပျော်ပါးချိန်တွေမှာ အမြဲလိုလို ကြုံတွေ့ရလေ့ရှိတဲ့ အမူးသမား (၉) မျိုးအကြောင်း

Pixabay

အရက်ဟာ လူတွေရဲ့ အမျိုးမျိုးသော စိတ်ဓာတ်အပေါ်လိုက်ပြီး ပြောင်းလဲလွှမ်းခြုံနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ရေချိန်ကိုက်ကာ မူးနေပြီဖြစ်တဲ့ အရက်သောက်ပြီးနောက် အမူးသမားတို့ရဲ့ စရိုက်လက္ခဏာ (၉) မျိုးကို စုစည်းတင်ပြပေးလိုက်တာဖြစ်လို့ ကိုယ်နဲ့ ဘယ်အမျိုးအစားက ကိုက်ညီနေလဲ၊ ကိုယ့်ပေါင်းအသင်းတွေထဲက ဘယ်သူကဖြင့် ဘယ်အမျိုးစားဆိုတာတွေကို ရှာဖွေကြည့်လိုက်ရအောင်ပါနော်။

၁။ ခင်မင်တတ်သူကြီး

Pixabay

ဒီလိုလူအမျိုးအစားတွေကတော့ သူများနဲ့မတူ၊ အရက်လေးဝင်တဲ့အခါ မကောင်းတဲ့စိတ်ဓာတ်တွေ လုံးလုံးမှ မရှိတော့တဲ့ လူတွေပဲဖြစ်ပါတယ်။ လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့တတ်ကြတယ်၊ စကားပြောကောင်းလာပြီးတော့ လူတိုင်းအပေါ် ခင်ခင်မင်မင်ဆက်ဆံတတ်တော့ အလုပ်ကိစ္စစကားပြောတဲ့အခါ အရက်သောက်ပါလို့တောင် ညွှန်းရမလိုပါပဲနော်။ လူငယ်တွေအနေနဲ့လည်း မိတ်ဆွေတိုးပွားစေတာကြောင့် ကိုယ်ကိုယ်တိုင် သို့မဟုတ် သောက်ဖော်သောက်ဖက်တွေထဲ ဒီလိုလူမျိုးရှိနေရင်တော့ သူ့အတွက် စိတ်ချထားလို့ ရပြီပေါ့။

၂။ ဒေါသအိုး

Pixabay

တကယ့်ပြဿနာကောင်တွေပါ။ ထစ်ခနဲရှိဖြဲမယ် ထိုးမယ်ဆိုတာကြောင့် လိုက်ထိန်းနေတာနဲ့ပဲ အသောက်ဝိုင်းလေး ပျော်ရမှာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ဟာ ဒီလိုအမူးသမားထဲ ပါနေမယ်ဆိုရင်တော့ ကိုယ့်အချိန်အဆကိုယ်သိပြီး အရမ်းမူးအောင်မသောက်မိဖို့ အကြံပေးချင်ပါတယ်။ ကိုယ်မဟုတ်ဘဲ ကိုယ့်အဖော်ထဲမှာသာ ဒီလိုလူပါမယ်ဆိုရင်တော့ အခန့်မသင့်ပြဿနာကြားထဲ ကိုယ်ပါအစစ်ပါနိုင်တာမို့ မူးလာတဲ့အခါ ဝေးဝေးရှောင်ဖို့ပြောချင်ပါတယ်နော်။

READ
စိတ်ခံစားမှုကိုဦးစားပေးတဲ့လူတွေရဲ့ ကောင်းကျိုးလက္ခဏာများ

၃။ Mr. Lonely

Pixabay

မရှိတဲ့ရည်းစားကိုပဲ လွမ်းသလိုလို၊ သူငယ်တန်းတုန်းက အချစ်ဦးကိုပဲ တမ်းတသလိုလိုနဲ့ ထိုင်ဆွေးတတ်တဲ့လူမျိုးတွေပါ။ မူးလာမယ်ဆိုရင်တော့ တစ်နေရာရာကို အကြာကြီးဆိုက်ကြည့်ကာ ဆွေးချင်ဆွေးနေမယ် ဒါမှမဟုတ် အလွမ်းသီချင်းတွေဘာတွေ ထညည်းလိုက်မယ်ပေါ့။ တစ်ခါတစ်ရံကျ ကဗျာတွေဘာတွေတောင် ကောက်စပ်တတ်တဲ့ အထီးကျန်သူလေးတွေပါ။

၎။ တည်ငြိမ်သူ

အမူးသမားထဲမှာမှ အကောင်းဆုံးသော၊ စည်းစိမ်အခံစားတတ်ဆုံး၊ အငြိမ်းချမ်းဆုံး အမူးသမားလေးတွေပါပဲ။ ကိုယ်ကိုယ်တိုင်ကိုရော ဘေးပတ်ဝန်းကျင်ကိုပါ စိတ်အနှောက်အယှက်မပေး၊ ဒုက္ခမပေးဘဲ ကိုယ့်အထာနဲ့ကိုယ် စကားလည်းသိပ်မပြောဘဲ တစ်ခွက်ပြီးတစ်ခွက်သောက်လိုက် ကြားထဲအမြည်းစားလိုက် သူများစကားပြောတာ နားထောင်လိုက်နဲ့ တပြုံးပြုံးမူးနေတတ်သူတွေပါနော်။

၅။ မသိဘူးငိုမယ်

Pixabay

တစ်စိတ်ကို တစ်အိတ်လုပ်ကာ စိတ်ဆင်းရဲမှုပေါင်းစုံတန်းစီရွတ်ပြပြီး ညလုံးပေါက် ထိုင်ငိုမယ့်အမျိုးအစားတွေပါ။

၆။ ဗူးဗူးပဲ

Pixabay

ဟိုစေည်လေးတွေ့လည်း မျက်စပစ်၊ ဒီစော်လေးတွေ့လည်း မျက်စပစ်ပေါ့နော်။

၇။ ခုန်မယ် ကမယ် ရယ်မယ် ပျော်ပါးမယ်

Pixabay

အရက်မူးတိုင်း ရယ်စရာမပါတောင် ထိုင်ရယ်နေတတ်တဲ့လူတွေနဲ့ သီချင်းသံမပါတောင် ကွေးနေအောင် ကတတ်တဲ့လူတွေ တွေ့ဖူးကြလား။ သင် ဒါမှမဟုတ် သင့်ရဲ့သောက်ဖော်သောကဖက်ထဲမှာ ဒီလိုလူမျိုးတစ်ယောက်တလေပါမယ်ဆိုရင်တော့ သင်တို့ဝိုင်းလေးဟာ အပျော်ဓာတ်တွေနဲ့ လွှမ်းခြုံနေမှာပါနော်။ လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ကခုန်ပြီး ရယ်နေတတ်လို့ ရှူးရှူးထွက်ကျတာကိုတော့ သတိထားပေးရမှာပါနော်။

READ
ဒီအရာတွေကိုကြုံတွေ့နေရရင် သင်ဟာအောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်နေလို့ပါ။

၈။ အမှန်အတိုင်းပဲပြောမယ်

Pixabay

ဒေါသအိုးတွေပြီးရင် ဒီလိုလူတွေကို အကြောက်ရဆုံးပါနော်။ လူဆိုတာမျိုးက ဘယ်လောက်ပဲမှန်တာ အပြောခံရခံရ ကောင်းတာဆိုရင် သဘောကျတတ်ပြီး မကောင်းတဲ့ အမှန်တရားဆိုရင်တော့ လက်ခံနိုင်သူတွေ မဟုတ်ပြန်ဘူး။ ဒီလိုမျိုး ကောင်းကောင်း မကောင်းကောင်း အမှန်အတိုင်းပြောမယ့်လူတွေနဲ့ အပေါ်မှာဖော်ပြထားတဲ့ ဒေါသအိုးတွေနဲ့တွေ့လိုက်ရင်တော့ တော်တော့်ကို ထိန်းရသိမ်းရခက်တဲ့ပွဲမျိုး ဖြစ်သွားမှာပါနော်။ တစ်ခုကောင်းတာကျပြန်တော့လည်း ချစ်ရတဲ့လူကို ဖွင့်ပြောဖို့ မဝံ့မရဲဖြစ်နေတဲ့အခါပါပဲ။ ရည်းစားစကားပြောဖို့ ရဲဆေးတင်တယ်ဆိုတဲ့ လူအမျိုးအစားတွေပေါ့။

၉။ ဆရာ့တကာဆရာများ

Pinterest

အမူးသမားထဲ ဒေါသအိုးပြီးရင် စိတ်ပျက်စရာအကောင်းဆုံး အမူးသမားတွေပဲဖြစ်ပါတယ်။ ကိုယ်တကယ်တတ်တာ ABCD, ဆရာကြီးလုပ်ပြီး ပြောချင်တော့ Cat အကြောင်းဆိုတဲ့သူတွေပေါ့။ ပတ်ဝန်းကျင်မကြားကြားအောင် ဘိုလိုတွေထိုင်မှုတ်ပြီး တချို့ဆိုထိုင်တောင်ကြွားနေတတ်ပါသေးတယ်။ ဒီလိုလူမျိုးတွေကိုတော့ အပေါင်းအသင်းတွေက ဝေးဝေးကရှောင်တတ်ကြပါတယ်နော်။

Penny

Ref : TheDailyNet

SHARE