သင့်ကောင်လေးက သင့်ကိုရူးရူးမူးမူးချစ်နေမှန်း သိနိုင်မည့်အချက်များ

သင့်ချစ်သူကောင်လေးက ဒီလိုလေးတွေလုပ်နေတယ် ဆိုရင်တော့ သင့်ကို ရူးရူးမူးမူးချစ်နေလို့ ဆိုတာ သင်နားလည်သင့်ပါတယ်နော်။

(၁) ချက်ချင်းစာပြန်တယ်

သင်ကော့င်လေးဟာ သင့်ကို ချက်ချင်းစာပြန်တာဟာ တကယ်ချစ်လို့ပါ။ ယောက်ျားလေးတော်တော်များများ ဖုန်းကိုင်တာက ဖုန်းနဲ့တစ်ချိန်လုံး ဂိမ်းဆော့နေတာ ဒါမှမဟုတ် သူတို့စိတ်ဝင်စားတဲ့အရာ တစ်ခုခုကို လုပ်နေတာပါ။ အဲဒီ့အချိန်တွေမှာ တော်ရုံကိစ္စတွေဆို ဂရုမစိုက်အားကြပါဘူး။ ဒါပေမယ့် သင့်စာကိုမြင်တာနဲ့ ချက်ချင်းပြန်ရေးတယ် ဆိုတာ သင့်ကို တော်တော်လေးချစ်လို့ပါ။

(၂) အရာရာကိုသင့်စိတ်ကြိုက်လုပ်ပေးတယ်

ဥပမာ သင်က အိမ်လေးရှင်းနေရင် အရမ်းပျော်တာပဲ လို့ အမှတ်တမဲ့ ပြောလိုက်တယ်။ သင်အလုပ်ကိုသွားလို့ အိမ်ပြန်လာချိန်မှာ တစ်အိမ်လုံးကို သန့်ရှင်းသပ်ရပ်နေအောင် သူရှင်းပေးထားတယ်။ အကြောင်းရင်းကတော့ သင့်ကိုသူ စိတ်ချမ်းသာစေချင်လို့၊ သင်ပျော်သွားတဲ့ မျက်နှာလေးကို မြင်စေချင်လို့ပါ။ သင်တို့ရန်ဖြစ်တဲ့ အချိန်တွေမှာလဲ သင့်ကိုစိတ်ပြေအောင်လုပ်ဖို့နည်းလမ်းတွေ အမျိုးမျိုး သူကြိုးစားနေလိမ့်မယ်။

(၃) သင့်ရဲ့ပင်ကိုအလှကိုချစ်တယ်

သူ့အရှေ့မှာဆိုရင် သင်မပြင်မဆင် မခြယ်မသပဲနေရင်တောင် နေရထိုင်ရတာ အဆင်ပြေနေမှာပါ။ သူကိုယ်တိုင်ကလည်း သင့်ရဲ့ပင်ကိုသဘာဝကို ချစ်တာကြောင့် သူ့အရှေ့မှာ သင့်အားနည်းချက်တွေကို ဖုံးကွယ်နေဖို့ သင်ကြိုးစားနေမှာမဟုတ်ပါဘူး။ အပေါ်ယံအလှတွေဟာ ယောက်ျားလေးတစ်ယောက်ကို မြင်မြင်ချင်းမှာစွဲဆောင်ပြီး စိတ်အလှကသာ သူတို့ကို ကိုယ့်အနားကထွက်မသွားနိုင်အောင် ချည်နှောင်တတ်ကြတာပါ။

READ
Crush က သင့်ကို စာမပြန်ရသည့် အကြောင်းအရင်းများ

(၄) အာရုဏ်တက်အချိန်ဖုန်းဆက်မယ်

မနက် ၃နာရီလောက်မှာ သင့်ကိုဖုန်းဆက်လေ့ရှိတယ်။ အကြောင်းရင်းကတော့ သူအိပ်မပျော်လို့ပဲဖြစ်ဖြစ်၊ တရေးနိုးတာပဲဖြစ်ဖြစ် သင့်ကို လွမ်းလို့ပါ။ အချိန်တိုင်းသင့်အကြောင်းတွေးပြီး သင့်ကိုပဲ သူတမ်းတနေလို့ ဖြစ်ပါတယ်။

(၅) သင့်ရည်မှန်းချက်တွေပြည့်ဝဖို့အားဖြည့်ပေးတယ်

သင့်ရဲ့ရည်မှန်းချက်ဟာ ကမ္ဘာကျော်တစ်ယောက်ဖြစ်ဖို့ပဲဖြစ်ဖြစ်၊ တီထွင်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲမဖြစ်နိုင်လောက်တဲ့ အရာဖြစ်ဖြစ် သူကတော့သင့်ကို လှောင်မှာမဟုတ်ပါဘူး။ သင့်ရည်မှန်းချက်တွေကို သူ့ရည်မှန်းချက်လို သဘောထားပြီး သူတတ်နိုင်တဲ့ ဘက်ကနေ အစွမ်းကုန်ကူညီးပေးသွားမှာပါ။ ဒါဟာ သူ့မှာ ရည်မှန်းချက်မရှိလို့ မဟုတ်ပဲ သင့်ကို အလေးထားလို့ပါ။ နောက်ဆုံးသင် ကျရှုံသွားရင်တောင် သင့်ကို အပြစ်တင်မှာမဟုတ်ပါဘူး။

(၆) သင်ပြုံးလာစေဖို့ အရူးလိုလုပ်ရလည်းသူ့အတွက်ကိစ္စမရှိဘူး

သင်စိတ်ဓာတ်တွေကျပြီး ဝမ်းနည်းနေတဲ့ အချိန်တွေမှာ အရူးတစ်ယောက်လို သီချင်းတွေဖွင့်ပြီးကပြတာလိုမျိုး ပေါကြောင်ကြောင်တွေ လုပ်ပြပေးနေမှာပါ။ သင်ပျော်ရွှင်ဖို့ဆိုရင် သူ့ရဲ့ ရှိစုမဲ့ပိုက်ဆံလေးတွေကိုတောင် သုံးပစ်ရမှာ ဝန်လေးနေမှာမဟုတ်ပါဘူး။ အချစ်ဆိုတာ သူ့အတွက် ပေးဆပ်ခြင်းသက်သက်ဖြစ်နေလို့ပါ။ သင့်ပျော်ရွှင်မှုလောက် သူ့အတွက် ဘယ်အရာမှ အရေးမကြီးပါဘူး။

READ
ချစ်မိသွားပြီဆိုတာကို မပြောဘဲ သိနိုင်တဲ့ အချက် (၇) ချက်

(၇) သင်ပေးတဲ့ အကြံဥာဏ်တွေကို အလေးအနက်ထားပြီးလုပ်တယ်

သူဟာ သင့်ကို မှန်တယ်လို့ပြောချင်မှ ပြောလိမ့်မယ်။ ဒါပေမယ့် သင်ပေးတဲ့အကြံတွေအတိုင်း လုပ်တယ်ဆိုရင် သင့်ကို လေးစားပြီး အလေးအနက်ထားတာ ပေါ်လွင်ပါတယ်။ ဒီလိုယောက်ျားမျိုးဟာ ရှားပါးပါတယ်။ ယောက်ျားတိုင်းဟာ သူတို့လုပ်နို်င်ကြောင်းတွေကိုပဲ တစ်ချိန်လုံးပြောပြီး ဘဝင်မြင့်နေတတ်ကြပါတယ်။ ဒါပေမယ့် သူဟာ သင့်စကားကို နားထောင်ပြီး သင့်အကြံဥာဏ်တွေကို အလေးအနက်ထားတာဟာ သင့်ကို အရူးအမူးချစ်နေလို့ပါ။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE