ကိုယ့်ကို အလုပ်ခန့်ချင်အောင် အင်တာဗျူးဘယ်လို ဖြေကြမလဲ

ကိုယ့်ရဲ့ပထမဆုံး အင်တာဗျူးမှာတင် ကိုယ့်ကို အလုပ်ခန့်ချင်အောင် ဘယ်လိုဖြေရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ကိုယ့်မှာ အင်တာဗျူးဖြေတဲ့ အတွေ့အကြုံကလည်းမရှိ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုကလည်း နည်းနေသေးတယ်ဆိုရင် ဒီအချက်လေးတွေ ဖတ်ပြီး ကြိုတင်ပြင်ဆင် သွားသင့်တယ်နော်…။

(၁)။ ချိန်းထားတဲ့အချိန်ထက် စောရောက်နေပါစေ

…………………………………………………………….

အင်တာဗျူးဖြေဖို့ ချိန်းထားတဲ့အချိန်ထက် အနည်းဆုံး(၁၅)မိနစ်လောက် စောပြီးရောက်နေအောင် သွားသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အင်တာဗျူးရမယ့်သူက ကိုယ့်ကို စောင့်နေရတယ်၊ အချိန်နောက်ကျမှ ရောက်သွားတယ်ဆိုရင် သင့်ကို အချိန်မလေးစားသူအဖြစ် သူတို့က သတ်မှတ်ကြမှာပါ။ ဒီတော့ အိမ်ကနေ တတ်နိုင်သမျှ စောစောသာ ထွက်ဖို့ အကြံပေးလိုက်ပါရစေ။

morganmckinley.com

(၂)။ ရှက်မနေပါနဲ့

……………………..

ကိုယ်သွားရမယ့် နေရာရောက်လို့ ခေါင်းကြီးငုံ့ပြီး ရှက်နေတာမျိုးက အဆင်မပြေပါဘူး။ အဲဒီလိုဆိုရင် ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တော့ပဲ ကိုယ့်ကို လူမှုရေးညံ့တဲ့သူလို့ သူတို့က ဆုံးဖြတ်ပါလိမ့်မယ်။ ဒီတော့ ရှက်မနေပဲ အင်တာဗျူးဖြေရမယ့် နေရာရောက်တာနဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ့်ရဲ့ဖော်ရွေမှုကို ပြပါ။ သင့်ကို ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်လို့ သူတို့ထင်လိုက်တာနဲ့ သင့်ကို အလုပ်ခန့်ဖို့ စဉ်းစားလာကြမှာပါ။

READ
ခရစ္စမတ်အတွင်း လက်နက်တွေဖယ်ပြီး အတူပျော်ပွဲစားခဲ့ကြတဲ့ ရန်သူတပ်မတော်ကြီးနှစ်ခု
www.dyw-wl.com

(၃)။ မျက်လုံးချင်းဆုံပြီး ကြည့်ပါ

………………………………………….

အင်တာဗျူးဖြေတဲ့အခါ မေးတဲ့သူရဲ့ မျက်လုံးထဲကို ကြည့်ပြီး စကားပြောတာက ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတယ်ဆိုတာ ပြနေသလိုပါပဲ။ ဒီလိုမှမဟုတ်ပဲ မေးခွန်းတွေဖြေတဲ့အခါ မျက်လုံးက ဟိုကြည့် ဒီကြည့်နဲ့ဆို ဒီလူက ဟုတ်မှဟုတ်ရဲ့လားလို့ သူတို့စိတ်ထဲမှာ တွေးကြပါလိမ့်မယ်။ နံရံကိုကြည့်ပြီး မေးခွန်းတွေ ဖြေတာတို့၊ ခေါင်းကြီးငုံ့ပြီး စဉ်းစားနေတာမျိုးတို့ကို တတ်နိုင်သလောက်ရှောင်ပြီး မေးခွန်းမေးသူနဲ့ မျက်လုံးချင်းဆုံနိုင်ဖို့ကို ကြိုးစားစေချင်ပါတယ်။

www.lifehacker.com.au

(၄)။ မေးခွန်းတွေကို တတ်နိုင်သမျှ စဉ်းစားပြီးဖြေပါ

………………………………………………………………

ကိုယ့်ကိုမေးလိုက်တဲ့ မေးခွန်းကို မသိဘူးလို့ ပြောလိုက်တာထက် အဲဒီမေးခွန်းကို ဘယ်လိုဖြေရမလဲဆိုတာ စဉ်းစားပြီးဖြေတာက ကိုယ့်ကို ပိုပြီး အမှတ်ရစေပါတယ်။ အဲဒါက ကိုယ်ဘယ်လောက် ဗဟုသုတ ရှိသလဲ၊ အလုပ်နဲ့ ပတ်သက်ပြီး ဘယ်လောက် သိထားသလဲ ဆိုတာတွေကို ဖော်ပြပေးမှာဖြစ်ပြီး မသိဘူးဆိုတဲ့ မေးခွန်းကို မဖြေမိအောင်သာ ကြိုးစားပါ။ သင့်အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

READ
သဘာဝတရားကြီးက ပေးထားတဲ့ ကြောက်ရွံ့ဖွယ်ရာ ခြောက်လှန့်မှုများ

(၅)။ မေးခွန်းတွေ ပြန်မေးပါ

……………………………………..

အင်တာဗျူးဖြေပြီးတဲ့ အချိန်တွေဆိုရင် အလုပ်ရှင်တွေ၊ မေးခွန်းမေးသူတွေ ဖက်ကနေပြီး ဘာများမေးစရာ ရှိသေးသလဲ လို့ မေးတတ်ကြပါတယ်။ အဲဒီအချိန်မျိုးဆိုရင် ကိုယ့်ဖက်က မေးခွန်းတွေ မေးဖို့ ကြိုးစားပါ။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တွေ၊ အလုပ်နဲ့သက်ဆိုင်တဲ့ အကြောင်းတွေကို သေသေချာချာမေးပါ။ ဒီအချက်က သူတို့ရဲ့အလုပ်အပေါ် သင့်အနေနဲ့ အရမ်းစိတ်ဝင်စားတယ်လို့ ခံစားရစေမှာဖြစ်ပြီး သင့်အတွက် အမှတ်တွေ ပေးကြပါလိမ့်မယ်။

Linn

 

 

SHARE