ဟိုတယ်နဲ့တည်းခိုခန်းတွေထဲက လျှို့ဝှက်ကင်မရာတွေကို ဘယ်လိုဖော်ထုတ်မလဲ….

ဒီနှစ်အစောပိုင်းက တောင်ကိုရီးယားနိုင်ငံမှာ ဧည်သည်ပေါင်း ၁၆၀၀ လောက် ဟိုတယ်မှာ တည်းခိုရင်း ၄င်းတို့ရဲ့ သီးသန့်ဖြစ်တည်မှုတွေကို ခိုးရိုက်ယူခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သေးငယ်လှတဲ့ ကင်မရာတွေကို ဟိုတယ်၊ ဧည့်ဂေဟာတွေထဲ မခန့်မှန်မိလောက်တဲ့ နေရာတွေမှာ တပ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ရိုက်ကူးထားတာတွေကိုလည်း အခကြေးငွေယူပြီး ဖြန့်ဝေနေတာဖြစ်သလို ရဲတွေမှာလည်း ဒီကိစ္စတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ပတ်သက်ပြီး တော်တော်လေး အကြပ်ရိုက်ရပါတယ်။

ဒီလိုမျိုး ဖြစ်ပွားတာ တောင်ကိုရီးယာနိုင်ငံ တစ်နိုင်ငံထဲမှာ တင်မဟုတ်ပါဘူး။ တခြားသော ကမ္ဘာအရပ်ရပ်က ဟိုတယ်တွေမှာလည်း ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။ ဒီလို မကောင်းကြံစည်မှုမျိုးကို ခရီးသွားတွေကလည်း တတ်နိုင်သမျှ ကြိုးစားဖော်ထုတ်နေကြပြီး တပ်ဆင်ထားနိုင်တဲ့ နေရာတွေကိုလည်း တွေ့ရှိခဲ့ကြတယ်။ ကံဆိုးတဲ့အခါ သင် အပါအ၀င် လူတိုင်း ကြုံတွေ့ရနိုင်တာဖြစ်လို့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် လျှို့ဝှက် ကင်မရာ တပ်ဆင်ထားမှုကို ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတစ်ချို့အား ဖော်ပြပေးလိုက်ပါတယ်။

 

ကြယ် ငါးပွင့်ဆိုတိုင်း စိတ်မချရ…

pixabay

နာမည်ကြီး ဟိုတယ်ဖြစ်နေလို့ စိတ်ချရပြီ မထင်ပါနဲ့။ တောင်ကိုရီးယာမှ ဖြစ်တာလည်း နာမည်ကြီး ဟိုတယ်တွေမှာပဲ ဖြစ်ခဲ့တာပါ။ ဟိုတယ်ရဲ့ ၀န်ထမ်းတွေ၊ ထိန်းသိမ်းရေးပိုင်းတွေကို စစ်ဆေးရာမှာ ပါဝင်ကျူးလွန်တာမျိုးမတွေ့ရဘဲ အရှေ့ကတည်းခိုသွားတဲ့ ဧည့်သည် တပ်ဆင်သွားတာမျိုးပဲ ဖြစ်နိုင်တယ်ဆိုပြီး အားလုံးက ယူဆထားကြပါတယ်။

READ
ကမ္ဘာ့တေးဂီတနေ့အကြောင်း သိကောင်းစရာများ…

တောင်ကိုရီးယားရဲ့ ကမ္ဘာကျော် EXO အဖွဲ့ဝင်တွေတောင် ဟိုတယ်မှာ ပရိတ်သတ်တွေ တပ်သွားတဲ့ ကင်မရာကနေ ရိုက်ကူးခံရမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ဘယ်မှာမှ စိတ်မချရပါဘူး။

 

လျှပ်စစ်ပစ္စည်းတွေနဲ့ အသုံးအဆောင်များ

pixabay

လျှို့ဝှက် ကင်မရာတော်တော်များများ လျှပ်စစ်ဓာတ်အားနဲ့ လည်ပတ်ကြတာများပါတယ်။ ဒါကြောင့် တခြားသော လျှပ်စစ် ပစ္စည်းတွေနဲ့ တွဲချိတ်ထားတာမျိုးတွေ ရှိတတ်ပါတယ်။ ပန်ကာ၊ မီးခိုး ထောက်လှမ်းစက်၊ ခေါင်းအခြောက်ခံစက် အပြင် နှိုးစက်နာရီတွေနဲ့တောင် တွဲဆက်ထားတာမျိုးရှိပါတယ်။  သင့်အနေနဲ့ လမ်းကြောင်လွဲနေတဲ့ တပ်ဆင်မှုမျိုးတွေကို၊ အပိုချိတ်ဆက်မှုတွေကို သတိပြုမိတဲအခါ စစ်ဆေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။

 

မျက်စိနဲ့ တစ်တန်းတည်း မရှိတဲ့ အရာ၊ အပြင်အဆင်

pixabay

ဧည့်သည်တွေ သတိပြုမိဖို့ မလွယ်အောင်လို့ မျက်စိနဲ့ တစ်တန်းတည် မရှိတဲ့ အရာတွေ၊ အပြင်အဆင်ပစ္စည်းတွေထဲမှာ ၀ှက်ထားတတ်ကြတယ်။ သာမန် အရပ်အမြင့်အောက်မှာ ရောက်နေတဲ့ အင်္ကျီချိတ်တွေမှာ တပ်ဆင်ထားတဲ့ ကိစ္စတွေတောင်မှ ရှိပါတယ်။

ပန်းအိုးတွေ၊ အိုးစိုက် အပင်တွေကို သတိထားရမယ်၊ တကယ်လို့ အခန်းထဲ အက်ကွဲကြောင်း အပေါက်တွေရှိနေတယ်ဆိုရင် စစ်ကြည့်လိုက်ပါတော့။

READ
အအေးလွန်ကဲမှုကြောင့် ရေခဲအတိဖြစ်သွားခဲ့ရတဲ့ ဝေလနယ်မှ ရေတံခွန်ကြီး

 

ရေချိုးခန်း၊ အိပ်ခန်း

လျှို့ဝှက် ကင်မရာ တပ်ပါတယ်ဆိုကတည်းက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ပဲလေ။ များသောအားဖြင့်လည်း အာရုံ ခံစားမှုတွေ ပွင့်ထွက်ရာ၊ အတွင်းရေးကိစ္စတွေ ဆောင်ရွက်ရာ နေရာတွေမှာပဲ အစီအစဉ်တကျ တပ်ဆင်ထားလေ့ရှိပါတယ်။ ဒါကြောင့် ရေချိုးခန်း၊ အိပ်ခန်းတို့ဆို အလွန် သတိကြီးကြီးထားမှ ဖြစ်မှာပါ။ အင်္ကျီချိတ်၊ ကြည့်မှန်၊ ခေါင်းအခြောက်ခံစက်၊ မီးပလပ်ပေါက်တွေ၊ မီးအိမ်ဝန်းကျင်၊ အခန်း အလှအပြင်အဆင်တွေ၊ လျှပ်စစ်အသုံးအဆောင်တွေကိုလည်း စစ်ဆေးကြည့်ရပါမယ်။

လျှို့ဝှက် ကင်မရာ တော်တော်များများ ရိုက်ကူးနေစဉ်မှာဆို တိုက်ရိုက်ကြည့်ရှုနေတဲ့ ဗီဒီယိုတွေအပေါ် လှိုင်ကြိမ်နှုန်း သက်ရောက်မှုရှိပါတယ်။ ဟိုတယ်မှာ နေတုန်းတွေ့ရင် ချက်ချင်း ထိန်းသိမ်းရေးပိုင်းကို အကြောင်းကြားပါ၊ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းကို ဆက်သွယ်ပြီး အခြေအနေကို စစ်ဆေးခိုင်းပါ။ တည်းခိုခန်း၊ ဂေဟာလို အသေးစားမှာဆိုရင်တော့ အကူကို ချက်ချင်ခေါ်ပါ၊ အဖြစ်များဆုံးကလည်း ဒီလိုမျိုး ခေတ္တတဖြုတ်နေလို့ရပြီး သက်သာတဲ့နေရာတွေမှာ ပါပဲ။ ဒါကြောင့်မို့ နောင်လာမယ့် ဧည့်သည်တွေ ဘေးကင်းလုံခြုံမှုဖို့အတွက် လက်ရှိ ဧည့်သည်ဖြစ်တဲ့ သင့်မှာ တာဝန်ရှိပါတယ်။

Matthew (ShweMOM)

SHARE