ရောဂါဖြစ်နေတဲ့ ဇနီးသည်ကို စွန့်ခွာချင်ပြီမို့ ဘယ်လိုဖွင့်ပြောသင့်ပါသလဲ … ?

Dear Shwemom …

ကျွန်တော် စာရေးလိုက်ပါတယ်။ ကျွန်တော်က အသက် 40 ပါ။ ကျွန်တော့်မိန်းမက အသက် 41 နှစ်ရှိပြီ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ထားတာ 9 နှစ် ကျော်သွားပါပြီ။ အခုဆို သူဟာ …..ရောဂါနဲ့ အိပ်ယာထဲ လဲနေရပါတယ်။ 18 လ
ကြာသွားပြီ ဒီရောဂါမှန်း သိတာ။ ကျနော်ကလည်း ဒီကြားထဲမှာ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဘက် အမျိုးသမီးတစ်ယောက်
နဲ့ မေတ္တာမျှခဲ့ကြပါတယ်။

ဒီအချိန်မှာ ရောဂါသည် လက်ရှိဇနီးသည်ကို ကျွန်တော် ပေါင်းသင်းလိုစိတ် မရှိတော့ပါဘူး။ ဒါပေမယ့် သူ့မှာ ရောဂါကြီးနဲ့မို့ ဒီအချိန်မျိုးမှာ ဒါသွားပြောရင် ကျွန်တော် လူမဆန်ရာ အတော်ကျမှာပါ။ ပတ်ဝန်းကျင်ကလည်း ကျနော့်ကို လက်ညှိုး
ထိုးပြီး ပြစ်တင်ဝေဖန်ကြပါလိမ့်မယ်။ ပြောတာကတော့ ပြောမှာပါဘဲ … ဘယ်လို ပြောရမလဲဆိုတာ အကြံပေးပါဦး။

READ
ပထွေးရန်ကို ဘယ်လိုရှောင်ရမလဲ .... ???

Shwemom မှ ပြန်လည် ဖြေကြားလိုက်ပါတယ် …

အိမ်ထောင်တစ်ခုကို စတင်တည်ထောင်ပြီးလို့ ဖျက်သိမ်းမယ်ဆိုရင် ကိုယ့်တစ်ယောက်အတွက်ပဲ မှန်နေလို့ မရပါဘူး။ တကယ်ဖြစ်သင့်တာက အိမ်ထောင်သည်ဘ၀ကို စတင်ခံယူလိုက်ပြီဆိုကတည်းက လောကဓံကို ခံစရာရှိတာ အတူခံပြီး၊ စံစရာရှိတာ အတူတူ စံမယ်ဆိုတဲ့ စိတ်ကူးမျိုး ရှိခဲ့သင့်ပါတယ်။ အခုလို နာမကျန်းချိန်ရောက်မှ စိတ်အားအလွန်ငယ်နေတဲ့ ဇနီးသည်ကို စွန့်ပစ်ဖို့ဆိုတာ ခံရသူဘက်ကတွေးရင်တော့ အလွန်အသည်းနာစရာ ကောင်းပါလိမ့်မယ်။

အဖြစ်သင့်ဆုံးကတော့ ဇနီးသည် မသေခင်မှာ သူ့ကို ဘယ်လိုစိတ်ချမ်းသာအောင် ထားရမလဲဆိုတဲ့ မေးခွန်းက ဒီလိုအချိန်မှာ သင် အမေးသင့်ဆုံး မေးခွန်းပါဘဲ။ ဒါပေမယ့် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ကင်ဆာရောဂါသည်တစ်ယောက်မို့
သင် အချိန်ကာလတစ်ခုအထိ သည်းခံပေးရုံပါဘဲ။ ဒီကြားထဲမှာ သင့်ရဲ့ လင်သားဝတ္တရား ကျေပွန်မှု၊ ချစ်ခင်မြတ်နိုးမှု၊
လေးစားတန်ဖိုးထားမှုလေးတွေ မပြချင်ဘူးလားလို့ ကာယကံရှင်ကိုယ်စား မေးလိုက်ချင်ပါတော့တယ်။

READ
ပထမရည်းစားရဲ့ရန်ကို ဘယ်လို ကာကွယ်ရမလဲ ... ?

ရောဂါသည်တစ်ယောက်ကို ပိုပြီးခံစားရစေနိုင်တဲ့ မေးခွန်းမျိုးကို ဘယ်လိုမေးမေး ခံစားရမှာကတော့ အမှန်ပါဘဲ။ ဒါ
ကြောင့် ခဏလောက်သည်းခံပြီး လူသားဆန်မှုနဲ့အတူ တာဝန်ကျေအောင် ပြုစုဖို့ ကြိုးစားကြည့်ပါလားလို့ တိုက်တွန်းချင်
ပါတယ်။

လေးစားစွာဖြင့် …

Shwemom

SHARE