Lisa Manoban ကို Blackpink အဖွဲ့ဝင်တစ်ယောက်အဖြစ် စတင်မိတ်ဆက်ပေးကတည်းက သူမရဲ့ ရက်ပ်စကေးနဲ့ ကကွက်တွေကြောင့် Lisa ဟာ ပရိသတ်တွေရဲ့အသဲနှလုံးကို အလျင်အမြန်သိမ်းပိုက်နိုင်ခဲ့သူဖြစ်လာပါတယ်။ သူမဟာ ရှိုးပွဲ၊ ဖျော်ဖြေပွဲတွေမှာ သီဆိုဖျော်ဖြေရတဲ့အပြင် ကမ္ဘာကျော်brand တွေရဲ့မျက်နှာတစ်ခုလည်းဖြစ်လို့နေပါတယ်။ မကျော်ကြားခင်ကတည်းက Lisa ဟာ လူကုန်ထံအသိုင်းအဝိုင်းက လာတာဖြစ်ပါတယ်။ အခုအခါမှာတော့ scmp ကတဆင့် Lisa ဟာ သူမရှာဖွေရရှိထားတဲ့ ငွေတွေကို ဘယ်နေရာမှာ အသုံးပြုလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
Lisa ရဲ့ပထွေးဟာ လူသိများတဲ့စားဖိုမှုးတစ်ယောက်ဖြစ်ပြီး ဘန်ကောက်မှာ စားဖိုမှုးသင်တန်းကျောင်းဖွင့်လှစ်ထားပါတယ်။ သူမဟာ Blackpink ထဲ ကိုရီးယားလူမျိုးမဟုတ်တဲ့ တစ်ဦးတည်းသောသူဖြစ်ပါတယ်။ Lisa ဟာ ထိုင်းနိုင်ငံမှာပဲနေထိုင်ကြီးပြင်းခဲ့ပြီး အသက်၁၄ နှစ်မှာ YG Entertainment နဲ့တွေ့ဆုံခဲ့ပါတယ်။ သူမရဲ့ ပထွေးကတော့ စားဖိုမှုးကြီး Marco Brüschweiler ဖြစ်ကာ ကမ္ဘာတစ်လွှားမှာရှိတဲ့ နာမည်ကြီးဟိုတယ်တော်တော်များများမှာ စားဖိုမှုးအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူမဟာ Blackpink ထဲမှာ ပိုက်ဆံအရှာနိုင်ဆုံးလို့ဆိုကြပါတယ်။ Lisa ဟာ Blackpink အဖွဲ့ဝင်တစ်ယောက်ချင်းစီအတွက် အေဂျင်စီကပေးတဲ့သတ်မှတ်ကြေးရရှိသလို နာမည်ကျော် brand အမှတ်တံဆိပ်တွေနဲ့လက်တွဲပြီးလည်း အဲ့ဒီကနေ အပိုဝင်ငွေထပ်ရရှိပါတယ်။ သူမရဲ့ခန့်မှန်းခြေအသားတင်အမြတ်မှာ အမေရိကန်ဒေါ်လာ ၁၀သန်းရှိပြီး အခြားအဖွဲ့ဝင်တွေထက် ၁-၂ သန်းပိုရှာနိုင်သူ ဖြစ်ပါတယ်။
Lisa ဟာ ဖက်ရှင်အမြင်အားကောင်းသူဖြစ်ပြီး တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေကို နှစ်သက်သူလည်း ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာတစ်ခွင်ကိုဈေးဝယ်ထွက်လေ့ရှိပါတယ်။ သူမရဲ့ အဖွဲ့ဝင်တွေနဲ့အတူတူ အဝတ်အထည်ဆိုင်ပေါင်းစုံကို လည်ပတ်တာမျိုးလည်း မကြာခဏလုပ်တတ်ပါတယ်။ သူမမှာ အိတ်တွေအများကြီးရှိပြီး အိတ်တွေချည်းပဲတင် စုစုပေါင်း ဒေါ်လာ ၈၃,၀၀၀ တန်ဖိုးရှိတယ်လို့ မီဒီယာတွေက ခန့်မှန်းပါတယ်။
Blackpink ရဲ့အခြားအဖွဲ့ဝင်တွေကတော့ Lisa ဟာ သူတို့ထဲမှာအရက်ရောဆုံးသူပါလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ ကိုရီးယားရေဒီယိုရှိုးတစ်ခုဖြစ်တဲ့ Volume Up နဲ့ အင်တာဗျူးမှာတော့ Jisoo က အခုလိုဖြေခဲ့ပါသေးတယ်။ “Lisa က ကျွန်မတို့အတွက် အစားအသောက်တွေ အများကြီးဝယ်လာတတ်တယ်။ သူက အစားအသောက်မှာတဲ့ app တစ်ခုကို မှတ်ပုံတင်ထားတယ်။ အစားအသောက်မှာတိုင်းလည်း သူပဲငွေရှင်းလိုက်တာပါ။ သူ့ကြောင့် ကျွန်မတို့ အရသာရှိတာတွေ ကောင်းကောင်းစားရပါတယ်။ Lisa ကိုကျေးဇူးတင်ပါတယ်။”
Lisa ဟာ သူမရဲ့ကြွယ်ဝမှုကို Blackpink အဖွဲ့ဝင်တွေနဲ့တင် မျှဝေတာမဟုတ်ပါဘူး။ သူမဟာ အလှူအတန်းလည်း ရက်ရောသူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း သူမဟာ သူမရဲ့ ဇာတိ Buriram မှာရေကြီးတုန်းက ရေဘေးဒုက္ခသည်တွေကို ဘတ်၁သိန်း(အမေရိကန်ဒေါ်လာ ၃၀၀၀) လှူဒါန်းခဲ့တယ်လို့လည်း သိရပါသေးတယ်။
ShweMom