ဝက်သားမကျက်တကျက်ကို စားပြီး ဦးနှောက်ထဲ ပိုးရောက်သွားခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

အိန္ဒိယနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ မကျက်တကျက် ချက်ပြုတ်ထားတဲ့ ၀က်သားကို စားပြီးနောက်ပိုင်း ၀က်သားထဲမှာပါတဲ့ကပ်ပါးပိုး ဦးနှောက်ထဲရောက်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူအမျိုးသားဟာ အသက်(၁၈) နှစ်အရွယ် အမည်မသိအမျိုးသားတစ်ဦးဖြစ်ပါတယ်။ သေဆုံးသူဟာ တက်ပြီး သတိမေ့သွားခဲ့ရာက သူ့ကို ဆေးရုံပို့ပေးခဲ့ကြတာပါ။

MRI ဦးနှောက်စကန်ဖတ်ကြည့်တဲ့အခါမှာတော့ ၄င်းအမျိုးသားရဲ့ ဦးနှောက်မှာ ပြည်တွေတည်နေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ neurocysticercosis ဖြစ်နေတာကို တွေ့လိုက်ရတာပါ။ ဦးနှောက်ရဲ့ အပြင်ပိုင်းအလွှာမှာ ပြည်ဖုတွေ အများကြီးရှိနေတဲ့အပြင် ဦးနှောက်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး လူ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အပြန်အလှန်သတင်းပေးပို့နေတဲ့ ဦးနှောက်ပင်စည်မှာလည်း အနာတွေဖြစ်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ ၀က်သားထဲမှာပါတဲ့ တုတ်ပြားကောင်ကြောင့် ဖြစ်ရတာပါ။

မကျက်တကျက်ချက်ပြုတ်ထားတဲ့ ၀က်သားတွေမှာ တုတ်ပြားကောင်ဥတွေ ပါလာတတ်ပြီး ၄င်းဥတွေကို လူတွေဟာ အစားအသောက်ကနေတဆင့် မြိုချမိတဲ့အခါ neurocysticercosis ဖြစ်ပါတယ်။ တုတ်ပြားကောင်ဥတွေဟာ ခန္ဓာကိုယ်ထဲ ရောက်သွားပြီး တုတ်ပြားကောင်တွေဟာ လူရဲ့ ဗဟိုဦးနှောက်အာရုံကြော စနစ်ထဲကို ကျူးကျော်ဝင်ရောက် လာပါတယ်။ ဒီအခါ လူဟာ အကြောဆွဲကာ ဆန့်ငင်ဆန့်ငင်နဲ့ တက်သွားပြီး ဒုက္ခများရတာပဲ ဖြစ်ပါတယ်။

READ
အမြဲတမ်းမောပမ်းနေသလိုခံစားရသည့်အကြောင်းအရင်းနှင့်ဖြေရှင်းနည်းများ
dailymail

ဖော်ပြပါ အမည်မသိ အမျိုးသားကတော့ ဆရာဝန်တွေ အကောင်းဆုံးကုသနေတဲ့ ကြားကပဲ (၂) ပတ်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ ၄င်းအမျိုးသားကို ကုသပေးခဲ့သူကတော့ ESI ဆေးကောလိပ်က ဆရာဝန်နီရှန်ဒေ့ဗ်ဆိုသူပါ။ ဆရာဝန်နီရှန်က လူနာဟာ တက်ပြီးတဲ့အခါမှာ သူ့ဆီကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အကြောအချဉ်တွေ တောင့်တင်းပြီး တက်ခြင်းဟာ (၁)မိနစ်ကနေ (၃) နှစ်အတွင်း ကြာရှည်လေ့ရှိကြောင်း နီရှန်က ဆိုပါတယ်။ တကယ်လို့သာ (၅) မိနစ်အထက် တက်နေပြီဆိုရင်တော့ အမြန်ဆုံးအသက်ကယ်ဆယ်ရေးကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ၄င်းအမျိုးသားကိုတော့ ဆရာဝန်တွေဟာ အရောင်ကျဆေး၊ အတက်ကျဆေးနဲ့ ဦးနှောက်ပြည်တည်နာပျောက်ဆေးတွေကို ပေးပြီး အစွမ်းကုန်ကုသခဲ့ပေမယ့် ၀မ်းနည်းဖွယ်ရာပဲ ၄င်းအမျိုးသားဟာ ဆေးမတိုးတော့ပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE