နာမည်ကြီး လူသိများတဲ့ ဆယ်လီစုံတွဲတွေ ဘယ်လိုပုံစံမျိုးနဲ့ ဖူးစာဆုံခဲ့တာလဲ ….

Wikimedia Commons

ဒိတ်တယ်ဆိုတာ အပြောကလွယ်သလောက် လက်တွေ့မှာတော့ ထင်သလောက်မလွယ်ကူပါဘူး။ ကိုယ့်အတွက် Right Person ဟုတ်လားမဟုတ်လားကို ကံစမ်းမဲနှိုက်ရသလိုပါပဲ။ ဒါက ကိုယ်တွေလို သာမန်လူတွေပဲ မဟုတ်ပဲ နာမည်ကြီး သရုပ်ဆောင်တွေလဲ အတူတူပါပဲ။ မထင်မှတ်ပဲ အပျော်သဘော ဒိတ်ရင်းနဲ့ လက်တွဲဖော်ဖြစ်သွားတဲ့ နာမည်ကြီးအတွဲတွေ ဖော်ပြရမယ်ဆိုရင်တော့

David Beckham နဲ့ Victoria Beckham

 

 

View this post on Instagram

 

Afternoon walk ♥️ @victoriabeckham

A post shared by David Beckham (@davidbeckham) on

Spice Girls အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Victoria Beckham ကတော့ ခင်ပွန်းဖြစ်သူ David Beckham ကို မြင်မြင်ချင်းထဲက စချစ်ခဲ့တာပါဆိုပြီး ၀န်ခံခဲ့ပါတယ်။ Manchester United ဘောလုံးအသင်းရဲ့ Old Trafford Stadium Lounge မှာ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တည်းက ချက်ချင်းရင်းနှီးခဲ့တာ ဖြစ်ကြပါတယ်။ မြင်မြင်ချင်းချစ်မိတယ်ဆိုတာ အပြင်မှာ တကယ်ရှိပါတယ်ဆိုပြီး Victoria က (၂၀၁၆)ခုနှစ်တုန်းက British Vogue ကိုပြောကြားခဲ့ပါတယ်။  သူတို့စုံတွဲကတော့ (၁၉၉၉)ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ကလေး ၄ ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစုလေး ပိုင်ဆိုင်နေပါပြီ။

Tom Brady နဲ့ Gisele Bündchen

စူပါမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Gisele Bundchen ကတော့ သူမရဲ့ ယောင်္ကျားဖြစ်သူ Tom Brady ကို စတွေ့ထဲက သူမရဲ့ ဖူးစာရှင်ဆိုတာကို ချက်ချင်းသိခဲ့တယ်လို့ Vantiy Fair ကို ပြောကြားခဲ့ဖူးပါတယ်။ သူတို့နှစ်ဦး စုံတဲ့အချိန်မှာ Brady က ချစ်သူရှိနေပြီသား လူတစ်ယောက်ပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်မှုကြောင့် သိခဲ့တာ ဖြစ်ပြီး Brady ရဲ့ နှုတ်ဆက်အပြုံးလေးက အရမ်းကို ကြည့်လို့ ကောင်းခဲ့ပါတယ်တဲ့။ (၃)နာရီကြာ စကားပြောပြီး အိမ်ပြန်ဖို့ကိုတောင် မပြန်ချင်လောက်တဲ့အထိ ဖြစ်ခဲ့တာပါဆိုပြီး ပြောပြခဲ့ပါတယ်။ လူချင်း စသိတဲ့ရက်ထဲက တစ်ရက်မပျက် စကားပြောဖြစ်ပြီး (၂၀၀၉) ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။  

Prince William နဲ့ Kate Middleton

 

တက္ကသိုလ်တစ်ခုထဲ အတူတူတက်ခဲ့တဲ့ William နဲ့ Kate တို့ စုံတွဲကတော့ Royal Biographer ဖြစ်တဲ့ Katie Nicholl ရဲ့ ပြောကြားချက်အရ  တက္ကသိုလ်မတက်ခင်ထဲက တွေ့ခဲ့တာပါတဲ့။ Kate က William ကို သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ကျောင်းမတက်ခင် သိခဲ့ပြီး တက္ကသိုလ်မှာတော့ ရည်းစားတွေ ဖြစ်ခဲ့ပါတယ်။ (၂၀၁၁)ခုနှစ် ဧပြီလမှာ လက်ထပ်ခဲ့ပြီး အခုချိန်မှာတော့ ချစ်စဖွယ် ရင်သွေးလေး(၃)ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါပြီ။

Jay-Z နဲ့ Beyoncé 

 

View this post on Instagram

 

A post shared by Beyoncé (@beyonce) on

Beyonce ကတော့ Jay-Z နဲ့ စတွေ့ခဲ့တာ သူမအသက် (၁၈) နှစ် ( ၁၉၉၉-၂၀၀၀) ၀န်းကျင်က အင်တာဗျူးတစ်ခုမှာလို့ ပြောခဲ့ဖူးပါတယ်။  Jay-Z နဲ့ Beyonce က ဖုန်းပြောဖော်ပြောဖက် သူငယ်ချင်းအဖြစ် အချိန်အကြာကြီး ဖြတ်သန်းခဲ့ပြီးမှာ (၂၀၀၁)ခုနှစ်မှာ စပြီး ဒိတ်ခဲ့ကြတာ ဖြစ်ပါတယ်။ (၂၀၀၈) ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။

Michelle Obama နဲ့ Barack Obama

အမေရိကန်ရဲ့ ပထမဆုံးလူမည်း သမ္မတဖြစ်ခဲ့တဲ့ Barack Obama နဲ့ ဇနီးဖြစ်သူ Michelle တို့ကတော့ လုပ်ငန်းခွင်မှာ တွေ့ခဲ့ကြတာပါ။ Michelle က Barack ရဲ့ အလုပ်မှာ Mentor တစ်ယောက်ဖြစ်ခဲ့ပါတယ်တဲ့။ နှစ်ယောက်လုံးက Harvard တက္ကသိလ်ုထွက်တွေမို့ ရုံးက လူတွေက အတူတူ တွဲပေးခဲ့တာဖြစ်ကြောင်းလည်း Michelle က ပြောခဲ့ဖူးပါတယ်။ သူတို့ နှစ်ဦးကတော့ (၁၉၉၂)ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးလေး(၂)ယောက်လည်း ရှိပါနေပါပြီ။

Prince Harry နဲ့ Meghan Markle

တော်ဝင်မင်းသားတွေရဲ့ ဇနီးလောင်းတွေနဲ့ တွေ့ဆုံခန်းကို လူအများစုက နန်းတော်ထဲမှာ လက်ဖက်ရည် တူတူသောက်ရင်း တွေ့ကြမယ်လို့ပဲ ထင်ကြမှာပါပဲ။ Prince Harry နဲ့ Meghan Markle ကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အောင်သွယ်မှုကြောင့် ဖူးစာပါခဲ့တာ ဖြစ်ပါတယ်။ Meghan ကတော့ အမေရိကန်နိုင်ငံသူဖြစ်တာကြောင့် တော်ဝင်မင်းသားနဲ့ တွဲမှပဲ ကမ္ဘာအနှံ့က လူတွေရဲ့ တော်ဝင်မိသားစုအပေါ် အာရုံစိုက်မှုကို အခုမှ လက်တွေ့ခံစားဖူးပြီလို့လည်း ၀န်ခံခဲ့ဖူးပါတယ်။ (၂၀၁၈)ခုနှစ် မေလမှာ လက်ထပ်ခဲ့ပြီး သားဖြစ်သူ Archie ကို မွေးဖွားခဲ့ပြီး ဖြစ်ပါတယ်။

Zayn Malik နဲ့ Gigi Hadid

 

View this post on Instagram

 

baby daddy ☺️

A post shared by Gigi Hadid (@gigihadid) on

One Direction အဖွဲ့ဝင်ဟောင်း Zayn Malik နဲ့ Victoria Secret Model တစ်ဦးဖြစ်တဲ့ Gigi Hadid တို့ကတော့ လိုက်ဖက်ညီပြီး လူချစ်လူခင်ပေါတဲ့ စုံတွဲ ဖြစ်ပါတယ်။ Zayn ကတော့ Gigi ကို (၂၀၁၅)ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ Victoria Secret ဖက်ရှင်ရှိုးရဲ့ After Party မှာ စတွေ့ခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။ အဲ့ဒီအချိန်က Zayn ဟာ ချစ်သူဟောင်းဖြစ်တဲ့ အဆိုတော် Perrie Edwards နဲ့ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့ချိန်ပါ။ Gigi ကတော့ After Party မတိုင်ခင်ထဲက တွေ့ခဲ့ကြတာပါလို့ ပြောခဲ့ပါတယ်။ ဘယ်အချိန်မှာပဲ တွေ့ခဲ့တွေ့ခဲ့ အခုချိန်မှာတော့ နှစ်ယောက်စလုံးဟာ ချစ်သူဘ၀ကနေ မိသားစုဘ၀ကို လျှောက်လှမ်းတော့မှာပဲ ဖြစ်ပါတယ်။ 

TPS

SHARE