ဟောင်ကောင်ရဲ့ သံလှောင်ချိုင့် တိုက်ခန်းတွေနောက်ကွယ်က စိတ်ဝင်စားဖွယ်အကြောင်းများ

© Society for Community Organization / youtube , © FAILORBIT / youtube , © Техно / youtube

ဟောင်ကောင်ဟာ လူဦးရေ ထူထပ်သိပ်သည်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ လူဦးရေအများစုက လှောင်အိမ်ကြီးတွေနဲ့တောင် တူနေသေးတဲ့ မိုးမျှော်တိုက်ကြီးတွေမှာ နေထိုင်ကြပါတယ်။ ဒီမိုးမျှော်တိုက်ကြီးတွေကို လူတိုင်းမြင်ဖူးမှာ ဖြစ်ပေမယ့် တိုက်ကြီးတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေတယ်ဆိုတာကိုတော့ လူအနည်းငယ်လောက်ပဲ သိကြပါတယ်။

အခုအခါမှာတော့ ဟောင်ကောင်နေ ပြည်သူတွေ နေထိုင်ရတဲ့ တိုက်ခန်းတွေအကြောင်းကို Brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အောက်မှာ တွေ့ရမှာကတော့ ဟောင်ကောင်က လှောင်ချိုင့်သဏ္ဍာန်အိမ်တွေပဲ ဖြစ်ပါတယ်။ တိုက်ခန်းတွေဟာ စတုရန်း တစ်မီတာကို ပျမ်းမျှ ဒေါ်လာ (၂၈, ၅၇၀) ရှိပါတယ်။ ဒီတိုက်ခန်းတွေမှာတော့ ၀င်ငွေပမာဏပေါ်မူတည်ပြီး လူတွေနေထိုင်တဲ့ တိုက်ခန်းတွေက အမျိုးအစားတွေ ကွာခြားသွားပါတယ်။ များသောအားဖြင့် တိုက်ခန်းအမျိုးအစားက (၄) မျိုး ရှိပါတယ်။

ဆင်းရဲသူတွေအတွက် အဆောင်

© Virtual Hong Kong: New World, Old Traditions / youtube

ဟောင်ကောင်လူဦးရေရဲ့ (၂၀) ရာခိုင်နှုန်းကျော်ဟာ လူဦးရေ (၁.၅) သန်း နီးနီး ရှိပါတယ်။ ဒီလူတွေဟာ သာမန်ထက် ပိုနွမ်းပါးကြပါတယ်။ သူတို့တွေနေထိုင်တဲ့ အဆောင်တွေဆိုရင် တိုက်ခန်းတစ်ခန်းမှာ လူအယောက် (၂၀) လောက် နေရလေ့ရှိပါတယ်။ တစ်ယောက်စီကို လှောင်အိမ်လိုမျိုး ကန့်ထားတဲ အခန်းတစ်ခန်းဆိုရင် လက်မ (၇၀) နဲ့ (၂၄) လက်မခန့်ပဲ ရှိပါတယ်။ အခန်းထဲမှာလည်း များများစားစား ဘာမှ ထည့်သိမ်းလို့ မရပါဘူး။ မရှိမဖြစ် ပစ္စည်းတွေလောက်ပဲ ထားလို့ရပါတယ်။ ဒီလို နှာခေါင်းပေါက်သာသာ အဆောင်ခန်းတစ်ခန်းအတွက် တစ်လကို ဒေါ်လာ (၁၈၀-၂၀၀) လောက် ပေးရပါတယ်။

READ
အမေရိကန် ပြည်နယ်အသီးသီးက ချစ်စရာကောင်းတဲ့ မြို့တော်ဝန်လေးများ

ဘုံအသုံးပြုရတဲ့ တိုက်ခန်းများ

© Vox / youtube

အရမ်းငွေကြေးချို့တဲ့တာမျိုး မဟုတ်ပေမယ့် နေဖို့ထိုင်ဖို့ အရမ်းကြီး ငွေမသုံးနိုင်တဲ့သူတွေကတော့ ဒီလိုတိုက်ခန်းမျိုးတွေမှာ နေထိုင်ကြပါတယ်။ ဒီတိုက်ခန်းတွေမှာတော့ အများသုံးမီးဖိုးဆောင်တစ်ခုနဲ့ အိမ်သာတစ်လုံး ပါပါတယ်။ တိုက်ခန်းတစ်ခန်းမှာ အခန်းလေးတွေ (၅-၆) ခန်းလောက် ပါပါတယ်။ ဒါပေမယ့် အခန်းအများစုဟာ အိပ်ရာတစ်လုံးတည်းသာ ကောင်းကောင်းဝင်ဆန့်ပါတယ်။ ကံကောင်းရင်တော့ ဗီရိုလေးတစ်လုံးလောက် ထားလို့ရနိုင်ပါတယ်။ ဒါကြောင့် အခန်းထဲ နေသူတွေအဖို့တော့ ကိုယ်ပိုင်ပစ္စည်းပစ္စယတွေကို နံရံမှာသာ ချိတ်ထားရတာ များပါတယ်။ ဒီအခန်းတွေကတော့ တစ်လကို ဒေါ်လာ (၅၀၀) လောက် ပေးရပါတယ်။

လူငယ်တွေအတွက် အခန်းကျဉ်းကျဉ်းလေးများ

© VOA News / youtube

ဟောင်ကောင်မှာ အမှီိခိုကင်းကင်းနဲ့ ဘ၀ရပ်တည်ဖို့ဆိုတာ မလွယ်သလောက်ပါပဲ။ အခန်းတစ်ခန်းငှားမယ်ဆိုရင် စရိတ်စက တော်တော်ကုန်ကျပါတယ်။ မြို့ပြင်မှာ အိမ်ငှားနေမယ်ဆိုရင်တောင် တစ်လကို ဒေါ်လာ (၁၆၅၀) လောက်တော့ ပေးရမှာပါ။ ဟောင်ကောင်နေ ပျမ်းမျှ အမျိုးသားတစ်ဦးရတဲ့ လစာဟာ ဒေါ်လာ (၂၅၀၀) ဖြစ်ပြီး အမျိုးသမီးကတော့ (၁၉၀၀) ဖြစ်တဲ့အတွက် ဘယ်လိုမှ အိမ်အလုံးလိုက်ကြီး ငှားဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူငယ်တွေကတော့ သူတို့တစ်ကိုယ်ရည် နေထိုင်ဖို့အတွက် လှုပ်ရှားဖို့တောင် ခက်ခဲတဲ့အခန်းကျဉ်းလေးတွေမှာ နေထိုင်ဖို့ပဲ တတ်နိုင်ကြပါတယ်။ ဒီလိုအခန်းမျိုးတွေမှာတော့ အများစုဟာ မီးဖိုဆောင်တောင် မပါကြပါဘူး။

READ
မိခင်တစ်ဦးပြောပြခဲ့တဲ့ လူတိုင်းလုပ်နိုင်မယ့် အလွယ်ကူဆုံးပိုက်ဆံစုနည်း

လူလတ်တန်းစားတွေအတွက် တိုက်ခန်းလေးများ

© Seth Neeley / youtube
© Chris Quimbo / youtube

အလုပ်အဆင်ပြေတဲ့ လူလတ်တန်းစားတွေအဖို့မှာတော့ ဒီလိုလှောင်အိမ်တိုက်ခန်းတွေကို ငှားပြီးနေထိုင်နိုင်သူတွေရှိသလို တစ်ချို့ဆိုရင်လည်း အခန်းတွေတောင် ပိုင်ကြပါတယ်။ ဒါပေမယ့် အခန်းလေးတွေက တော်တော့်ကို သေးလွန်းပါတယ်။ စတုရန်းပေ (၂၁၅-၂၇၀) ရှိတဲ့ နေရာလေးထဲမှာ လူ (၄-၅) ယောက် ပြွတ်သိပ်ပြီး နေထိုင်ရတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ မိသားစုဝင်တွေမှာ ကိုယ်ပိုင်အိပ်ခန်းတွေတောင် မရှိပဲ နေထိုင်ကြရတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE