အီဗရာဟီမိုဗစ်ခ်ျရောက်လာရင် ပြောင်းလဲသွားမယ့်မန်ယူအသင်းရဲ့Line-up

ဆွီဒင်ကစားသမားဖြစ်တဲ့ ကမ္ဘာကျော်တိုက်စစ်မှုး အီဗရာဟီမိုဗစ်ခ်ျကတော့ နောက်ရာသီမှာ မန်ယူအသင်းကိုပြောင်းလာ
တော့မှာဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ကစားကွက်မှာ အီဗရာဟီမိုဗစ်ခ်ျကိုထည့်လိုက်ရင် ကစားကွက်ဘယ်လိုပြောင်းသွားနိုင်
မလဲဆိုတာကို Goal.comက သုံးသပ်ခဲ့ပါတယ်။

1

ဒီကစားကွက်ကတော့ ၄ ၃ ၃ ပုံစံဖြစ်ပြီး လက်ရှိလူစာရင်းအရခန့်မှန်းထားတာပါ။ မာတာ၊ဒီပေး၊ ရှနိုက်ဒါလင်တို့တော့
ဒီကစားကွက်မှာ ပါမလာပါဘူး။ မာရှယ်ရော ၊မာခစ်တာရန်ရောဟာ ၁၈ကိုက်ထဲပြေးဝင်တတ်တဲ့ကစားသမားတွေဖြစ်
လို့ မိုဗစ်ခ်ျကစားကွက်ချောင်မှာပါ။ ရူးနီကတော့ တိုက်စစ်မှုးနေရာရဖို့ မလွယ်တော့ပါဘူး။ ကစားကွက်ပုံဖော်တဲ့ပေါလ်
စခိုးတို့လိုပုံစံဖြစ်သွားပါလိမ့်မယ်။

2

ဒီကစားကွက်ကတော့ 4–2-3-1ဖြစ်ပြီး ရူနီက ကွင်းလယ်က အချိတ်အဆက်ဖြစ်လာပါမယ်။ မာတာနေရာပြန်ရမယ့် ကစားကွက်ပါ။ ဒါပေမယ့် မော်ရင်ဟိုက အခြားကစားသမားလည်းခေါ်နိုင်ပါသေးတယ်။ ရက်ရှ်ဖို့နဲ့ ဒီပေးကတော့ အစပိုင်း
မှာ အရံခုံထိုင်ရမယ့် သဘောမှာရှိပါတယ်။

3

ဒီကစားကွက်ကတော့   4-3-1-2ဖြစ်ပြီး တိုက်စစ်ဖွင့်ဆော့တဲ့ ပွဲမျိုးတွေမှာသုံးနိုင်ပါတယ်။ မာရှယ်နေရာမှာ ရက်ရှ်ဖို့ဒ်
ကိုလည်း ထားနိုင်ပါတယ်။ရူးနီကလည်း တိုက်စစ်ကိုကူပေးတဲ့နေရာမျိုးမှာ ဆော့ရပါလိမ့်မယ်။ မိုဗစ်ခ်ျကိုတော့ ပွဲတိုင်း
သုံးဖို့မရှိပါဘူး။ အသက်၃၅ဖြစ်နေပြီဖြစ်တဲ့အတွက် ပွဲတိုင်းတော့ ကစားစေမှာမဟုတ်လောက်ပါဘူး။ အနားပေးလိုက်
လူငယ်တွေကို အခွင့်အရေးပေးလိုက် လုပ်ဖို့ရှိပါတယ်။

READ
၁၂-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Source:goal.com

Shwemom

SHARE