အလုပ်လက်မဲ့ဘဝမှ တစ်နှစ်ပေါင်တစ်သန်းဝင်ငွေရှိတဲ့ ချောကလက်လုပ်ငန်းပိုင်ရှင်ဖြစ်လာခဲ့သူ

အင်္ဂလန်နိုင်ငံ ဘတ်မြို့တွင်နေထိုင်တဲ့ ကလေးနှစ်ယောက်မိခင် ဖလို ဘရောတန်ဟာ ၂၀၀၃ ခုနှစ်မှာ Choc on Choc ဆိုတဲ့ ချောကလတ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။သူမဟာ အလုပ်လက်မဲ့ ဂရပ်ဖစ်ဒီဇိုင်းနာတစ်ယောက်ဖြစ်ပြီး သူမဖခင်ဖြစ်သူ ကားလ်ဒန်ဒလော့နဲ့စတင်လုပ်ကိုင်ခဲ့တဲ့ ချောကလတ်လုပ်ငန်းဟာ ယခုဆိုရင်တစ်နှစ်ရောင်းရငွေ ပေါင် တစ်သန်းကျော်ရှိတာဖြစ်ပါတယ်။

ff

ဒီဇိုင်းထူးခြားလှတဲ့ သူမရဲ့ ချောကလတ်တွေကိုလက်ဖြင့်သာ ပြုလုပ်ထားတာဖြစ်ပြီး အခုဆိုရင် အင်္ဂလန်နိုင်ငံက လက်လီအရောင်းစတိုးတွေဖြစ်တဲ့ Harrods,John Lewise နဲ့ Waitrose စတဲ့ စတိုးတွေအထိရောင်းချနိုင်ခဲ့ပါတယ်။

d

ဒီချောကလတ်တွေကို ဒီဇိုင်းပေါင်း ၂၀၀ ကျော်အထိပြုလုပ်ခဲ့ပြီး လက်ရာကောင်းမွန်မှုကြောင့် စားသုံးသူများအကြားနာမည်ကြီးခဲ့ပြီး အသက် ၃၇ နှစ်ရှိသူ ဖလိုကတော့ ” ၂၀၀၃ ခုနှစ် ခရစ္စမတ်နေ့မှာ ကျွန်မတို့ မိသားစုအတွက် ချောကလတ်လုပ်နေတုန်း ဒီစိတ်ကူးရလာတာပါ။အဲ့ဒါနဲ့ ကျွန်မတို့ ဘာမင်ဂမ် လက်မှုပညာပြပွဲမှာ ချောကလတ် ဒီဇိုင်း နည်းနည်းယူသွားပြီးပြကြည့်တော့လက်လီစတိုး Harrods က ကျွန်မတို့ ချောကလတ်တွေကို စိတ်ဝင်စားခဲ့ပါတယ်။ကျွန်မတို့ တော်တော် စိတ်လှုပ်ရှားခဲ့ရတယ်။အဲ့ဒါနဲ့ ကျွန်မတို့လည်း အိမ်ပြန်ပြီးတော့ အော်ဒါတွေပြည့်မှီအောင် မနားတမ်းလုပ်ကိုင်ခဲ့ရာမှ ဒီလုပ်ငန်းလေး ဖြစ်လာခဲ့တာပါ ” လို့ဆိုပါတယ်။

READ
တော်ဝင်အမျိုးသမီးတွေရဲ့ (၄၂) နှစ်ကြာ ရိုးရာအစဉ်အလာကို ချိုးဖောက်ခဲ့ပြန်တဲ့ မီဂန်

cho

ပထမတော့ ကျွန်မတို့ အလုပ်သမားတစ်ယောက်ပဲရှိခဲ့ပါတယ်။နောက်ပိုင်းအလုပ်တဖြည်းဖြည်းများလာရင်း အခုဆိုရင် ခရစ္စမတ်ရာသီဆိုရင် လူ ၃၀ လောက်ရှိပြီး ပုံမှန်အချိန်ဆိုရင် လူ ၂၀ လောက်နဲ့ လုပ်ကိုင်နေပါတယ်လို့ ဖလို ကဆိုပါတယ်။Choc on Choc ချောကလတ်များရဲ့ ဒီဇိုင်းများကို ရာသီအလိုက် ပြောင်းလဲပြီး လက်ရှိ ဒီဇိုင်းပေါင်း ၂၀၀ ကျော်နဲ့ အင်္ဂလန် နိုင်ငံမှာ ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

Lumos (Shwemom)

Ref : Mirror

SHARE