သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးနိုင်မယ့် Relaxing Songs တွေအကြောင်း

Amazon.com

ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့က လူတစ်ယောက်အတွက်အရေးပါတဲ့ အချက်တစ်ချက်ပါ။ အိပ်စက်တဲ့အခါမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ကလည်း  အရေးကြီးပါတယ်။ ဒီလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ တရားထိုင်တာ၊ အထူးကောင်းမွန်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ၊ အိပ်ခါနီးနှိပ်နယ်ပေးတာ စတဲ့နည်းလမ်းတွေဟာ သင့်ကိုကောင်းမွန်စွာအိပ်ပျော်စေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ပညာရှင်တွေရဲ့လေ့လာချက်အရ လူ(၆၂)ရာခိုင်နှုန်းနီးပါဟာ ဒီလိုအိပ်ပျော်ဖို့ သီချင်းနားထောင်ခြင်းကို ရွေးချယ်ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သီချင်းတိုင်းကတော့ အထောက်အကူမဖြစ်ပါဘူး။ ဒါကြောင့် Bright Side က သင်ကောင်းမွန်စွာအိပ်စက်အနားယူဖို့ အကူအညီပေးမယ့် Relaxing Songs တွေနဲ့ သီချင်းနားထောင်ခြင်းရဲ့ကောင်းကျိုးတွေအကြောင်း ကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

ဂီတဟာ ဘယ်အသက်အရွယ်ကိုမဆို ကောင်းမွန်စွာအိပ်စက်စေနိုင်

ညဘက်အိပ်ရာမ၀င်ခင် သီချင်းနားထောင်ခြင်းက ဘယ်အသက်အရွယ်အပိုင်းအခြားအတွက် အကျိုးကျေးဇူးကောင်းတွေရှိလဲဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့တဲ့အခါမှာ ကလေး၊ လူငယ်နဲ့ လူကြီးပိုင်းတွေအထိ ဘယ်အသက်အရွယ်အတွက်မဆို ကောင်းမွန်တဲ့အကျိုးကျေးဇူးရှိကြောင်းတွေ့ရှိခဲ့ပါတယ်။

Freepik/RDC

ဘယ်လို အထောက်အကူပြုလဲ

ဂီတဟာ လူတွေအတွက် စိတ်ကို relax ဖြစ်စေပြီး၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ တစ်မိနစ်မှာ (၆၀)ကနေ(၈၀)ကြားစည်းချက်ပါတဲ့ စိတ်ငြိမ်သီချင်းတွေကိုနားထောင်ပြီးနောက်မှာ အသက်ရှုနှုန်းကို လျှော့ချပေးပြီး၊ နှလုံးခုန်နှုန်းတွေကို ထိန်းညှိပေးတယ်လို့ သိရပါတယ်။

သီချင်းကောင်းကို ရှာဖွေနားထောင်ပါ

READ
"မိန်းမရှိခိုး သွားမကျိုး" ဆောင်ပုဒ်ကို လိုက်နာသူတွေရဲ့ ကောင်းကျိုးများ

Marconi Union အဖွဲ့နဲ့ အသံပညာရှင်တို့အတူပူးပေါင်းပြီး လူတွေစိတ်အပန်းပြေစေမယ့် သီချင်းကောင်းတစ်ပုဒ်ကို ဖန်တီးခဲ့ပါတယ်။ သီချင်းနာမည်က “Weightless” ဖြစ်ပြီး၊ ဒီသီချင်းမှာ beat tempo(၅၀) (၆၀) ပါရှိပါတယ်။ ဒါကြောင့် ဒီသီချင်းနားထောင်တာဟာ  အနှိပ်ခံတာထက် ပိုပြီး သင့်ကို relaxဖြစ်စေတယ်လို့သိရပါတယ်။

Weightless သီချင်းအပြင် သင့်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မယ့် တခြား relaxing songs (၁၀)ပုဒ်ကတော့

Marconi Union – Weightless

Airstream  – Electra

DJ Shah    – Mellomaniac (Chill Out Mix)

Enya        – Watermark

Coldplay   – Strawberry Swing

Barcelona  – Please Don’t Go

All Saints  – Pure Shores

Adele       -Someone Like You

Mozart      – Canzonetta Sull’aria

Café Del Mar       – We Can Fly သီချင်းတွေပဲဖြစ်ပါတယ်။

Twitter/TheSleepAdvisor

ကဲ … ပရိတ်သတ်ကြီးလည်း ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အခုအကြံပေးထားတဲ့ သီချင်းလေးကို နားထောင်ကြည့်လိုက်ပါအုံးနော်…

Khaing Sandar

SHARE