Valentine’s Day ကို အားကျစဖွယ် ဖြတ်သန်းနေကြတဲ့ Instagram စတားများ

Valentine’s Day ရောက်ပြီဆိုတာနဲ့ ရည်းစားရှိရှိမရှိရှိ၊ ကိုယ့်ဆီကို ပန်းလေးများ ရောက်လာမလား၊ ချောကလတ်လေးများ ရောက်လာမလား၊ ကိုယ့်ကို တိတ်တိတ်လေး ကြွေနေတဲ့ ကောင်လေးကများ လက်ဆောင်လာပေးသွားမလား ဆိုပြီး မျှော်တတ်ကြတာ သဘာဝပါပဲ။ ဘယ်လောက်ပဲ Valentine’s Day က အနောက်နိုင်ငံ အယူအဆပဲပြောပြော၊ အလကားပါပဲပြောပြော Valentine’s Day ရောက်ခါနီးလေ သတိရတိုင်း လျှောက်တွေးပြီး ရင်ခုန်ဖူးတယ်ဆိုတာကိုတော့ မညာချင်ပါနဲ့နော်။

ကိုယ်တွေကတော့ မရလည်း အတင်းစိတ်ကူးယာဉ်နေတုန်း Instagram က နာမည်ကြီး rich kid တွေနဲ့ rich couple တွေကတာ့ အခုကတည်းကိုက Valentine’s Day အတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။

Instagram

ကံကောင်းလွန်းသူတွေအတွက်ကတော့ နေထိုင်ရာအရပ်မှ စွန့်ခွာကာ ဇိမ်ခံခရီးတွေတောင် စုံတွဲလိုက်ထွက်နေကြပါတယ်။

Instagram

ဒီလိုကြည့်တော့လည်း ကိုယ်စိတ်ကူးယဉ်နေတဲ့ ပန်းဆိုင်က ပန်းစီးလေးတောင် အတွေးထဲတင် ညှိုးငယ်သွားသလိုပဲနော်။

READ
မိုက်ကရိုဝေ့ထဲခေါင်းထည့်ကာ ဘိလပ်မြေလောင်းခဲ့တဲ့ prank star
Instagram

ခရီးတွေထွက်မယ်၊ ဇိမ်ခံပစ္စည်းလက်ဆောင်တွေ၊ လက်ဝတ်လက်စားတွေနဲ့ Instagram မှာတော့ ပလူပျံနေပါပြီ။

Instagram
Instagram
Instagram

တချို့ကတော့ ပန်းစည်းကိုမှ တစ်စည်းတည်းမဟုတ်ဘဲ အစည်းပေါင်းမြောက်များစွာ၊ တချို့ဆို ပုံလိုက်နဲ့။

Instagram
Instagram

တချို့တွကျပြန်တော့ နာမည်ကြီး တံဆိပ်ဖြစ်တဲ့ Channel ကို set လိုက်ရနေကြပါပြီ။

Instagram
Instagram

တချို့ကျပြန်တော့လည်း တန်ကြေးကြီးကြီးကား။

Instagram

ကိုယ့်ချစ်သူဇနီးမိန်းကလေးကို အခုလိုမျိုးချစ်သူများနေ့လေးမှာ ဂရုတစိုက် မငြိုမငြင်နဲ့ ဖြည့်ဆည်းပေးနေတာ တကယ်ကိုချစ်ရာကောင်းလှပါတယ်။ အမျိုးသမီးတွေဟာလည်း သိပ်ကို ကံကောင်းလွန်းကြပါတယ်နော်။

Instagram

Source: The Sun

Penny

SHARE