Batman သတင်းလည်းကြားရော အသေပေါက်ကွဲခဲ့တာလို့ ဖွင့်ပြောလာတဲ့ Robert Pattinson

Andrea Raffin/shutterstock

Robert Pattinson ကို Batman အဖြစ်မြင်ရတော့မယ်လို့ ကျွန်တော်စကြားခဲ့တာကတော့ Twitter ကနေလို့ ထင်ပါတယ်။ အဲဒီအချိန်တုန်းက vampire ကောင်လေးက ဘယ်လိုဖြစ်ပြီး ကြမ်းကြမ်းရမ်းရမ်းနဲ့ လုံးဝ iconic ဖြစ်တဲ့ဝတ်ရုံလူသားအဖြစ် သရုပ်ဆောင်မှာလဲဆိုပြီး ဝေဖန်မှုတွေတော်တော်လေးကို များသွားခဲ့ပါတယ်။ Google မှာ Robert Pattinson လို့ ရိုက်လိုက်ရင်တောင် Robert Pattinson Batman ဆိုပြီး suggestion ကျလာတဲ့အထိ ပရိတ်သတ်တွေကြားထဲ နာမည်ကြီးသွားခဲ့တာပါ။

အဲဒီလိုစတင်သတင်းထွက်ခဲ့တုန်းက အခြေအနေကို Robert Pattinson တစ်ယောက် အခုလိုဖွင့်ပြောလာခဲ့ပါတယ်။ Variety မှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

Tinxi/shutterstock

Batman ဇာတ်ကောင်ဟာ comic book ကနေ ဆင်းသက်လာခဲ့တာဖြစ်ပေမယ့်လို့ ရုပ်ရှင်လောကမှာလည်း ထိပ်ဆုံးကဇာတ်ကောင်တွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ Ben Affleck, George Clooney, Christian Bale တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အစဉ်အဆက်သရုပ်ဆောင်ခဲ့တဲ့ အတွက် Betman အတွက် သရုပ်ဆောင်အသစ်ရွေးလိုက်တိုင်း ပရိတ်သတ်ရဲ့ဝေဖန်မှုစကားသံတေ ညံမသွားအောင်လို့ အမြဲတစေဂရုစိုက်ရပြီး အရွေးခံရတဲ့ သရုပ်ဆောင်ဟာလည်း တာဝန်သိပ်ကြီးမယ်လို့ မြင်မိပါတယ်။ အထူးသဖြင့် Batman ဇာတ်ကောင်နဲ့ အကိုက်ဆုံးလို့ မှတ်ချက်အပေးခံခဲ့ရတဲ့ နောက်ဆုံး Batman, Ben Affleck အပြီး နောက်တက်မယ့် သရုပ်ဆောင်မှာပေါ့။

READ
မင်းသားလုပ်တော့မယ့် Song Ji Hyo ရဲ့ မောင်လေး Cheon Seong Moon
Denis Makarenko/shutterstock

ကံဆိုးတာလား၊ ကံကောင်းတာလားတော့မပြောတတ်ပါဘူး။ ကျွန်တော်တို့ရဲ့ Twilight မင်းသားလေး Robert Pattinson ကတော့ Batman ဖြစ်ဖို့ ကံကြမ္မာက ဖန်လာခဲ့ပါတော့တယ်။ ပြဿနာက အရွေးခံရတာမဟုတ်ဘဲ ကောကဟာလတွေ စထွကတုန်းကပါတဲ့။ အင်တာနက်မှာ သတင်းတွေစတင်ပျံ့တဲ့အချိန် Robert Pattinson ဟာ Cannes Film Festival ကို သွားနေတဲ့အချိန်၊ လေယာဉ်ပေါ်မှာပါ။ ဒီသတင်းကိုကြားကြားချင်း သူကတော့ တော်တော်လေး ပေါက်ကွဲသွားခဲ့ပါတယ်တဲ့။ အနုပညာလောကသားပေါင်စုံနဲ့တွေ့ရတော့မယ့် အခြေအနေမှာ အခုလိုမျိုး လူရွေးပွဲတောင် မသွားရသေးတဲ့ Batman ဇာတ်ကောင်ကို သူရိုက်တော့မယ်ဆိုပြီး ပွနေတာကိုး။ သူတင်မဟုတ်ဘဲ သူ့တစ်ဖွဲ့သားလုံးကလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ခြေမကိုင်မိ၊ လက်မကိုက်မိ ဖြစ်ခဲ့ရပါတယ်တဲ့။

Cannes ရုပ်ရှင်ပွဲတော်ကိုလည်းရောက်ရော Batman ရဲ့ ထုတ်လုပ်ရေးတွေ၊ အရင်မင်းသားကြီးတွေ၊ ဒါရိုက်တာတွေနဲ့ ဆုံရတဲ့အတွက် တော်တော်လေး မျက်နှာပူစွာနဲ့ပဲ ဖြတ်သန်းခဲ့ရတာပါ။ အခုအချိန်မှာတော့ Robert Pattinson အနေနဲ့ Batman ဇာတ်ရုပ်ကို တာဝန်ယူသရုပ်ဆောင်ဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး အရိပ်အမြွက်အနေနဲ့ comic ထဲက ဘယ်သူမှမထင်ထားတဲ့ အပိုင်းတွေကို ရိုက်ပြသွားမှာဖြစ်တယ်ဆိုပြီးလည်း ပြောထားသေးတဲ့အတွက် ရင်ခုန်စွာနဲ့စောင့်ကြည့်ရဦးမှာပေါ့။

READ
မြန်မာပြည်က မြောင်မြောင်ဆိုပြီး နာမည်ကြီးနေတဲ့ ယမင်းဧကရီ

Penny

SHARE