Victoria’s Secret နတ်မိမယ်လေးတွေရဲ့ မော်ဒယ်ဖြစ်လာခဲ့ပုံ ဘဝအကြောင်း

Instagram

Victoria’s Secret angel လေးတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတိုင်းက အားကျနေရတဲ့ model တွေပဲဖြစ်ပါတယ်။ ဒီအပြင် Victoria’s Secret ရဲ့ runway ပေါ်မှာ လျှောက်လှမ်းနိုင်ဖို့အတွက် အရမ်းကြိုးစားနေကြတဲ့ မိန်းကလေးတွေလည်း တစ်ပုံတစ်ပင်ကြီးပါ။

Victoria’s Secret model များထဲမှ Show လျှောက်တိုင်း တောင်ပံတပ်ကာ လျှောက်ရတဲ့ Angel လေးတွေဟာ သာမန် model များထက်ပိုပြီး တစ်ဆင့်မြင့်တယ်လို့ ဆိုရမှာပါပဲ။ လူသိများကျော်ကြားနေတဲ့ angel လေးတွေဟာ Model လောကထဲ ဘယ်လိုစတင်ဝင်ရောက်လာလဲ၊ Victoria’s Secret runway ပေါ်ဘယ်လိုပုံမျိုးတွေနဲ့ ရောက်ရှိလာကြတာလဲဆိုတာ တစ်ချက်လောက်ကြည့်လိုက်ပါဦးနော်။

Adriana Lima

Instagram

အသက် (၁၃) နှစ်အရွယ်တုန်းက model agency တစ်ခုက သူမကိုမျက်စိကျခဲ့ပါတယ်။ Ford ရဲ့ Supermodel of Brazil ပြိုင်ပွဲကို အသက် (၁၅) နှစ်ကတည်းက ဆုရရှိအနိုင်ရခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ Victoria’s Secret runway ပေါ်မှာ စတင်လျှောက်လှမ်းခဲ့ပြီး angel အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Behati Prinsloo

Instagram

Cape Town က ကုန်ခြောက်ဆိုင်တစ်ဆိုင်မှာ အဖိုးနဲ့အဖွားနဲ့အတူ ဈေးဝယ်နေတုန်း model agency တစ်ခုမှသူမကို လိပ်စာကတ်ပေးခဲ့ပေမယ့် မိဘတွေကိုပြောပြလိုက်ရုံကလွဲလို့ ဘာမှမထူးခြားခဲ့ပေမယ့် နောက်ထပ်တစ်ခါ Noelle Doukas က ချဉ်းကပ်ခြင်းကို ခံခဲ့ရပြန်ပါတယ်။ ဒီတစ်ခါတော့ Behati Prinsloo က မော်ဒယ်အဖြစ်လက်ခံခဲ့ပြီး သူမနေထိုင်ရာ Cape Town ကနေ London သို့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Elsa Hosk

Instagram

Elsa Hosk ကတော့ Victoria’s Secret Fashion Show တွေကို ၂၀၁၁ ခုနှစ်ကတည်းက စတင်လျှောက်ခဲ့တာဖြစ်ပြီး angel အဖြစ်ကိုတော့ ၂၀၁၅ ရောက်ကာမှ အခြားသော model (၉) ဦးနဲ့အတူ တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပါတယ်။

သူမဟာ ငယ်စဉ်က basketball အရမ်းကစားပြီး ယောက်ျားလျာလိုနေထိုင်ခဲ့သူလေးပါ။ တစ်ရက် အဖေဖြစ်သူက သူတို့အိမ်ကမိန်းကလေးမှန်သမျှရဲ့ ဓာတ်ပုံတွေကို model agency နှစ်ခုကို စမ်းပို့ကြည့်ရာ နှစ်ခုလုံးက Elsa Hosk တစ်ဦးတည်းကိုသာ model အဖြစ် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ အထက်တန်းကျောင်းတောင်မပြီးသေးတဲ့ သူမကတော့ ကမ်းလှမ်းလာတဲ့ agency နှစ်ခုလုံးကို ခတ္တရပ်ဆိုင်းထားပြီး အထက်တန်းပြီးအောင်ဆက်တက်ခဲ့ပါတယ်။ အထက်တန်းအောင်ပြီးနောက်မှာလည်း (၂) နှစ်လောက် Sweden ရဲ့ နိုင်ငံကိုယ်စားပြု basketball အသင်းမှာ ကစားခဲ့ပါသေးတယ်။

READ
မကြာခင် လက်ထပ်တော့မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ Dj Push

Jasmine Tookes

Instagram

နာမည်ကြီး အနုပညာရှင်တွေရဲ့ လက်စွဲ designer တစ်ဦးရဲ့ သမီးတစ်ယောက်အနေနဲ့ Jasmine ဟာ သူမရဲ့အချိန်တော်တော်များများကို အမေဖြစ်သူရဲ့ဆိုင်မှာပဲ ကုန်ဆုံးစေခဲ့ပါတယ်။ Agency တစ်ခုကနေပြီး အလုပ်ကိစ္စနဲ့ ဆိုင်ကိုလာရင်း သူမကိုတွေ့ကာ ကမ်းလှမ်းခဲ့တာပါ။ Jasmine နဲ့ သူမမေက တစ်ခါတည်းလက်ခံလိုက်အပြီမှာတော့ Jasmine ကို ချက်ချင်းပဲ Los Angeles ကို ပို့လိုက်ပါတော့တယ်။ အဲဒီအချိန်တုန်းက သူမဟာ အသက် (၁၅) နှစ်သာရှိသေးတာပါ။
Victoria’s Secret Fashion Show ကိုတော့ ၂၀၁၂ ကစတင်လျှောက်ခဲ့ပြီး အဲဒီအချိန်ကတည်းက နှစ်တိုင်းလျှောက်လှမ်းခွင့်ရခဲ့ရာ ၂၀၁၅ ခုနှစ်မှာတော့ Angel အဖြစ်အဆင့်တက်ခဲ့ပါတယ်။

Josephine Skriver

Instagram

Danish model တစ်ဦးဖြစ်တဲ့ Josephine ကတော့ အသက် (၁၄) နှစ်အရွယ်လောက်တုန်းက New York ကို သူမအသင်းဝင်ထားတဲ့ ဘောလုံးအသင်းနဲ့ ရောက်နေတုန်း Agency တစ်ခုကနေ လာကမ်းလှမ်းခြင်းခံခဲ့ရတာပါ။ အသက်ကငယ်သေးတော့ စစချင်းတော့ ထူးဆန်းသလိုဖြစ်နေခဲ့တဲ့အတွက် ဘာမှဆက်မဖြစ်ခဲ့ပါဘူး။ New York ကနေ Denmark ကို ပြန်ရောက်တော့လည်း သူမကို model အဖြစ်ကမ်းလှမ်းလာသူတွေပိုများလာခဲ့ပါတယ်။ Modelling လောကထဲကိုတော့ ကျောင်းပြီးတဲ့အချိန်ရောက်မှ ခြေစုံပစ်ဝင်ခဲ့တာပါ။ Victoria’s Secret ရဲ့ နတ်မိမယ်အဖြစ် တောင်ပံပေးအပ်ခြင်းခံရတာတော့ ၂၀၁၆ မှပဲ ဖြစ်ပါတယ်။

Martha Hunt

Instagram

ဓာတ်ပုံဆရာတစ်ဦးမှ သူမကို စတွေ့ကာ ပင်တိုင်မော်ဒယ်အဖြစ် ကမ်းလှမ်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူမရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကြောင့်ပဲ New York မှ agency တွေတော်တော်များများသူမကို ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ Victoria’s Secret ရဲ့ show မှာ ၂၀၁၃ ခုနှစ်က စတင်လျှောက်လှမ်းခဲ့ရာ နောက် (၂) နှစ်အကြာမှာတော့ Angel အဖြစ်ရောက်ရှိခဲ့ပါတယ်။

READ
ဖိုက်တာမလေး ဖြစ်သွားတဲ့ ဝတ်မှုံရွှေရည်

Romeee Strijd

Instagram

Amsterdam မှာ အမေဖြစ်သူနဲ့ shopping ထွက်နေတုန်း agency မှ လာကမ်းလှမ်းခြင်းခံခဲ့ရပြီးနောက်မှာတော့ ၂၀၁၄ မှာ Victoria’s Secret model အဖြစ် စပြီး runway ပေါ်တက်ခဲ့ရပါတယ်။ တစ်နှစ်အကြာမှာတော့ Angel ဖြစ်ခဲ့ရပြီး နောက်ထပ် Brand (၅) ခေုလောက်ရဲ့ ပင်တိုင် runway မော်ဒယ်ဖြစ်လာခဲ့ပါတယ်။

Sara Sampaio

Instagram

ပေါ်တူဂီမော်ဒယ်တစ်ဦးဖြစ်တဲ့ သူမကတော့ အသက် (၁၆) နှစ်မှာ model ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်းရင်း ဆုရရှိခဲ့ပေမယ့် သူမရဲ့ တင်းကြပ်တဲ့မိဘတွေကြောင့် model အလုပ်ကို အပြည့်အဝ လုပ်ခွင့်မရှိခဲ့ပါဘူး။ အထက်တန်းကျောင်းပြီးသွားတဲ့အခါကျတော့မှ modelling ကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး Victoria’s Secret fashion show မှာ ၂၀၁၃ ခုနှစ်က ဆတင်လျှောက်ခဲ့ပြီး ၂၀၁၅ အရောက်မှာတော့ Angel အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Stella Maxwell

Instagram

တက္ကသိုလ်တက်နေရင်း သူငယ်ချင်းနဲ့ shopping ထွက်ရာမှ agency ပိုင်ရှင်အမျိုးသမီးရဲ့ တိုက်ရိုက်ကမ်းလှမ်းခြင်းကို ခံခဲ့ရသူလေးပါ။ မဆိုင်းမတွလက်ခံလိုက်ခဲ့ပြီး သူမရဲ့ပထမဆုံးရိုက်ကွင်းမှာတင် model အလုပ်ကိုပဲ လုပ်တော့မယ်လို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Victoria’s Secret Fashion Show မှာ စတင်လျှောက်ခွင့်ရရှိခဲ့ပြီး ၂၀၁၅ မှာပဲ Angel အဖြစ် ပေးအပ်ခြင်းခံခဲ့ရပါတယ်။

Taylor Hill

Instagram

Taylor Hill ကိုတော့ White Cross Management က Jim Jordan ကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ အသက် (၁၅) နှစ်မှာပဲ အထက်တန်းကျောင်းထွက်ကာ modelling လောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၄ မှာပဲ Victoria’s Secret Fashion Show မှာ လျှောက်ခဲ့ရပြီး သိပ်မကြာခင်မှာပဲ Angel အဖြစ်ရောက်ရှိခဲ့ပါတယ်။

Source: Insider, Instagram

Penny

 

SHARE