အလုပ်အင်တာဗျူးမှာ မေးခွန်းတွေကိုအကောင်းဆုံးဖြေနိုင်ဖို့ဘယ်လိုလုပ်ရမလဲ

ဒီတခါလုပ်ငန်းခွင်ဝင်ဖို့ပြင်နေတဲ့သူတွေ၊အလုပ်အင်တာဗျူးဝင်ဖို့ရှိနေတဲ့သူတွေအတွက်အင်တာဗျူးမှာမေးခွန်းတွေကိုအကောင်းဆုံးဖြေနိုင်မယ့် အသုံးဝင်မယ့်နည်းလမ်းလေးတွေကိုပြောပြချင်ပါတယ်။

အဲဒီလိုအလုပ်အင်တာဗျူးမှာမေးသမျှမေးခွန်းတွေကိုအကောင်းဆုံးဖြေနိုင်ဖို့ဆိုရင်ကိုယ့်ဘက်ကလည်း လျှောက်မယ့်အလုပ်နဲ့ပတ်သက်ပြီး ပြင်ဆင်စရာရှိတာလေးတွေပြင်ဆင်သွားဖို့လိုပါတယ်။ဥပမာကိုယ့်လျှောက်မယ့်အလုပ်ကဘယ်လိုရပ်တည်ချက်မျိုးနဲ့သွားနေတာလည်းရည်ရွယ်ကောင်းတွေရှိရဲ့လားအလုပ်ရှင်နဲ့ဝန်ထမ်းကြားမှာအပြန်အလှန်အသိအမှတ်ပြုလေးစားမှုတွေရှိရဲ့လားစသဖြင့် ကိုယ့်ဘက်ကသိထားဖို့လိုပါတယ်။

ဒါ့အပြင်ကိုယ့်ရဲ့လုပ်နိုင်စွမ်းဘယ်လောက်ရှိတယ်ဆိုတာရှင်းရှင်းလင်းလင်းသိထားဖို့အရေးကြီးပါတယ်။အားနည်းချက်ကိုပဲအလေးထားပြီး စိုးရိမ်ပူပန်နေတာမျိုးဖြစ်မနေဘဲ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံကိုဘယ်လိုပြန်လည်အသုံးချမလဲဆိုတာကိုပဲ အကောင်းဆုံးပြင်ဆင်ထားသင့်ပါတယ်။

ဒီလို ကိုယ့်ဘက်ကပြင်ဆင်ပြီးပြီဆိုရင်အင်တာဗျူးဝင်တဲ့နေ့မှာဘယ်လိုအကောင်းဆုံး ဖြစ်အောင်လုပ်မလဲ…

  1. သင့်အတွက်အချိန်ယူပါ

အင်တာဗျူးခန်းထဲဝင်တဲ့အခါ မေးတဲ့သူကအနည်းဆုံးနှစ်ယောက်လောက်ရှိချင်ရှိမယ်။အင်တာဗျူးခန်းထဲဝင်လိုက်တာနဲ့ တော်ရုံယုံကြည်မှုမျိုးနဲ့လူကိုရှိန်သွားစေမယ့်ကုမ္ပဏီလူကြီးတွေလေးငါးခြောက်ယောက်လောက်လည်းရှိချင်ရှိမယ်။ဒါပေမယ့်ကိစ္စမရှိပါဘူး။သူဘာမေးမလဲအတိအကျမသိနိုင်တဲ့အတွက် မေးခွန်းနားမလည်တာ၊ဆိုလိုရင်းကိုအဓိပ္ပာယ်မပေါက်တာရှိနိုင်ပါတယ်။အဲဒီအခါသေချာနားမလည်ဘဲဗလုံးဗထွေးဖြေတာမျိုးမလုပ်သင့်ပါဘူး။မေးခွန်းနားမလည်ရင်ပြန်မေးပါ။တစ်ခုက ဖြေတဲ့အခါကိုယ်ကျက်လာတာနဲ့တိုးလို့စာမေးပွဲခန်းထဲမှာ ပျော်နေတဲ့ကျောင်းသားလိုဖြစ်မနေဘဲ အပြန်အလှန်ဆွေးနွေးတဲ့ပုံစံရအောင် ယူပါ။အချိန်ယူပြီး သေချာစဉ်းစားပြီးမှဖြေပါ။

2.ရည်မှန်းချက်နဲ့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကိုပြောပါ

အင်တာဗျူးမေးသူတို့ရဲ့သဘာဝအရဘာကြောင့်ဒီကုမ္ပဏီမှာလုပ်ချင်ရတာလဲ၊အရင်ကဘယ်မှာလုပ်ခဲ့တာလဲဆိုတဲ့မေးခွန်းတွေကမဖြစ်မနေမေးကြမယ့်မေးခွန်းတွေပါ။အဲဒီမေးခွန်းအတွက်အကောင်းဆုံးပြင်ဆင်ထားပါ။သင့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေကို ပြန်ပြောတဲ့အခါမသက်မသာဖြစ်စေပြီးအဓိပ္ပာယ်တစ်မျိုးမှတ်ယူသွားနိုင်တဲ့အဖြေမျိုးကိုရှောင်ပြီးတိုတိုရှင်းရှင်းနဲ့ သေချာပြောပြပါ။

3.သင့်ရဲ့အရည်အချင်းကိုအမှန်တိုင်းသိပါစေ

နောက်တစ်ခုကတော့ကိုယ်လုပ်မယ့်အလုပ်အတွက်ကိုယ့်မှာဘယ်လိုအရည်အချင်းတွေရှိတယ်ဆိုတာအမှန်အတိုင်းရဲရဲဝံ့ဝံ့ပြောဖို့လိုပါတယ်။ပြီးတော့သင့်ဘက်ကလုပ်ပေးနိုင်တာကိုပဲပြောပါ။တခါတလေသင့်ဘက်ကအလုပ်ရချင်စောနဲ့လုပ်ပေးနိုင်သမျှကို မချွင်းမချန်ကတိပေးမိတဲ့အခါ တကယ့်လုပ်ငန်းခွင်မှာ သင့်အတွက် မနိုင်တာဝန်ထမ်းနေရတာမျိုးတွေက အလုပ်ရှင်နဲ့ အလုပ်လက်ခံသူကြားမှာ မလိုလားအပ်တဲ့အဆင်မပြေမှုတွေဖြစ်စေပါတယ်။ဒါကြောင့် ကိုယ်လုပ်ပေးနိုင်တာနဲ့ လုပ်နိုင်တာ ကိုချင့်ချိန်ကတိပေးပါ။

4. အကောင်းမြင်စိတ်နဲ့အတတ်နိုင်ဆုံးဖြေပါ

တချို့က အလုပ်ရချင်စောနဲ့အရင်အလုပ်တုန်းက ဘယ်လိုဆိုပြီး မကောင်းပြောတတ်ကြပါတယ်။တကယ်တော့ ဘယ်လုပ် ငန်းခွင်ပဲရောက်ရောက် ကိုယ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့ ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက်ကောင်းသည်ဖြစ်စေ၊ဆိုး သည်ဖြစ်စေမျက်ခြေမပြတ်ဖို့လိုပါတယ်။ဒါကြောင့် မေးတဲ့မေးခွန်းတိုင်းကို အကောင်းမြင်စိတ်နဲ့အကောင်းဆုံးကြိုးစားဖြေပါ။
ChoChoThan(Shwemom)
ref:wikihow.com
SHARE