အဆုံးစီရင်ချင်စိတ် ဖြစ်နေသူတစ်ယောက်ကို ဘယ်လို ဆွေးနွေးနှစ်သိမ့်ပေးသင့်သလဲ ?

သင့်နဲ့သိတဲ့သူတစ်ယောက်ဖြစ်ဖြစ် ၊ သင့်သူငယ်ချင်းဖြစ်ဖြစ် ၊ သင့်မိသားစုဝင်ထဲက တစ်ယောက်ယောက်ဖြစ်ဖြစ် စိတ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပဲဖြစ်နေတယ်ဆိုရင် ၊ အဲ့လို အရိပ်အယောင်မျိုးပြနေတယ်ဆိုရင် ဒီလိုမျိုး နှစ်သိမ့်ပေးလိုက်ပါ။ သေချာတာကတော့ – ရင်ဖွင့်ခွင့်ပေးပြီး မေတ္တာနဲ့ ဂရုစိုက်ပေးလိုက်ပါ။ သူတို့လိုနေတာက ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုပါ။

(၁) ဂရုစိုက်မှုနဲ့ နှစ်သိမ့်ပေးပါ


သူတို့တွေကို အကောင်းဆုံးနှစ်သိမ်းပေးခြင်းကတော့ ဂရုစိုက်မှု (ဒါမှမဟုတ်) ချစ်ခြင်းမေတ္တာတွေနဲ့နှစ်သိမ့်ပေးခြင်းပဲဖြစ်ပါတယ်။ စိတ်ကျနေသူတွေက တစ်ယောက်တည်း မြိုသိပ်နေတတ်တာများလို့ သူတို့တွေကို ဂရုစိုက်ပေးပါ ၊ သူတို့က သင့်အတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်းပြပေးပါ ၊ သင့်မေတ္တာတွေကို ခံစားလာရအောင် နှစ်သိမ့်ပေးပါ။ သင့်အနေနဲ့လည်း သူတို့ဘေးမှာ နှစ်သိမ့်ပြီး နေပေးပါ။ ရှောင်ဖယ်မထားပါနဲ့။

(၂) ရင်ဖွင့်ခွင့်ပေးပါ

သူတို့ပြောချင်တဲ့စကားတွေကို နားထောင်ပေးပါ ၊ သူတို့ခံစားနေရတဲ့ ခံစားချက်တွေကို လက်ခံပေးပါ။ သူတို့ရင်ဖွင့်လာတဲ့အခါမှာ သူတို့အမှားဆိုပြီး မပြောမိပါစေနဲ့။ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အကြံမျိုးပဲပေးပါ။ သတ်သေဖို့မတွေးသင့်ကြောင်းနဲ့ မိသားစုတွေကို တွေးသင့်ကြောင်း ပြောပေးပါ။

READ
လူတစ်ယောက်အနေနဲ့ အသက် (၃၅) နှစ် မတိုင်ခင်မှာ လုပ်ဖူးထားသင့်တဲ့ အရာများ

(၃) သူတို့စိတ်ကို ခန့်မှန်းကြည့်ပါ


တချို့သူတွေက မြိုသိပ်ထားတတ်ကြတယ် ၊ သတ်သေချင်နေတယ်ဆိုတာတွေလည်း မပြောတတ်ဘူး။ ဒီလိုလူမျိုး သင်ဘေးမှာ စိတ်ကျနေတယ်ဆိုရင် သူတို့ခံစားချက်နဲ့ စိတ်အခြေအနေကို စောင့်ကြည်နေပါ။ ဥပမာ – နင်နေလို့ကောင်းရဲ့လား ၊ ဘယ်လိုနေသေးလဲလို့ မေးပေးပါ။ သူတို့ဘာပဲဖြစ်ဖြစ် သင်ဘေးမှာရှိနေမယ်ဆိုတဲ့အကြောင်း အမြဲထည့်ပြောပေးပါ။

(၄) စိတ်ရှည်ပေးပါ

သင့်ဘက်က စိတ်ရှည်ပေးဖို့တော့လိုပါတယ်။ သူတို့စိတ်ထဲက ခံစားချက်တွေ ပွင့်ထွက်လာဖို့အတွက် စိတ်ရှည်ရှည်နဲ့မေးပေးပါ။ သင်ဘယ်လိုမေးမေး ‘ရတယ် ငါအဆင်ပြေပါတယ်’ ပြောနေရင် ပွေ့ဖက်ပေးပြီး သူတို့ ဖွင့်ဟလာတဲ့အချိန်ထိစောင့်ပေးပါ။

(၅) ကတိတောင်းပါ


လိုအပ်ရင် သူတို့မိသားစုဝင်တွေဆီကို တိတ်တဆိတ်အကြောင်းကြားပေးပြီး မေတ္တာတွေ ပေးဖို့၊ သူတို့မှာ ဒီလိုအတွေးမျိုးရှိနေလို့ ဂရုစိုက်ပေးဖိုနဲ့ ရန်စကားနဲ့ စိတ်ကို ပိုကျသွားစေမယ့်စကားမျိုး မပြောမိဖို့ အသိပေးပြောပြပေးပါ။ သူတို့တွေကို မိဘတွေရှိနေသေးကြောင်း ၊ ဒီလိုလုပ်လိုက်ရင် ကျန်ခဲ့သူတွေ ရင်ကျိုးမည်ဖြစ်ကြောင်းတွေကို ပြောပြပေးလိုက်ပါ။ ပြီးရင် ကတိတောင်းပါ။

READ
လူတစ်ယောက်ဘ၀မှာ လိုအပ်တဲ့ မိတ်ဆွေအမျိုးအစား(၅)မျိုး

ဒီစာကို ဖတ်ပြီး သင် လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ပေးနိုင်ပါစေ။

Hannwe Soe

SHARE