ကိုယ့်ကိုမသိသေးတဲ့ကောင်မလေးကို ဘယ်လိုပုံစံနဲ့ပိုးပန်းမလဲ

ကိုယ့်ကို ပုဂ္ဂိုလ်ရေးအရ မသိသေးတဲ့ ကောင်မလေးကို ပိုးပန်းဖို့ အကြံအိုက်နေသလား … ဒီတစ်ခါတော့ မစွံသေးတဲ့ Shwemom ရဲ့ အမျိုးသားပရိသတ်အတွက် ကိုယ့်ကိုမသိသေးတဲ့ကောင်မလေးကို ဘယ်လိုပုံစံနဲ့ပိုးပန်းမလဲဆိုတာကို
ဖော်ပြပေးလိုက်ပါတယ်။

(၁) စိုက်ကြည့်ပါ

အမျိုးသမီးတစ်ယောက်ကို အကြာကြီး စိုက်ကြည့်စရာ မလိုပါဘူး။ ဆယ်စက္ကန့်လောက် စိုက်ကြည့်လို့ သူနဲ့ အကြည့်ချင်း
ခဏဖြစ်ဖြစ် ဆုံတယ်၊ ကိုယ်က ဒီလိုပဲ သူ့ကို စိုက်ကြည့်လေ့ရှိတယ်ဆိုတာ သူ သတိထားမိရင် … သူ့ရင်ဘက်ထဲက နှလုံးခုန်နှုန်းတိုင်းစက်ကြီး စပြီး အလုပ်လုပ်ပါပြီ။ ဒီလူ ဘာလဲ … ဘယ်လိုလဲ … ဘာလို့ စိုက်ကြည့်နေတာပါလိမ့် … ရုပ်က
လေးကတော့ ခန့်ခန့်လေးပဲ … စသည် စသည် …။

(၂) သူသတိထားမိတဲ့ပုံစံမျိုး ဖြစ်ပါစေ

အဲဒီလို ဆက်တိုက်စိုက်ကြည့်လို့ တစ်ပတ်လောက်ကြာတဲ့အခါ သူ သင့်ကို ကောင်းကောင်းကြီး သတိထားမိလောက်နေ
ပါပြီ။ သင့်ရှေ့မှာ ရှက်သလိုလို၊ ရယ်ချင်သလိုလို၊ သိသိသာသာ စကားပေါပြီဆိုရင် သူ့စိတ်ထဲမှာ သင် ရောက်နေပြီမှတ်
ပေတော့။

READ
စုံတွဲတွေမှာ အမျိုးသားတွေရရှိနိုင်တဲ့အကျိုးအမြတ်များ

(၃) ခပ်တည်တည် ပြုံးပြပါ

ခပ်တည်တည် ဘာအကြောင်းပြချက်မှ မရှိဘဲ သူ့ကို ပြုံးပြုံးပြပါ။ ဒါက နည်းနည်းတော့ ကြောင်စီစီနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့ ကောင်မလေးကလည်း သင့်ကိုတွေ့ရင် ရယ်ချင်သလိုလို မကြည့်ရ မနေနိုင် ဖြစ်နေလောက်ပါပြီ။

(၄) ရင်းနီးဖော်ရွေတဲ့ပုံစံ ဖြစ်နေပါစေ

ခပ်ထန်ထန်ပုံစံ သွားနေလို့မရ။ အချိုသက်ပြီး ပစ္စည်းလုမယ့်သူလို့ထင်ပြီး ရဲကို လက်တို့လိုက်ရင် ကွိနေဦးမယ်။ ရင်းနီးတဲ့
ပုံစံဖြစ်နေမှာ သူ့ကို စကားပြောချင်တဲ့အခါ သူ့အနေနဲ့ ကြောက်တာတွေ ရွံတာတွေ မဖြစ်တော့မှာ။

(၅) ခပ်တည်တည် စကားဝင်ဖောပါ

သူတစ်ယောက်ယောက်နဲ့ စကားပြောနေရင် ကိုယ်သိတဲ့ကိစ္စမျိုး ပြောတဲ့အခါ ခပ်တည်တည် စကားဝင်ဖောကြည့်ပါ။ ဥ
ပမာ- ဖုန်းဘေလ်ကလည်း ကုန်တာမြန်လိုက်တာ-လို့ သူက ညည်းတွားတာနဲ့ သင်က … ဒါဆို တယ်လီနော သုံးကြည့်ပါ
လား … ဘယ်နေ့ကနေ ဘယ်နေ့အထိ ပရိုမိုးရှင်းရှိတယ် … စသဖြင့် ခပ်တည်တည် ၀င်ဖောကြည့်။

READ
ဗဟုသုတအနေနဲ့သိထားသင့်တဲ့ ကမ္ဘာ့အပြင်းဆုံး အရက်(၁၀)မျိုး

(၆) တစ်ခုခု(စားစရာ/သောက်စရာ/လက်ဆောင်)ပေးဖို့ကြိုးစားပါ

တဖြည်းဖြည်း ရင်းနီပြီဆိုရင် အမှတ်တမဲ့ လက်ဆောင်လေးတွေ ယူလာပေးလိုက်ပါ။ အကောင်းဆုံးကတော့ မိန်းကလေး
တွေ ငြင်းလေ့မရှိတဲ့ သနပ်ခါးတုံးတို့ ဘာတို့ပေးကြည့်ပေါ့။ ဘကြီး အညာကပြန်လို့ ပါလာတာ … စသဖြင့် ဖြီးပေါ့။ နည်း
နည်း အဆင်ပြေရင် အအေးဆိုင်တို့ စားသောက်ဆိုင်တို့ ခေါ်ကြည့်ပါ။

(၇) နှစ်ယောက်တည်းဆုံရမယ့်အချိန်ကို အသုံးချပါ

ဒီအချက်ကတော့ အရေးကြီးဆုံးပါ။ သင့်ကို သူ သဘောကျပြီဆိုရင် နှစ်ယောက်တည်း ရှိနိုင်မယ့်အချိန်ကို သူ့ဘက်က
တမင်စီစဉ်ပါလိမ့်မယ်။ ဥပမာ သင် သူတို့နောက်က လိုက်လာတာကို သိတဲ့အခါ တစ်နေရာရာမှာ ခွဲကျန်နေခဲ့တာမျိုးဆို
ရင် ကိုယ့်လူ ပိုင်ပြီ။ အဲ ပိုင်ပြီဆိုတာက တစ်ခါတည်း ကားတင်ပြေးခိုင်းတာ မဟုတ်ဘူး … တစ်ခြား အဆင့်တွေ ရှိသေး
တယ် … ကိုယ့်လူ ။

နတ်စည်တော် (Shwemom)

shwemom post photo

source : lovepanky.com

 

SHARE