ကောင်မလေးတစ်ယောက်ကို အောင်မြင်စွာချဉ်းကပ်နိုင်စေဖို့နည်းလမ်းများ

အမျိုးသားတွေတော်တော်များများဟာ ရည်းစားစကား ပြောဖို့ထက် ကောင်မလေးနဲ့ ဘယ်လိုရင်းနီးအောင်လုပ်ရမလဲဆိုတာကို အတော်လေး စဉ်းစားရ ခက်တတ်ပါတယ်။ ရုပ်ရှင်တွေ ဇာတ်ကားတွေထဲကလို လူချင်းဝင်တိုက်ပြီး ဇာတ်လမ်းစရအောင်ကလည်း  ” လူတစ်ယောက်လုံး မမြင်ရအောင် ကန်းနေသလား “ဆိုပြီး ကောခံရမှာလည်း စိုးတတ်ကြပါတယ်။ ဒီတော့ ကောင်မလေးတစ်ယောက်ကို ချဉ်းကပ်တဲ့အခါမှာ အလွယ်ဆုံးနည်းတွေကို Shwemom ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁) ကြင်နာပါ

မိန်းကလေးတစ်ယောက်ကို မိုက်တိမိုက်ကန်းနည်းနဲ့ ချဉ်းကပ်ရင် အမှတ်တော့ ရမှာမဟုတ်ပါဘူး။ အခန့်မသင့်ရင် ဖိနပ်နဲ့ အဆော်ခံရနိုင်ပါတယ်။ ဒီတော့ အမျိုးသမီးတွေဟာ ဘာကို ကြိုက်နှစ်သက်သလဲဆိုရင် ကြင်နာမှုကို ကြိုက်နှစ်သက်ပါတယ်။ အပြုအမူ အပြောဆို ကြင်နာယဉ်ကျေးရင် ခင်မင်စိတ်ချက်ချင်း ပေါက်လာမှာပါ။

(၂) ကိုယ်ဘယ်သူလဲဆိုတာ မေ့ပစ်ပါ

တစ်ချို့အမျိုးသားတွေရဲ့ တစ်လွဲမာနကတော့ ကျားဖင်သာ ပြေးနှိုက်ချင်နှိုက်မယ်၊ မိန်းမတစ်ယောက်ဆီမှာတော့ အောက်ကျမခံဘူးဟေ့-ဆိုတဲ့ စိတ်သဘောထား ထားခြင်းဟာ မှားယွင်းပါတယ်။ မပြင်ချင် နေပါ။ သေချာပေါက်ကတော့ ဒီတစ်သက် ငှက်ပျောတုန်းဖက်ရဖို့ သေချာနေတဲ့လူတွေပေါ့။ ဒီတော့ အမျိုးသမီးတစ်ယောက်ဆီက ရင်းနီးမှုကိုရဖို့ သူ့ဆီကနေ သနားကရုဏာ အရင်ရအောင် ယူတတ်ရပါတယ်။

READ
ပိုက်ဆံမရှိတဲ့အချိန်ဆိုရင် အသည်းမကွဲသင့်တဲ့ အကြောင်းရင်း(၄)ချက်

(၃) လက်ဆောင်တစ်ခုခုပေးပါ

အမျိုးသမီးတွေဟာ လက်ဆောင်နဲ့ အစားဆိုရင် အလွန်သဘောကျတတ်ပါတယ်။ ကိုယ်နဲ့ နည်းနည်း မျက်မှန်းတန်းမိပြီဆိုတာနဲ့ ပန်းဖြစ်ဖြစ်၊ အခြား သိပ်ဈေးမကြီးတဲ့ လက်ဆောင်ဖြစ်ဖြစ် ပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ပန်းပါ။ ပန်းဆိုရင် ဒီလိုအချိန် ပေးလို့အကောင်းဆုံးကတော့ နှင်းဆီပဒေသာပန်းစည်းပေါ့။ ပဒေသာပန်းစည်းဆိုတာ နှင်းဆီအမျိုးအစား စုံစုံလင်လင်ပါတဲ့ ပန်းစည်းကို ပြောတာပါ။

(၄) သင့်တင့်တဲ့အပြုံး

နောက်တစ်ခုက မျက်နှာကြီးကို မာရေကျောရေ လုပ်ထားလို့ မရပါဘူး။ ပျော့သင့်တဲ့အချိန်ပျော့ … ပြုံးသင့်တဲ့အချိန်ပြုံး အလိုက်အထိုက် လုပ်ပေးမှသာလျှင် အမျိုးသမီးက ဒီလူဟာ စိတ်ဓာတ်အားဖြင့် ပျော့ပြောင်းနူးညံ့သူလို့ အယုံအကြည် ရောက်မှာ ဖြစ်ပါတယ်။

(၅) ခင်မင်နှစ်လိုဖွယ်စကားစပါ

စကားပြောတဲ့အခါတိုင်းလည်း မြန်မာတွေရဲ့ ထုံးစံ အဆဲမပါရင် စကားမပြောတတ်ဖူုးဆိုတဲ့ အကျင့်ကို ရှောင်ပါ။ ရယ်စရာ မောစရာလေးတွေ ပြောတတ်ရင် ပိုပြီး ခရီးရောက်ပါတယ်။ တစ်ယောက်ယောက်ကို ချိုးဖဲ့နှိမ့်ချ ကုန်းတိုက်တဲ့စကားမျိုးဆို ရှောင်ပါ။ ယောက်ျားဆိုတာ ဒီနေရာလေးမှာ သဘောထားကြီးကြောင်း သက်သေပြခွင့် ရတာ ဖြစ်ပါတယ်။ ဒီလိုသာ လိုက်နာရင် သင်ချဉ်းကပ်နေတဲ့ မိန်းကလေး မကြာခင် သင်နဲ့ ရင်းနီးသွားပါလိမ့်မယ်။ အဲဒီကျမှ တစ်ဆင့်ချင်း ကျော်ပေတော့။

READ
ကောင်မလေးတစ်ဦးကို သူငယ်ချင်းနဲ့အပြိုင် Crush နေမိတယ်ဆိုရင် လုပ်သင့်တဲ့အချက်များ

နတ်စည်တော် (Shwemom)

sm

SHARE