သင်သဘောကျတဲ့ကောင်မလေးနဲ့အဆင်ပြေပြေလျှောက်လည်နိုင်ဖို့ဘယ်လိုလုပ်ရမလဲ

ကိုယ်သဘောကျတဲ့မိန်းကလေးတစ်ယောက်ကိုချဉ်းကပ်တဲ့အခါမိန်းကလေးဘက်ကကိုယ့်ကိုလိုလားတဲ့အရိပ်အယောင်ပြရဲ့လားဒါမှမဟုတ်အဲ့လိုအရိပ်အယောင်မပြပေမယ့်ကိုယ့်ဘက်ကလိမ်လိမ်မာမာပါးပါးနပ်နပ်နဲ့ချဉ်းကပ်ရင်အဆင်ပြေနိုင်တဲ့အခြေအနေမှာရှိသလားစသဖြင့် တွေးထားဖို့လိုပါတယ်။အထူးသဖြင့်ကိုယ်သဘောကျတဲ့မိန်းကလေးအနားကိုရောက်ဖို့၊အဲဒီလိုအနားကိုရောက်သွားပြီဆိုရင်လည်းပထမဆုံးDateအနေနဲ့သူမနဲ့အတူ လျှောက်လည်တဲ့အခါအဆင်ပြေဖို့ဘယ်လိုလုပ်ရမလဲဆိုတာ Shwemomရဲ့ယောက်ျားလေးပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Step-1

အရင်ဆုံးသူမနဲ့မရင်းနှီးသေးတဲ့အချိန် ဒါပေမယ့်ကိုယ့်ဘက်ကလည်းသူမကိုစိတ်ဝင်စားကြောင်း ဖွင့်ပြောဖို့ကြိုးစားနေတဲ့အ ချိန်ဒီလိုအချိန်မှာသင့်ဘက်ကဘယ်လိုအချက်လေးတွေသတိထားရမလဲ…

  1. သူမရဲ့စိတ်ဝင်စားမှုကိုတိုင်းတာပါ

တခါတလေ မိန်းကလေးတွေရဲ့အမူအရာက သူမသင့်ကိုစိတ်ဝင်စားလားမ၀င်စားဘူးလားဆိုတာခွဲခြားသိနိုင်ပေမယ့် တခါတလေကျပြန်တော့ သင့်ကိုပြုံးပြတာ၊ သင်နဲ့အတူရယ်မောတာ၊ စကားကိုအချိန်ပေးပြောတာတွေက လူမှုရေးအရ ဆက်ဆံတာဖြစ်ပြီး သင့်ကိုသဘောကျနေတယ်လို့မှတ်ယူလို့မရပြန်ဘူး။ဒါကြောင့် သင့်အပေါ်မှာ သူမရဲ့စိတ် ၀င်စားမှုက ဘယ်လောက်အတိုင်းအတာထိရှိတယ်ဆိုတာ သေချာလေ့လာတိုင်းတာဖို့လိုပါတယ်။

2.သင့်ကိုကိုယ်အမူအရာရင်းနှီးမှုရှိလားသတိထားပါ

တချို့မိန်းကလေးတွေကစကားပြောရင်လက်လေးတခါခါ ခေါင်းလေးတခါခါပြောတတ်သလိုဘယ်သူ့ကိုမဆိုသဘောရိုးနဲ့ပဲ ခေါင်းပုတ်၊လက်ဆွဲပြီးပြောတတ်ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ရိုးသားဖြောင့်မတ်တဲ့မိန်းကလေးတွေကတော့တစိမ်းယောကျာ်းလေးတစ်ယောက်ကိုတကယ်စိတ်မ၀င်စားဘဲအထာပေးတဲ့အဓိပ္ပာယ်မသက်ရောက်အောင်ထိန်းလေ့ရှိပါတယ်။အဲဒီလိုပဲ သူမကသင့်ကိုစိတ်ဝင်စားလားစိတ်မ၀င်စားဘူးလားဆိုတာသင့်အပေါ်မှာရင်းနှီးမှုဘယ်လောက်ရှိသလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်။တခါတလေအမှတ်တမဲ့ခလုတ်တိုက်မိလို့သင့်လက်ကိုလှမ်းဆွဲမိတာမျိုး၊ရုတ်တရက်သင်နဲ့လက်ချင်း၊ခနာကိုယ်ချင်းနီးကပ်လွန်းတာမျိုးတွေက တမင်ဖန်တီးတာဟုတ်မဟုတ်ဆိုတာ သေချာသတိပြုအကဲခတ်ဖို့လိုပါတယ်။

3.သူမရဲ့အကြည့်တွေကိုလေ့လာပါ

သူမဘက်ကလည်းသင့်ကိုပြန်လည်စိတ်ဝင်စားနေမယ်ဆိုရင်သင့်ကိုရွှန်းရွှန်းလဲ့လဲကြည့်နေတတ်တာမျိုး၊အချိန်အတော်ကြာ အောင်စိုက်ကြည့်တာမျိုးတွေလုပ်မိပါလိမ့်မယ်။တခါတလေမှာတော့မိန်းကလေးတွေကသူတို့မနှစ်သက်တာပဲဖြစ်ဖြစ်သင့်ကိုစိတ်မ၀င်စားတာပဲဖြစ်ဖြစ်မျက်လုံးအကြည့်နဲ့ပဲသိစေပါတယ်။ဒါကြောင့်သင့်ကိုကြည့်တဲ့သူမရဲ့အကြည့်တွေကို လေ့လာသင့်ပါတယ်။

Step-2

သူမနဲ့ အပြန်အလှန်ရင်းနှီးမှုရပြီဆိုရင် သင့်အနေနဲ့ဘယ်လိုဆက်ပြီး ကြိုးစားသင့်သလဲ..

1.တိုက်ရိုက်မျက်လုံးချင်းဆုံကြည့်ပါ

သူမနဲ့စကားစမြည်ပြောတဲ့အခါမျက်လုံးချင်းဆုံပြီးပြောပါ။အာရုံစိုက်ထားပါ။အထူးသဖြင့်သူမရင်ဘတ်ကိုမကြည့်မိပါစေနဲ့။သူမရဲ့ကိုယ်အမူအရာကိုကြည့်ပြီးစကားဝိုင်းကိုရှေ့ဆက်သင့်မဆက်သင့်သိနိုင်မှာဖြစ်ပါတယ်။တကယ်လို့သင်စကားပြောနေတာကိုသူမဘက်ကအာရုံမစိုက်တာ၊တစ်ဖက်ကိုလှည့်နေတာမျိုးဆိုရင်သူမတစ်ယောက်တည်းနေလိုကြောင်းသိစေခြင်းဖြစ်ပါတယ်။စကားဝိုင်းကို ဆက်ဖို့ သင်ဘက်ကမကြိုးစားသင့်ပါဘူး။

2.အကူအညီပေးပါ

သူမကိုအခါအခွင့်ကြုံတိုင်းအကူအညီပေးပါ။သင့်အကူအညီကိုငြင်းပယ်ခဲ့ရင်တော့သူမဘက်ကလိုလိုလားလားအကူအညီတောင်းလာတဲ့အထိ စောင့်သင့်ပါတယ်။တကယ်လို့သူမကသင့်ကိုမစောင့်ဘဲခပ်မြန်မြန်လျှောက်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ဆက်မလိုက်တော့ဘဲ သူမကိုတစ်ယောက်တည်းသွားခွင့်ပေးလိုက်ပါ။

Step-3

သူမနဲ့ ရင်းနှီးမှုတော်တော်လေးရသွားပြီ သင့်ဘက်က ချစ်ကြောင်းဖွင့်ပြောတော့မယ် ဒါမှမဟုတ် သူမကိုလက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင်….

1.တကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပါ

မိန်းကလေးတွေက ယောက်ျားလေးတစ်ယောက်ကိုအကဲခတ်တဲ့အခါတကိုယ်ရည်သန့်ရှင်းရေးကိုအရင်ဆုံးအကဲခတ်လေ့ရှိပါတယ်။ဒါကြောင့်သူမကိုဖွင့်ပြောတေယ်မယ်ဆိုရင်အရင်ဆုံးသင့်ရဲ့တကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပါ။ ခြေသည်းလက်သည်းသန့်ရှင်းတာ၊ဆံပင်ရှည်နေရင်သပ်သပ်ရပ်ရပ်ညှပ်ထားတာ၊အကျီ င်္အ၀တ်အစားကအကောင်းစားဖြစ်ဖို့မလိုပါဘူး။မီးပူတိုက်ပြီးသန့်သန့်ရှင်းရှင်းဖြစ်နေဖို့ပဲလိုပါတယ်။ခနာကိုယ်အနံ့အသက်ကအစခံတွင်းနံ့အဆုံးအစစအရာရာဂရုစိုက်ဖို့လိုပါတယ်။

2.ရိုးရိုးရှင်းရှင်းစကားလုံးတွေနဲ့စတင်ပါ

သူ့ကိုလက်ထပ်ခွင့်တောင်းမှာဖြစ်လို့စကားလုံးဆန်းဆန်းပြားပြားတွေပြောပြီးအမှားမှားအယွင်းယွင်းဖြစ်တာမျိုးကိုရှောင်ပါ။သာ မန်ရိုးရိုးရှင်းရှင်းစကားလုံးတွေနဲ့ပဲ သူမကိုချစ်ခွင့်တောင်းပါ။

3.ပျော်စရာများဖန်တီးပါ

သူမနဲ့အတူရုပ်ရှင်ကြည့်ဖို့လက်မှတ်ကြိုဝယ်ထားတာမျိုးဒါမှမဟုတ် နှစ်ယောက်အတူညစာစားဖို့ကြိုတင်စီစဉ်ထားတာမျိုးလုပ်နိုင်ပါတယ်။သူမအတွက် အဆင်ပြေမယ့်အချိန်ဖြစ်ဖို့တော့လိုပါတယ်။

4.ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ

ကိုယ့်ဘက်ကသူမကိုအပိုင်တွက်ထားတာမျိုး၊သူမရဲ့အချစ်ကိုရမယ်ဆိုပြီးတစ်ထစ်ချယုံကြည်ထားတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။သူမနဲ့စကားပြောတဲ့အခါ သေသပ်တဲ့စကားလုံးအသုံးအနှုန်း၊သင့်အချစ်အတွက်လိပ်ပြာသန့်နေပြီးသူမရဲ့ဘယ်လိုတုန့်ပြန်မှုမျိုးကိုမဆို ကျေကျေနပ်နပ်လက်ခံမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတဲ့ပုံစံမျိုးဖြစ်ဖို့လိုပါတယ်။
ChoChoThan(Shwemom)
ref:wikihow.com
SHARE