ကြည့်သူတိုင်း အသည်းယားလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုလေး

facebook/VinhQuang1005

မကြာသေးခင်က ဗီယက်နမ်လူမျိုးအဘိုးတစ်ယောက်ဟာ မွေးကင်းစကလေးကို အန္တရာယ်ကင်းစွာနဲ့ ရေချိုးနည်း သားဖြစ်သူကို သင်ကြားပေးခဲ့ပါတယ်။ ၄င်းရဲ့သား Vinh Quang Pham ကတော့ ဖခင်ပို့ပေးလိုက်တဲ့ဗီဒီယိုကို သဘောကျတာနဲ့ အွန်လိုင်းပေါ်တင်ခဲ့တာပါ။ ဗီဒီယိုထဲမှာတော့ အဘိုးဟာ တကယ့်ကလေးအစစ်အစား ကြောင်လေးတစ်ကောင်ကို အသုံးပြုကာ ရှင်းပြခဲ့တာဖြစ်ပါတယ်။

facebook/VinhQuang1005

ဗီဒီယိုထဲမှာတော့ ကလေးကိုဘယ်လိုကိုင်တွယ်ရမယ်၊ ဘယ်လိုသန့်စင်ပေးရမယ်ဆိုတာနဲ့ပတ်သက်ပြီး အဘိုးက အဆင့်ဆင့်ရှင်းပြသွားခဲ့ပါတယ်။ ဒီထဲမှာအံ့သြစရာအကောင်းဆုံးက ကြောင်လေးပါပဲ။ ကြောင်လေးက ဗီဒီယိုရိုက်ကူးနေတဲ့တစ်လျှောက်လုံး တော်တော်လေး သက်တောင့်သက်သာဖြစ်နေတာပါ။ မသိရင် သူ့ကို ဗီဒီယိုရိုက်နေတာ သူကသရုပ်ဆောင်နေတယ်ဆိုတာ သိသလိုလိုနဲ့ ငြိမ်ငြိမ်လေးရှိနေတာပါ။

facebook/VinhQuang1005

အဘိုးကတော့ “လည်ပင်းကိုကိုင်ပြီး တင်ပါးလေးကိုကိုင်၊  ဒါမှမြဲလိမ့်မယ်။ ပြီးတော့ သူ့ကိုရေချိုးဇလုံးထဲထည့်လိုက်…” စသဖြင့် ဗီယက်နမ်စကားနဲ့ ရှင်းပြနေတာပါ။ ဒါ့အပြင် ကလေးခေါင်းကို တစ်ချိန်လုံး မလွှတ်ဘဲ အမြဲတမ်းဖေးမထားဖို့ အဘိုးက ပြောထားပါသေးတယ်။

READ
ချစ်စရာကောင်းတဲ့ ကြောင်မျက်နှာလေးတွေကို အခြားအရာဝတ္ထုတွေထဲ ထည့်ကြည့်တဲ့အခါ…
facebook/VinhQuang1005

ပြီးတဲ့အခါမှာတော့ အဘိုးဟာ ကြောင်လေးကိုသူ့ပေါင်ပေါ်တင်ပြီး မွေးကင်းစကလေးရဲ့ခေါင်းကို ဘယ်လိုသန့်ရှင်းရေးလုပ်ပေးရမယ်ဆိုတဲ့အကြောင်း ရှင်းပြပါသေးတယ်။ ကြောင်လေးရဲ့ခေါင်းကို ဖွဖွလေးနှိပ်ပေးနေတာ။ ရေနည်းနည်းဆွတ်သလိုနဲ့ ဟန်ပြနေတာတွေကိုလည်း ဗီဒီယိုထဲမှာတွေ့ရပါလိမ့်မယ်။ ဗီဒီယိုလေးဟာ ချစ်စရာအရမ်းကောင်းလွန်းတဲ့အတွက်  ကြည့်ရှုသူတော်တော်များခဲ့ကြောင်းလည်း boredpanda သတင်းအရ သိရပါတယ်။

ShweMom

SHARE