Bff တွေ တစ်သက်လုံး အခင်အမင်မပျက်ဘဲ အတူတူရှိနေဖို့ ဒါလေးတွေကိုလိုက်နာပါ

Good Friend ဆိုတာထက် Best Friend Forever ဆိုတဲ့ အဓိပ္ပာယ်က ပိုပြီးနက်နဲတယ်။ Bff တွေက သူငယ်ချင်းသံယာဇဉ် ပိုပြီးရှည်ကြတယ်။ သူငယ်ချင်းတွေဆိုတာ ကိုယ့်ကိုယ်ကို ဂရုစိုက်သလို သူတို့ကိုလည်းဂရုစိုက်ပေးရတယ်။ အချင်းချင်းပွင့်လင်းရမယ်။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သိထားဖို့လိုတယ်။

(၁) အကူအညီလိုရင် ကူညီပေးပါ

သင့်အတွက်သူက အချစ်ရဆုံး bff ဆိုရင်တော့ သူအကူအညီလိုအပ်နေတဲ့အချိန်မှာ ကူညီပေးလိုက်ပါ။ သူအကူအညီလိုနေချိန်မှာ ရှောင်သွားတာတို့ ၊ မသိချင်ယောင်ဆောင်လိုက်တာတို့က သူငယ်ချင်းကောင်းတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။ သူ့လိုအပ်နေတဲံ အကူအညီကို မငြီမငြိုဘဲ ကူညီပေးလိုက်ပါ။ တစ်နေကျရင်လည်း သင့်အတွက် အကူအညီတစ်ခုကို ပြန်ရလာမှာပါ။ သူ့အတွက်လည်း သင်ဟာ တကယ်အားကိုးရလောက်တဲ့ သူငယ်ချင်းကောင်းဆိုတာကို ယုံကြည်သွားမှာပါ။ သူငယ်ချင်း သံယောဇဉ်လည်း ပိုခိုင်သွားမှာပါ။

(၂) အချင်းချင်း မလျှိုပါနဲ့

သူငယ်ချင်း အချင်းချင်း မလျှိုပါနဲ့။ သူအပေါ်ကို မလျှိုဝှက်ထားပါနဲ့။ ပွင့်ပွင့် လင်းလင်းပြောပြီး တိုင်ပင်ပါ။ သူငယ်ချင်းကောင်း (Bff) ဖြစ်ချင်တယ်ဆိုရင်တော့ ကိစ္စမှန်သမျှ သူနဲ့မျှဝေပါ၊ မလျှိုဝှက်ပါနဲ့၊ အကြံတောင်းပါ။ သူငယ်ချင်းကောင်း(Bff) တွေဆိုတာ ညီအစ်မအရင်းတွေလိုပါပဲ။

READ
ဘယ်တော့မှ အရှုံးမပေး၊ စိတ်ဓာတ်က သံမဏိလိုမာတဲ့ ကောင်မလေးတွေရဲ့အပြုအမူများ

(၃) မှားနေတာရှိရင် အကြီးတစ်ယောက်လို ဆုံးမပေးပါ

သူငယ်ချင်းကောင်းဆိုတာက သူမှားနေတာရှိရင် အကြီးတစ်ယောက်လို ဆုံးမပေးပါ။ ကောင်းတဲ့လမ်းကို ပြပေးပါ။ သူအမှားလုပ်မိရင်တောင် ဘယ်ဟာကိုတော့ ပြင်သင့်တယ်ဆိုတာကို ပြောပေးပါ။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ချောင်မတွန်းပါနဲ့။ ကောင်းတဲ့လမ်းကို ညွန်းပေးပါ။ မနာလိုမဖြစ်ပါနဲ့။ စိတ်ထဲကနေ ၀မ်းသာပေးပါ။ ဘေးကနေ ကူညီပေးပါ။ အဲ့ဒါတွေက သူငယ်ချင်းကောင်းတွေရဲ့ အပြုအမှုတွေပါပဲ။

(၄) သူငယ်ချင်းပြသနာ က ကိုယ့်ပြသနာလို့တွေးပါ

“My best friend’s problems are my problems” ဆိုတဲ့အတိုင်း သင့်အချစ်ဆုံးသူငယ်ချင်းရဲ့ပြသနာဟာ သင့်ပြသနာပါပဲလို့တွေးပါ။ အဲ့ဒါမှ သူငယ်ကောင်းပီသမှာပါ။ သူမှာ ပြသနာတစ်ခုခုဖြစ်ခဲ့ရင် အမြဲသူ့ဘက်ကနေ လိုက်ပြောပေးတာတို့၊ သူ့ဘက်ကပဲ ပါတာမျိုးပါ။

(၅) သူငယ်ချင်းကို ဦးစားပေးပါ

ဒီအချစ်ဆုံးသူငယ်ချင်းလေးနဲ့ အပြင်သွားဖို့ စီစဉ်ထားကာမှ တခြားတစ်ယောက်က ချိန်းလာရင်တောင် ကိုယ့် သူငယ်ချင်းကိုပဲ အရင် ဦးစားပေးပါ။ သူကိုပဲ ဦးစားပေးတယ်ဆိုတာကို ပြပေးလိုက်ပါ။ အချစ်ဆုံးသူငယ်ချင်းကသာ ပထမ ဦးစားပေးဆိုတာကို သိအောင်လုပ်ပေးပါ။

Hannwe Soe (Shwemom)

READ
ဒူးနဲ့တံတောင်ဆစ်ပေါ်က အမည်းကွက်တွေကို ဖယ်ရှားနည်း

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE