စမတ်ကျတဲ့အမျိုးသမီးဖြစ်ဖို့ အကြံကောင်းလေးများ

ယောက်ျားလေးတစ်ယောက်ကိုကြည့်ရင် သူ့ဖိနပ်ကိုအရင်ဆုံး ကြည့်လေ့ရှိပါတယ်။ မိန်းကလေးတစ်ယောက်ကို ကြည့်ရင်တော့ ခေါင်းအစ ခြေအဆုံး ကြည့်တတ်ကြပါတယ်။ ဒီနည်းလမ်းလေးတွေဟာ ပျိုမေတို့ကိုပိုပြီး စွဲဆောင်မှုရှိပြီး စမတ်ကျနေစေမှာသေချာပါတယ်။

(၁) သင့်ရဲ့ခန္ဓာကိုယ်ဟာ ဘယ်လိုအမျိုးအစားထဲမှာ ပါနေလဲဆိုတာကို ကိုယ်တိုင်သိပါ။

ဘာဖြစ်လို့လဲဆိုရင် တခြားမိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့အ၀တ်အစားတွေက သင်နဲ့လိုက်ဖက်ချင်မှ လိုက်ဖက်လိမ့်
မယ်။ သင်ဟာ တော်တော်လေးဝနေတယ်ဆိုပါတော့။ လည်ပင်းပိတ်တဲ့အကျီင်္တွေနဲ့ ကျပ်ထုပ်နေတဲ့အကျီင်္တွေကို
မ၀တ်မိပါစေနဲ့။

(၂) ဂရုတစိုက်လိမ်းခြယ် ပြင်ဆင်ပါ။

မျက်ခုံးမွှေးဆွဲတာမသပ်မရပ် ဖြစ်နေတာတို့၊ မိတ်ကပ်တွေကွက်နေတာတို့၊ ခြေသည်း လက်သည်းတွေ မသန့်ရှင်းတာတို့ လုံးဝ မဖြစ်ပါစေနဲ့။

(၃) သက်တောင့်သက်သာဖြစ်မယ့် အ၀တ်အစားကိုပဲဝတ်ပါ။

Fashion model တွေကိုအရမ်းအားမကျပါနဲ့။ သူတို့တွေဟာ အဲလိုအ၀တ်အစားမျိုးတွေကို ကြော်ငြာပေးရုံ ခဏလေးပဲဝတ်ရတာပါ။ နာရီအကြာကြီး ၀တ်ရမယ့် သင့်အဖို့ အဆင်မပြေလောက်ပါဘူး။

READ
အသားရေလှပသန့်ပြန့်နေစေဖို့ နည်းလမ်းများ

(၄) သင့်ရဲ့အ၀တ်အစားအရောင်နဲ့လိုက်ဖက်တဲ့ အိတ်နဲ့ဖိနပ်ကိုအသုံးပြုပါ။

Classic ဆန်တဲ့အရောင်တွေဖြစ်တဲ့ အနက်ရောင်၊ အညိုရောင်၊ အဖြူရောင်တို့ဟာ အ၀တ်အစားတိုင်းနဲ့လိုက်ဖက်ပါတယ်။

(၅)အရေးပေါ်ပစ္စည်းလေးတွေဆောင်သွားပါ။

ဘီး၊ နှုတ်ခမ်းနီ၊ ကြည့်မှန်အသေးလေး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို သွားလေရာဆောင်သွားသင့်ပါတယ်။ အချိန်မရွေး လိုအပ်လာနိုင်တာကြောင့်ပါ။

(၆)သင့်ရဲ့ အနံ့အသက်ကို အထူးဂရုစိုက်သင့်ပါတယ်။

သေချာမခြောက်သေးတဲ့အ၀တ်တွေကိုမ၀တ်ပါနဲ့။ သင်ဟာချွေးထွက်များသူတစ်ယောက်ဆိုရင်တော့ ချွေးနံ့ပျောက်ဆေး၊ ရေမွှေး စတာတွေကိုမဖြစ်မနေသုံးပေးသင့်ပါတယ်။မွှေးကြိုင်တဲ့ကိုယ်သင်းနံ့ဟာ မိန်းကလေးတစ်ယောက်ရဲ့ အဓိကစွဲဆောင်မှုပါ။

(၇)အကောင်းမြင်စိတ်နဲ့ အပြုံးလှလှလေးကို အမြဲတမ်းဆောင်ထားဖို့မမေ့ပါနဲ့။

မိန်းကလေးတစ်ယောက်ကို အတောက်ပစေနိုင်ဆုံးအရာကတော့ သူ့ရဲ့လှပတဲ့စိတ်ထားပဲဖြစ်ပါတယ်။ ဒါကြောင့်အကောင်းမြင်စိတ်လေးနဲ့အတူ စိတ်ထားလေးကိုထင်ဟပ်စေနိုင်တဲ့ အပြုံးလှလှလေးဟာ မရှိမဖြစ်ဆောင်ထားရမယ့် အရာလေးပါနော်။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

READ
ဒီအပြုအမူ (၇)ချက်က မိန်းကလေးတစ်ယောက်ကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ်။

 

SHARE