ဖက်ရှင်ကျကျဆွဲဆောင်မှုရှိနေစေဖို့ ဆောင်ထားသင့်တဲ့အချက်များ

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ်ဖက်ရှင်ကျပြီးဆွဲဆောင်မှုရှိနေစေဖို့တန်ဖိုးကြီးအ၀တ်အစားတွေမလိုပါဘူး။အမြဲတမ်းဖက်ရှင်ကျကျ ဆွဲဆောင်မှုရှိနေဖို့  ငွေကြေးမတတ်နိုင်ဘူးလို့ပြောတဲ့သူတွေဟာဖက်ရှင်နဲ့ပတ်သက်ပြီးမှားယွင်းတဲ့ အတွေးအခေါ်တွေရှိနေတယ်လို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့အဲဒီလို ငွေကြေးအများအပြားရင်းနှီးမြှုပ်နှံပြီးတန်ဖိုးကြီးအသုံးအ ဆောင်တွေမပါဘဲ ဖက်ရှင်ကျကျနေနိုင်တဲ့လျှို့ဝှက်ချက်လေးတွေရှိနေပါတယ်။ အဲဒီလျှို့ဝှက်ချက်လေးတွေကို Shwemomပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

 ၁)သွားကိုစင်ကြယ်စွာတိုက်ပါ

ခံတွင်းနံ့ကောင်းမွန်ခြင်းကလည်းလူတစ်ယောက်ကိုအမြဲတမ်းဖက်ရှင်ကျနေစေတဲ့လျှို့ဝှက်ချက်တစ်ခုပါ။ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်းလူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အခါကိုယ့်ရဲ့စကားလုံးတိုင်းကသင်းပျံ့တဲ့လေလှိုင်းကနေတခြားသူဆီကို ရောက်သွားသလိုကိုယ့်ကိုယ်အမြဲယုံကြည်မှုရှိနေစေပါတယ်။ဒါကြောင့်အမြဲတမ်းဖက်ရှင်ကျချင်တယ်ဆိုရင်သွားကိုစင်ကြယ်အောင်တိုက်တဲ့အပြင် ကိုယ့်အိတ်ထဲမှာသွားပွတ်ကြိုးတို့၊ ခံတွင်းသန့်စင်ရည်တို့ ဆောင်ထားဖို့မမေ့နဲ့နော်။

၂)ဆံကေသာကိုဂရုစိုက်ပါ

အမြဲတမ်းဆံပင်ရှုပ်ရှုပ်ပွပွနဲ့လူတစ်ယောက်ဟာမြင်ရသူအဖို့စိတ်ညစ်ညူးသွားစေပါတယ်။ခေါင်းချွေးနံ့ထွက်တာ၊စေးကပ်ကပ်ဆံပင်ပုံစံကြောင့် သင့်ရဲ့တခြားသောအလှတရားတွေကိုတောင် ဖုံးလွှမ်းသွားနိုင်ပါတယ်။ဒါ့အပြင် ခေါင်းယားလို့လူကြား ထဲခဏခဏကုတ်တတ်တာကလည်း  မွေးမထားသင့်တဲ့အကျင့်ပါ။ဒါကြောင့်အဲဒီလိုမဖြစ်အောင်သုံးရက်တစ်ခါ ခေါင်းကိုပုံမှန်လျှော်ပါ။အနည်းဆုံးသုံးလတစ်ခါလောက်တော့ဆံပင်ညှပ်ဆိုင်သွားပြီးဆံပင်ကိုပြုပြင်မွမ်းမံပါ။ဒီလိုလုပ်ခြင်းအားဖြင့်လူကိုဖက်ရှင်ကျစေရုံသာမက စိတ်ဖိစီးမှုကိုလည်းလျော့နည်းစေပါတယ်။

၃)ကိုယ်အလေးချိန်ထိန်းသိမ်းပါ

လူတစ်ယောက်အတွက် ကျန်းမာတဲ့ခနာကိုယ်ရှိနေခြင်းကလည်း အဲဒီလူကိုဆွဲဆောင်မှုရှိစေပါတယ်။အသား၊ငါး၊အသီး အရွက်နဲ့ သဘာဝအဆီတို့ကို မျှမျှတတစားသုံးပါ။သင်ကအမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုရင်လည်း ကိုယ်အလေးချိန် တက်မှာကိုစိတ်ပူပြီး အစာလျှော့စားတာမျိုးမလုပ်သင့်ပါဘူး။ခနာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်တွေလုံလောက်မျှတစွာ ရရှိမှ ကျန်းမာတဲ့ခနာကိုယ်ကိုပိုင်ဆိုင်ခွင့်ရမှာပါ။ သွေးလည်ပတ်မှုကောင်းမွန်တဲ့အတွက် အသားအရေလည်းစိုပြည် ၀င်းလက်လာပါလိမ့်မယ်။အသားအရေကောင်းတဲ့သူတစ်ယောက်အတွက် ဖက်ရှင်ကျကျလှနေဖို့ တန်ဖိုးကြီးအ၀တ် အစားတွေမလိုဘူးဆိုတာ ပြောစရာလိုမယ်မထင်တော့ပါဘူး။

၎)သင့်တင့်တဲ့ခြယ်သမှုပြုလုပ်ပါ

တချို့မိတ်ကပ်မကြိုက်တဲ့မိန်းကလေးတွေရှိပါတယ်။ဒါပေမယ့်လုပ်ငန်းခွင်မှာဖြစ်စေ၊လူကြားထဲဖြစ်စေ ပြင်ဆင်ခြယ်သထားသူနဲ့မပြင်မဆင်ရှိတဲ့သူကိုဦးစားပေးပုံခြင်းမတူပါဘူး။အလွန်အကျွံပြင်ဆင်ခြယ်သဖို့မလိုပေမယ့်မိန်းကလေးတိုင်းမှာကိုယ်စီရှိတဲ့အလှတရားတွေကိုမွမ်းမံပေးဖို့တော့လိုပါတယ်။တချို့မျက်လုံးလှတယ်၊တချို့ နှုတ်ခမ်းကချစ်စရာကောင်းတယ်၊အဲဒီလိုပဲအသားအရေလှတဲ့သူမျက်ခုံးကောင်းတဲ့သူစသဖြင့်အလှကိုယ်စီရှိကြပါတယ်။တကယ်တော့အလှပြင်တယ်ဆိုတာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့နဲ့ ကိုယ့်မှာရှိပြီးသားအလှတရားလေးတွေအတွက် ဂုဏ်ယူခြင်းပဲဖြစ်ပါတယ်။

၅)လိုက်ဖက်တဲ့အ၀တ်အစားကိုရွေးချယ်ပါ

မိန်းကလေးတွေသတိထားရမယ့် နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဆွဲဆောင်မှုရှိတယ်၊ဖက်ရှင်ကျတယ်ဆိုတာ sexyဖြစ်နေတာကိုပြောတာမဟုတ်ပါဘူး။ကိုယ်နဲ့လိုက်ဖက်တဲ့အ၀တ်အစားဒီဇိုင်းကို ရွေးချယ်ဝတ်ဖို့ကိုဆိုလိုတာပါ။တခါတလေ အ၀တ်အစားနဲ့ လူနဲ့တခြားစီဖြစ်နေတာမျိုး တချို့မိန်းကလေးတွေ ကိုယ်တိုင်ခံစားဖူးမှာပါ။အဲဒီလိုဖြစ်နေရင် ဘယ်လို မှ ဖက်ရှင်မကျနိုင်သလိုဆွဲဆောင်မှုလည်းရှိမှာမဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်ရဲ့ဖက်ရှင်ကိုဆန်းသစ်တီထွင်ချင်တယ်ဆိုရင် ကိုယ့်ခနာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့အ၀တ်အစားမျိုးကိုရွေးချယ်ဝတ်ဖို့ တိုက်တွန်းပါတယ်။
ChoChoThan(Shwemom)
ref:wikihow.com
 
SHARE