Singleများအတွက် Valentine’s Dayကို ပျော်ရွှင်စွာဖြတ်ကျော်နည်း

ချစ်သူမရှိဘူးလား။ ချစ်သူများနေ့က ရောက်တော့မှာနော်။ အားမငယ်ပါနဲ့။ ချစ်သူမရှိတာ အားငယ်
စရာမဟုတ်ပါ။ လက်တွဲဖော်မရှာဘဲ တစ်ယောက်တည်းရပ်တည်နေနိုင်တာကိုက ဂုဏ်ယူစရာပဲ
မဟုတ်လား။ နောက်ပြီး သူများအတွဲတွေ အင်္ကျီဆင်တူလေးတွေနဲ့ ခြေကုန်လက်ပန်ကျအောင်
လျှောက်သွားနေချိန် သင့်မှာ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းစရာတွေ ရှိနေပါတယ်။

ဒါကြောင့် ချစ်သူများနေ့-ဆိုတာ သင့်အတွက်တော့ လက်တွဲဖော်မရှိဘဲ ပျော်စရာတွေနဲ့ ပြည့်နှက်
နေစေမယ့်အရာလို့ ဆိုပါရစေ။ ဒီတော့ သင့်အနေနဲ့ အဖော်မရှာတစ်ကိုယ်တည်း အပျိုကြီးဘ၀ပဲ
ဆိုဆို၊ အပူအပိုတိုးမှာစိုးလို့ လူပျိုးသိုးပဲဖြစ်ဖြစ်၊ အဓိကစကား အမိက မကြားလို့ ကြံရအခက်ဖြစ်
နေတဲ့ လူပျိုခြေတက်လေးပဲ ဖြစ်နေဖြစ်နေ၊ လူရှင်းတုန်း နှစ်ကိုယ်ကြားစကားနဲ့ အပျိုနားရှက်မ
ယ့် စကားမဆိုလို့ စိတ်တိုခန်းဝင်နေတဲ့ အပျိုဖြန်းမလေးတွေလည်း အပါအ၀င်-အားလုံးသော
Single တွေအတွက် ချစ်သူများနေ့မှာ ပျော်ရွှင်ဖို့ လုပ်ရမယ့်အရာလေးတွေကို မျှဝေပါရစေဗျာ။
1. သင်ကြိုက်သလို ပျော်နိုင်တယ်။

သူတို့တစ်တွေက လက်ကလေးတွေ ကိုယ်စီချိတ်ပြီး ဒီလိုနေ့မျိုးရောက်မှ ချစ်ရကောင်းမှန်း သိ
ကြတာတွေအတွက် စိတ်ထဲမှာ ကွက်မနေပါနဲ့။ ဒီအချိန်မျိုးမှာ သင်ဟာ ကြိုက်သလို ပျော်နိုင်
တယ်။ သင့်ကို ချုပ်ချယ်မယ့်သူ မရှိဘူး။ ဒါဟာ တစ်ကိုယ်တည်းသမားအတွက် သိပ်ကို နှစ်မြို့
ဖွယ်အခွင့်အရေးပဲ။ ရုပ်ရှင်ကြည့်မှာလား၊ ငါးသွားမျှားမလား သင်ဟာ သင့်အတွက် တစ်ဦးတည်း
သော သခင်ပဲပေါ့။

READ
တော်ဝင်စုံတွဲတွေရဲ့ လက်တွေ့ဘ၀ထဲက ပုံပြင်ဆန်တဲ့ ချစ်ဇာတ်လမ်းများ

2. သင်ဝါသနာပါရာကို လုပ်ပါ။

ဒီလို အားလပ်ရပ်အချိန်မျိုးမှာ စာရေးတာဝါသနာပါရင် စာရေး၊ ရေကူး၊ ဘောလုံးကစား၊ ကြိုက်တာ
လုပ်နေလိုက်။ လူဆိုတာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရရင် ပျော်နေတာ
ပဲလေ။
3. သူငယ်ချင်းတွေဆီသွားလည်ပါ။

Dancing

သင်တစ်ယောက်တည်း single မဟုတ်ပါဘူး။ တစ်ခြား single ဖြစ်တဲ့ အဖော်တွေဆီ သွားလည်ပြီး
ကိုယ်ကြိုက်တဲ့ခေါင်းစဉ်ပေး ပါတီပွဲလုပ်၊ ဂိမ်းဆော့၊ သီချင်းဆို၊ ၀ိုင်သောက် စတာတွေ လုပ်ပေါ့။
အနည်းဆုံးတော့ သင့်သူငယ်ချင်းနဲ့ စကားပြောရလို့ ပျင်းချိန်တောင် ရမှာမဟုတ်ပါဘူး။

4. ပိုက်ဆံစိတ်ကြိုက်သုံးပေါ့။

ဒါက သင်က single ဖြစ်နေလို့ ပြောတဲ့ စကားပါ။ ဟုတ်တယ်လေ။ အတွဲလေးတွေဟာ အရောင်
အသွေးစုံစုံလင်လင်နဲ့ couple shirt တွေ ၀ယ်ရလို့ လည်ပို့ပတ်ဖို့ ပိုက်ဆံ မလောက်မငဖြစ်ပြီး
နှစ်ယောက်သား အာလူးခင်းစိုက်နေချိန်၊ သင်က ပိုက်ဆံကို စိတ်ကြိုက်သုံးနိုင်တယ်။

READ
စုံတွဲတွေအများဆုံးဖြစ်တတ်တဲ့ ပြဿနာ(၄)မျိုးနှင့် ဖြေရှင်းနည်းများ

5. လွတ်လပ်မှုကို ကောင်းကောင်းအသုံးချပါ။

အတွယ်အတာမရှိတဲ့သူတွေဟာ သိပ်လွတ်လပ်ပါတယ်။ တစ်ခါတလေ ကိုယ့်လွတ်လပ်မှုက
ဘာလဲဆိုတာတောင် နားမလည်တဲ့သူတွေရှိနေလို့ သင် ရှားရှားပါးပါးရထားတဲ့ လွတ်လပ်မှုကို
ကောင်းကောင်းအသုံးချတတ်ဖို့ လိုပါတယ်။

6. စိတ်ကြိုက်ချက်စားမယ်။

cooking

ဒီလိုအားလပ်ရက်မျိုးမှာ သင် စိတ်ကြိုက်ဟင်းလျှာတွေ ချက်စားလို့ရပါတယ်။ ဒါမှမဟုတ်
အကောင်းဆုံးစားသောက်ဆိုင်မှာ Old Country Music ကို ငြိမ့်ငြိမ့်လေးဖွင့်ပြီး လွတ်လပ်မှု
အရသာကို လှလှပပလေး ခံစားလိုက်ပါ။

7. တစ်ယောက်တည်းနေရတာ ငြိမ်းချမ်းတယ်။

ငြိမ်းချမ်းမှုကို လိုလာရင် တစ်ယောက်တည်းနေပါ။ နှစ်ယောက်ဖြစ်သွားရင် မငြိမ်းချမ်းတော့ဘူး။
အဲဒီ နောက်ရောက်လာတဲ့ တစ်ယောက်က အပေါင်းအသင်းဆိုရင် သင့်အတွက် ကူဖော်လောင်
ဖက် ရချင်ရဦးမယ် … ချစ်သူဖြစ်နေရင် သင့်ကို ဂျီကျမယ်၊ ပူဆာမယ်၊ ရန်ဖြစ်မယ်၊ မုန့်ဝယ်ကျွေး
ရမယ် … စတဲ့ အပူအပင်တွေမို့ တစ်ယောက်တည်း နေရတဲ့အရသာကို ပြန်လိုချင်လို့ မလွယ်ပါ
ဘူး။ ဒီတော့ ဒီအတိုင်းလေးပဲ ကောင်းပါတယ်လို့ … နော်။

အတွဲတွေကိုလည်း မေတ္တာမကွက်ပါနဲ့။ Single အားလုံးပဲ Valentine’s Day  ကိုပျော်ရွှင်စာနဲ့
ဖြတ်ကျော်နိုင်ကြပါစေ။

နတ်စည်တော် (Shwemom)

SHARE