ငွေကုန်ကြေးကျ မများဘဲ ကျန်းမာအောင် ဘယ်လိုနေကြမလဲ

ကိုယ်ဖြတ်သန်းရမယ့် ဘ၀ခရီးကို ကျန်းကျန်းမာမာနဲ့ မဖြတ်သန်းချင်တဲ့သူ ဘယ်သူများရှိမလဲနော်။ အကုန်လုံးက ကျန်းမာနေချင်ကြပေမယ့် ကျန်းမာရမယ့် နည်းလမ်းတွေကိုတော့ မလိုက်နာချင်ကြဘူးလေ။ တကယ်တော့ အခက်ကြီးမဟုတ်ပါဘူး။ ကိုယ့်ကို ကျန်းမာနေစေမယ့် နည်းလမ်းတွေက ကိုယ်လုပ်နိုင်တာလေးတွေပါပဲ။ ဘာတွေလဲဆိုတာတော့ ဖတ်ကြည့်လိုက်နော်။

(၁)။ ရေများများသောက်ပါ

Life Leisure Blog

လူတစ်ယောက် အတွက်တော့ တစ်နေ့ကို ရေ(၁)လီတာကနေ (၂) လီတာအတွင်းက ပုံမှန်သောက်သင့်တဲ့ ပမာဏပါ။ ရေသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်သလို အသားအရေအတွက်လည်း ပိုမိုလှပလာဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကို ပိုမို သန့်စင်ပေးနိုင်မှာဖြစ်ပြီး အစာစားချင်စိတ်ကိုလည်း ထိန်းညှိပေးပါလိမ့်မယ်။

(၂)။ မနက်စာကို ကောင်းကောင်းစားပါ

Earth’s Enrichments

မနက်စာကို အဟာရ ပြည့်ပြည့်၀၀ စားပေးခြင်းကလည်း သင့်ရဲ့ ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုပါတယ်။ အသီးအနှံ၊ ကြက်ဥ၊ နွားနို့နဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေက အကောင်းဆုံး မနက်စာတွေဖြစ်ပြီး သင့်ကို ကျန်းမာရေး ပိုလို့ကောင်းမွန်အောင် အထောက်အကူ ပေးပါလိမ့်မယ်။

READ
ဒီလေ့ကျင့်ခန်းတွေက နောက်ကျောအဆီနဲ့ ချိုင်းအောက်အဆီတွေကို ကျစေပါတယ် ...

(၃)။ အသားကို တတ်နိုင်သလောက် လျှော့စားပါ

Delicious

အသီးအရွက်နဲ့ သစ်သီးတွေကို ပန်းကန်ပြား တစ်ဝက်လောက် ပုံမှန်စားပေးတယ် ဆိုရင်ပဲ သင့်ရဲ့အစားအသောက် ပုံစံက မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောလို့ရပါတယ်။ အသားတွေကို စားတာထက်စာရင် အရည်ရွှမ်းတဲ့ အသီးအနှံတွေက သင့်ရဲ့ကျန်းမာရေးအတွက် အထောက်အကူ ပေးမှာဖြစ်ပြီး သင့် ခန္ဓာကိုယ်ထဲက အဆီပိုတွေကို လျော့ချပေးနိုင် ပါလိမ့်မယ်။

(၄)။ အချိန်မှန်စားပါ

Nutrino

သင် အစားစားတဲ့ အချိန်ကို အချိန်မှန်မှန်လေး သတ်မှတ်ထားသင့် ပါတယ်။ မနက်စာကို (၇) နာရီလောက်စားပြီး နေ့လည်စာကို ညနေ (၃) နာရီလောက်မှာ .. စား၊ ညစာကို ည (၁၁) နာရီလောက်မှာ စားတယ်ဆိုရင်တော့ သင့်ရဲ့ အစာစားချိန်တွေဟာ ကပြောင်းကပြန် ဖြစ်လို့နေမှာပါ။ ညစာကို အိပ်ယာဝင်ခါနီးမှ ကပ်ပြီးစားတာကလည်း မကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး သင့်ရဲ့ အစာခြေဖျက်နိုင်စွမ်းကို ဒုက္ခတွေ့စေ ပါလိမ့်မယ်။

READ
သင့်ရင်သွေးများကို ငယ်စဉ်ကတည်းက သင်ကြားပေးသင့်သောအရာ(၁၀) မျိုး

(၅)။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Wondrlust

တစ်နေ့ကို မိနစ် (၂၀) ကနေ (၃၀) လောက် အချိန်ပေးပြီး ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းကလည်း သင့်ရဲ့ကျန်းမာရေးကို ပိုလို့ ကောင်းမွန်စေပါတယ်။ ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် သင့်ရဲ့ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးရာရောက်ပြီး ကောင်းမွန်စွာ အိပ်စက်ဖို့ကိုလည်း အထောက်အကူ ပေးပါလိမ့်မယ်။ ဒါ့အပြင် သင် ကယ်လိုရီတွေ များများစားမိတယ်ဆိုရင်လည်း လေ့ကျင့်ခန်း အစီအစဉ်တွေကနေ တစ်ဆင့် လျော့ချပေးပါလိမ့်မယ်။

(၆)။ သင့်ရဲ့ပုံမှန်ကိုယ်အလေးချိန်ကို အမြဲစောင့်ကြည့်ပါ

Greatist

သင် ကျန်းကျန်းမာမာ ဖြစ်နေချိန်မှာရှိတဲ့ ကိုယ်အလေးချိန်ကို အမြဲမှတ်မိနေအောင် လုပ်ထားပါ။ သင့်မှာ ပေါင်ချိန်စက်တစ်လုံးရှိနေရင်တော့ အဆင်ပြေတာပေါ့။ တစ်ပတ်တစ်ခါလောက် ပေါင်ချိန်ကြည့်ပေးပြီး သင့်ကိုယ်အလေးချိန် ကျသွားလား၊ တိုးလာသလားဆိုတာကို အကဲခတ်လို့ ရတယ်လေ။ ပုံမှန် ကိုယ်အလေးချိန်ထက် နည်းလာတာ၊ ဒါမှမဟုတ် ပိုပြီးတိုးလာတာတွေ တွေ့ရင် ပြန်ပြီး ချိန်ညှိလို့ ရတာပေါ့။

Linn

Source : Wikihow

SHARE