ယောက်ျားလေးတစ်ယောက်ရှေ့မှာဆွဲဆောင်မှုရှိအောင်ဘယ်လိုနေမလဲ

မိန်းကလေးတစ်ယောက်အနေနဲ့ ဘ၀မှာ အောင်မြင်ပျော်ရွှင်ဖို့ အထူးသဖြင့် ယောက်ျားလေးတစ်ယောက်ရှေ့မှာယုံကြည်မှု ရှိရှိနဲ့စွဲဆောင်မှုရှိနေစေဖို့လိုက်နာရမယ့်အချက်တွေများပါတယ်။အဲဒီအချက်အများကြီးထဲကမှရိုးရှင်းပြီး မြန်မြန်ဆန်ဆန် အကျိုးသက်ရောက်မှုဖြစ်စေမယ့် နည်းလမ်းလေးတွေShwemom ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

1)ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ

မိန်းကလေးတစ်ယောက်အနေနဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတာကလည်း စွဲဆောင်မှုတစ်မျိုးရှိစေတယ်နော်။ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုမရှိသေးဘူးဆိုရင်လည်းရှိလာအောင်လေ့ကျင့်ယူပါ။ဥပမာငါကစိတ်ရှည်တယ်၊သူငယ်ချင်းတွေအပေါ်မှာ တော်ရုံစိတ်မဆိုးဘဲသည်းခံနိုင်တယ်စသဖြင့်ကိုယ့်ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးရဲ့အားသာချက်လေးတွေကိုအမြဲတမ်းသတိထားပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ပါ။

2)သူ့ရဲ့favouriteအကြောင်းဆွေးနွေးပါ

ဘယ်သူမဆိုကိုယ်နှစ်သက်တဲ့အရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးရတာ၊ ခေါင်းစဉ်တစ်ခုထားပြီးပြောရတာသဘောကျတတ်ကြပါတယ်။အဲဒီလိုပဲ ယောက်ျားလေးတစ်ယောက်ရှေ့မှာ စွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်ဖို့သိပ်ပြီးခက်ခက်ခဲခဲကြိုးစား စရာမလိုပါဘူး။သူ စွဲစွဲလမ်းလမ်းလုပ်တတ်တဲ့ဝါသနာအကြောင်း၊ အရူးအမူးနှစ်သက်တဲ့ ရုပ်ရှင်အကြောင်းစသဖြင့် သင်သိ ထားတဲ့အချက်လေးတွေနဲ့ ဆက်စပ်ပြီး စကားစမြည်ပြောမယ်ဆိုရင်လည်း သင်တို့နှစ်ယောက်အတွက် ကျေနပ်စရာအခိုက် အတန့်လေးဖန်တီးနိုင်မှာပါ။

3)နားထောင်တတ်သူတစ်ယောက်ဖြစ်ပါစေ

သွက်သွက်လက်လက်တက်တက်ကြွကြွရှိတဲ့မိန်းကလေးတွေကို ယောက်ျားလေးတွေသဘောကျတတ်ပေမယ့်သိပ်စကားများလွန်းရင်တော့သူတို့အမြင်မှာသိပ်ပြီးအာရုံနောက်စရာလို့ထင်သွားနိုင်ပါတယ်။ယောက်ျားလေးတစ်ယောက်နဲ့စကားပြောတဲ့အခါသူ့ရဲ့ဆိုလိုရင်း၊ပြောချင်တဲ့အဓိပ္ပာယ်ကို ပေါ်လွင်အောင်အာရုံစိုက်နားထောင်ပေးတတ်တာကလည်းမိန်းကလေးတစ်ယောက်ရဲ့စွဲဆောင်မှုရှိတဲ့အချက်တွေထဲမှာပါဝင်ပါတယ်။ဒါပေမယ့်အင်း၊အဲ၊ဟုတ်တယ်ဆိုတဲ့တုံးတိတုန့်ပြန်တာမျိုးမလုပ်သလိုကြားဖြတ်ဝင်ပြောတာမျိုးလည်းမဖြစ်အောင်အလျင်းသင့်သလိုသူ့ရဲ့စကားကိုကိုယ်ကပံ့ပိုးပေးတဲ့ပုံစံဖြစ်အောင် ပြောပေးခြင်းကလည်း မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားသင့်တဲ့ စကားပြောလိမ်မာပါးနပ်မှုစွမ်းရည်ပဲဖြစ်ပါတယ်။

4)သင်ဘယ်သူဆိုတာအရိုးသားဆုံးရှိနေပါစေ

များသောအားဖြင့်  ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ စကားစမြည်ပြောဖို့ဆိုတာ မနေတတ်ရင်လူကို စိတ်ကျဉ်းကြပ်မှုဖြစ်စေပါတယ်။အကြောင်းကတော့ရှက်တာရောသူစိမ်းယောက်ျားလေးရှေ့မှာကိုယ့်ပုံစံကကြည့်မ ကောင်းမှာစသဖြင့်အဲ့လိုစိုးရိမ်စိတ်တွေနဲ့သတိထားနေတဲ့အတွက်ကြောင့်ပါ။တကယ်တော့သူစိမ်းပဲဖြစ်ဖြစ်သိပေမယ့်သိပ်မရင်းနှီးသေးတာပဲဖြစ်ဖြစ်ကိုယ့်အကြောင်းကိုအလုံးစုံအိပ်သွန်ဖာမှောက်ပြောပြဖို့မလိုပေမယ့်ကိုယ်နေတတ်တဲ့ပုံစံအတိုင်းသက်တောင့်သက်သာနေဖို့တော့အရေးကြီးပါတယ်။ဥပမာရုပ်ရှင်အကြောင်းပြောမိတယ်ဆိုရင်သင်ကဘယ်လိုရုပ်ရှင်ကိုသဘောကျကြောင်းပွင့်ပွင့်လင်းလင်းပြောဖို့လိုသလို အဲ့လိုပြောနေရင်း ရယ်စရာအဖြစ်အပျက်တွေရှိခဲ့ရင်လည်း အမှတ်တမဲ့ပဲဖြစ်ဖြစ် တမင်ပဲဖြစ်ဖြစ်ပြောဖြစ်ပြီး ရယ်မိတာတွေရှိခဲ့ရင်လည်း သိပ်ပြီးစိုးရိမ်မနေသင့်ပါဘူး။ရိုးသားပွင့်လင်းမှုက သင့်ကို စွဲဆောင်မှုတစ်မျိုးဖြစ်နေစေမှာပါ။
ChoChoThan(Shwemom)
ref:wikihow.com
SHARE