အထာကျကျ ၊ စမတ်ကျကျ မိန်းကလေးတစ်ယောက်ဖြစ်အောင် နေထိုင်နည်း

သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စမတ်ကျကျမိန်းကလေးတွေကို မြင်ရင် ဘယ်အရာကို ပထမဆုံးတွေးမိပါလဲ။ သူတို့တွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလိုက်တာဆိုပြီး စိတ်ထဲမှာ ပြောဖူးတယ်မလား။ ဒီအတိုင်းပါပဲ သင့်ကိုယ်သင် စမတ်ကျကျ ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမှရမှာပါ။ စမတ်ကျတဲ့ မိန်းကလေးတစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲ။ အောက်မှာ ကြည့်ကြည့်လိုက်နော်။

(၁) သင်ပဲဖြစ်ဖို့လိုတယ်

သင့်ကိုယ့်သင် စမတ်ကျကျဖြစ်နေချင်ရင် သင်ကိုယ်သင်ပဲ ဖြစ်ဖို့လိုပါတယ်။ ဆိုလိုတာက သင့်ကိုယ်သင် တခြားသူတွေနဲ့နှိုင်းယှဉ်ပြီး စိတ်ပျက်နေတာမျိုးကို မလုပ်ဘဲ သင်က သင်ပဲမို့ သင့်ဖြစ်တည်မှုအတိုင်းပဲ သင်နေပါ။ တခြားသူတွေအတိုင်း လိုက်လုပ်နေတာမျိုး ၊ လိုက်ကူးနေတာမျိုးမလုပ်ဘဲ သင်ပုံစံအတိုင်းပဲ နေပါ။

pixabay

(၂) ယုံကြည်မှုရှိရှိ အလုပ်လုပ်ပါ

စမတ်ကျကျ မိန်းကလေးတွေကို ခေါင်းငိုက်စိုက်ကျပြီး လမ်းလျှောက်နေတာမျိုး ၊ အလုပ်လုပ်နေတာမျိုး သင်မြင်ဖူးလား။ သူတို့တွေက လမ်းလျှောက်ရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့လမ်းလျှောက်ကြတယ်။ ဒါကြောင့် သင်ကိုယ်တိုင် ဘယ်အရာကိုမဆို ယုံကြည်မှုရှိရှိနဲ့အလုပ်လုပ်ပေးပါ။

READ
သင့်ကိုပိုပြီးထက်မြက်လာစေနိုင်တဲ့ ဝါသနာ(၁၀)မျိုး

(၃) သင့်ပုံစံကိုရှာပါ

တကယ်လို့ စမတ်ကျကျဖြစ်ချင်တယ်ဆိုရင် သင့်ပုံစံအတိုင်းနေဖို့ လိုပါတယ်။ သင့်ပုံစံအတိုင်း သင်ရှိနေမှ သင့်ကိုယ်သင်ယုံကြည်မှုရှိလာပြီး စမတ်ကျကျ မိန်းကလေးတစ်ယောက် ဖြစ်လာနိုင်မှာပါ။

pixabay

(၄) မတွယ်ကပ်ပါနဲ့

စမတ်ကျကျနေချင်ရင်တော့ အကဲမပိုပါနဲ့။ အကဲပိုတယ်ဆိုတာ တစ်ခုခုကို လိုတာထက်ပိုပြီး စိတ်ခံစားနေတာမျိုး ၊ အပိုလုပ်နေတာမျိုး ၊ အပိုပြောနေတာမျိုးပါ။ တကယ်ကို စမတ်ကျကျနဲ့နေချင်တယ်ဆိုရင် အရှိကို အရှိတိုင်းနေပါ။ အကဲမပိုပါနဲ့။

Hannwe Soe

SHARE