အောင်မြင်တဲ့ Instagram Influencer တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အချက်များ

Image:celebrities' IG

အင်စတာဂရမ်တစ်ခုမှာ သြဇာကြီးပြီး ကျော်ကြားသူတစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ကူပါဘူး။မနာလိုသူတွေရဲ့ မုန်းတီးမှုကိုလည်းခံရပါသေးတယ်။ဒါ့အပြင် သူတို့ရဲ့လုပ်ရပ်တွေအောင်မြင်ဖို့အတွက် အချိန်တွေပေး ရင်းနှီးမြှုပ်နှံမှုတွေပေးရတာတွေရှိပါတယ်။ တစ်ချို့တွေကတော့ အင်စတာဂရမ်ကိုသုံးပြီး ကိုယ်ကျိုးအတွက်အသုံးပြုကြ ပါတယ်။ဒါကလည်း အများထဲမှာမှ တစ်ချို့တစ်လေသာရှိတာပါ။ဒီအလုပ်ပေါ်မှာအာရုံစိုက်ပြီး စိတ်ဝင်တစားလုပ်တဲ့ သူတွေကတော့ သူ့တို့ရဲ့လုပ်ရပ်နဲ့သူတို့ရဲ့စေတနာတွေကြောင့် အောင်မြင်ပြီးနာမည်ပျက်မရှိတဲ့ ကျော်ကြားတဲ့သူတွေ ဖြစ်လာပါတယ်။အစားအသောက်ပုံတွေ၊ အားလပ်ရက်ပျော်စရာအချိန်တွေ၊ အလှဓာတ်ပုံတွေရိုက်ပြီး တင်နေတာလောက်တော့ လူတိုင်းလုပ်နိုင်တယ်၊ လွယ်လွယ်လေးပါဆိုတဲ့လူတွေကို ဒီအလုပ်ဟာမလွယ်ကူပါဘူး ဆိုတဲ့အကြောင်းကိုအခုလိုပဲဖော်ပြခဲ့ပါတယ်။

Image:IG/selenagomez
Image:IG/Kylie

အင်စတာဂရမ်မှာ သြဇာကြီးပြီးကျော်ကြားသူတစ်ယောက် ဘယ်လိုတွေအချိန်ယူပြီး ကြိုးစားအားထုတ်ခဲ့ရတယ်ဆို တာလူတွေကမသိကြပါဘူး။ ပုံပေါင်းတစ်ရာနီးပါးလောက်ရိုက်ပြီး အဲ့ထဲကမှ ရှုထောင့်ပေါင်းစုံကအဆင်ပြေမယ့် ပုံကိုရွေးထုတ်ပြီး အင်စတာဂရမ်ပေါ်တင်ရတာတွေရှိပါတယ်။ကိုယ့်ကိုကြော်ငြာပေးဖို့အပ်ထားတဲ့ဘရန်းကို လူစိတ်ဝင်စားအောင် အသေးစိတ်ကအစကြည့်ရှုပြီးလုပ်နိုင်မှ ကိုယ့်ရဲ့လက်ရှိပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့ အင်စတာဂရမ်တစ်ခုကိုဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်တယ်လို့ follower သောင်းနဲ့ချီရှိတဲ့ အင်စတာဂရမ် တစ်ခုရဲ့ကျော်ကြားသူတစ်ယောက်ကအခုလိုပဲပြောကြားခဲ့ပါတယ်။

Image:IG/cristiano

အောင်မြင်တဲ့ အင်စတာဂရမ် တစ်ခုဖြစ်ဖို့ ထင်သလောက်မလွယ်ကူပါဘူး.

Image:IG/Sinon Loresca

အင်စတာဂရမ်မှာကျော်ကြားသူတစ်ယောက်ဟာ(၂၄)နာရီလုံးသူရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ကြိုးစားနေတာပါ။အင်စတာဂရမ်မှာတင်ဖို့ ဖန်တီးရတဲ့ပုံတစ်ပုံရရှိဖို့အတွက် နောက်ကွယ်ကနေလုပ်ရတဲ့အလုပ်တွေ အများကြီး ရှိပါတယ်။ အမည်ရှိတဲ့ကျော်ကြားတဲ့ ဘရမ်းအေဂျင်စီတစ်ခုကိုပူးတွဲတည်ထောင်ထားတဲ့ Leigh-Wood Oakes နဲ့ Gabby Wickham တို့ဟာ အင်စတာဂရမ်မှာကျော်ကြားတဲ့လူတစ်ယောက်ဖြစ်ဖို့ လွယ်ကူတယ်လို့ အရင်ကထင်မိတဲ့ အကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမယ့် ငါတို့ကျော်ကြားတဲ့လူတစ်ယောက်နဲ့ (၅)နှစ်ကျော်ကြာအလုပ်တွဲလုပ်ပြီး တဲ့နောက်မှာတော့ ဒီအလုပ်ဟာထင်သလောက်မလွယ်ကူဘူးလို့ပြောကြား ခဲ့ပါတယ်။အင်စတာဂရမ်မှာကျော်ကြားတဲ့လူတစ်ယောက်ဖြစ်ဖို့ သင်ဟာ ဓာတ်ပုံကောင်းကောင်းရိုက်နိုင်တဲ့သူ တစ်ယောက်ဖြစ်ရမယ်။ဒါ့အပြင်သတင်းသမားတစ်ယောက်၊ ဒါရိုက်တာ တစ်ယာက်၊ထုတ်လုပ်သူတစ်ယောက်၊ မော်ဒယ်တစ်ယောက်၊ဝေဖန်သူတစ်ယောက်နဲ့မိမိကိုယ်ကိုရဲ့ ကိုယ်ရေးလက်ထောက်တစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။

READ
မြေထုဆွဲငင်အား မရှိဘူးလို့ ထင်ရလောက်တဲ့ ကမ္ဘာပေါ်က အထူးဆန်းဆုံး နေရာများ

အင်စတာဂရမ်မှာ ကျော်ကြားသူဖြစ်ဖို့  Power တွေ အများကြီးလိုပါတယ်

Image:IG/Kim

ဒီနေရာမှာ ပြောတဲ့ Power ဆိုတဲ့ လုပ်နိုင်စွမ်းအား၊Follower တွေ အပေါ် လွှမ်းမိုးနိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာပါ။ ပြီးခဲ့တဲ့နှစ်က အင်စတာဂရမ်မှာကျော်ကြားတဲ့သူတစ်ယောက်ရဲ့အကြံပြုထောက်ခံပေးတဲ့ပစ္စည်းတစ်ခုကို အမေရိကန်နိုင်ငံသား(၁၉)ရာခိုင်နှုန်းလောက်ဝယ်ယူအားပေးခဲ့တာကိုတွေ့ရပါတယ်။ဒါဟာ  အင်စတာဂရမ်မှာ ကျော်ကြားတဲ့သူတွေရဲ့လုပ်နိုင်စွမ်းအားတစ်ခုပဲဖြစ်ပါတယ်။ကြော်ငြာပေးရတဲ့ကုန်ပစ္စည်းတစ်ခုကို အများစိတ်ဝင်စားလာအောင်လုပ်ဖို့ဆိုတာ ထင်ထားတာထက်ပိုခက်ပါတယ်။အင်စတာဂရမ်မှာ စပွန်စာပေးတဲ့ကုန်ပစ္စည်းကြော်ငြာတွေကနေ ပိုက်ဆံရရှိတာဖြစ်ပါတယ်။ကျော်ကြားသူတွေ အတွက် ဘရမ်းတွေနဲ့ကြော်ငြာလက်ခံဖို့အခွင့်အရေးဟာအရမ်းကိုရှားပါးပါတယ်။ဒီအခွင့်အရေးရဖို့အတွက် ကြားပွဲစား၊ ဒါမှမဟုတ် ကြော်ငြာပေးဖို့မင်းသား၊မင်းသမီးတွေရဲ့မန်နေဂျာရဲ့အဆက်အသွယ်တွေကနေတစ်ဆင့်သာ ဒီကြော်ငြာတွေကိုလက်ခံရနိုင်မှာသာဖြစ်ပါတယ်။ဒါ့ကြောင့် လူစိတ်ဝင်စားတဲ့ကြော်ငြာ်ကုန်ပစ္စည်းတစ်ခုရဖို့ဆိုတာ ထင်ထားတာထက်ကိုခက်ပါတယ်။

အင်စတာဂရမ်မှာ အောင်မြင်နေတဲ့ လူတွေအကြောင်း…

Image:IG/Demo Rose

အင်စတာဂရမ်မှာ အောင်မြင်နေတဲ့လူတိုင်းဟာ ပင်ပင်ပန်းပန်းတော့သိပ်မလုပ်ရပါဘူး။တစ်ချို့အောင်မြင်နေတဲ့ သူတွေကတော့ သူတို့ follower တိုးဖို့အတွက် ဘီကီနီဝတ်ထားတဲ့ မိန်းမလှလေးတွေရဲ့ပုံကောင်းလေး တစ်ပုံကိုတင်ရုံနဲ့တင် သူတို့ရဲ့အင်စတာဂရမ်ကြီးဟာ လူသိများပြီး follower တိုးလာမှာဖြစ်ပါတယ်။အင်စတာဂရမ်မှာ အောင်မြင်နေတဲ့သူတွေကိုမုန်းတဲ့လူတွေဟာ မနာလိုဖြစ်နေကြလို့ပါ။အင်စတာဂရမ်မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့မလွယ်ပါဘူး။ ဒီလိုဖြစ်ဖို့အတွက်လည်း လမ်းညွှန်စာအုပ်မရှိတဲ့အတွက် အခုလိုအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတာ အထင် ကြီးစရာတစ်ခုပါ။အခုလိုအောင်မြင်ဖို့သူတို့အနေနဲ့တော်တော်ကြိုးစားယူခဲ့ရတဲ့အတွက် သူတို့ကိုချီးကျူးဂုဏ်ပြုသင့်ပါတယ်။

READ
လူနာတွေမသေခင်မှာ နောက်ဆုံးတောင့်တလေ့ရှိတဲ့အရာကို ပြန်ပြောခဲ့ကြတဲ့ သူနာပြုများ
Image:IG/Kylie

ref;insider

SHARE