ပရော်ဖက်ရှင်နယ်ဆန်ဆန် ချစ်သူကို ဘယ်လိုမျိုး လမ်းခွဲစကားဆိုကြမလဲ?

Pixabay-Free-Photos

ကိုယ့်ချစ်သူနဲ့ တွဲရတာ လုံးဝအဆင်မပြေတော့တဲ့ အချိန်မျိုးတွေ၊ ကိုယ့်ဖက်က သူ့အပေါ်ကို လုံးဝနားလည်မှု မပေးနိုင်တော့တဲ့ အချိန်မျိုးတွေမှာ လမ်းခွဲစကားပြောတတ်ကြပါတယ်။ လမ်းခွဲစကားပြောတဲ့ အချိန်မျိုးတွေမှာဆိုရင် အများစုက မျက်နှာချင်းဆိုင်ပြီး မပြောချင်ကြပါဘူး။ တစ်ချို့ကျတော့လည်း ဖုန်းထဲကနေပဲ လမ်းခွဲစကားဆိုတတ်ကြသလို တစ်ချို့တွေကျပြန်တော့လည်း ဆိုရှယ်မီဒီယာအကောင့်တွေကနေ ဘာမပြောညာမပြောပဲ block လိုက်တာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီလို လမ်းခွဲတာတွေဟာ တော်တော်လေး တစ်ဖက်လူကို အဆင်မပြေစေနိုင်တဲ့ လမ်းခွဲနည်းတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကိုယ့်ရဲ့ချစ်သူကို မလွှဲသာလို့ လမ်းခွဲစကားပြောရတော့်မယ့်ဆိုရင် ဘယ်လိုမျိုးတွေ ပြုမူဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းလေး ၅ ခုကို ပြောပြပေးချင်ပါတယ်။

Pixabay-StockSnap

၁။ နှစ်ယောက်တည်း private ဖြစ်တဲ့ နေရာတစ်ခုမှာ လမ်းခွဲစကားပြောပါ

လမ်းခွဲတဲ့ အချိန်မျိုးမှာ တစ်ဖက်ကိုယ့်ချစ်သူရည်စားက ရုတ်တရက် ပေါက်ကွဲတဲ့ အခါမျိုးတွေဆိုတာ ဖြစ်လာတတ်ပါတယ်။ အဲဒီလို အချိန်မျိုးဆိုရင် ကိုယ့်ကို ရုတ်တရက် ကိုယ်ထိလက်ရောက်စော်ကားတာမျိုးတွေ ရှိတတ်တာကြောင့် လူကြားထဲမှာဆိုရင်တော့ တော်တော်လေးကို အရှက်တကွဲဖြစ်တတ်တာကြောင့် နှစ်ယောက်တည်းရှိတဲ့နေရာမျိုး၊ Private ဆန်ဆန် နေရာမျိုးတွေမှာ လမ်းခွဲစကားပြောသင့်ပါတယ်။

READ
ဇနီးသည်ကိုပျော်ရွှင်စေနိုင်ဖို့ ခင်ပွန်းသည်ပြုလုပ်ပေးသင့်တဲ့အရာ(၉)မျိုး

၂။ လိုရင်းကိုရောက်အောင် တည့်တည့်ပြောပါ

တစ်ချို့လူတွေကျတော့ လမ်းခွဲစကားကို ပြောတဲ့အခါမှာ စကားကို တည့်တည့်မပြောပဲ ဝေ့လည်ကြောင်ပတ်တွေလုပ်တာတို့၊ တစ်ဖက်ကိုယ့်ချစ်သူရဲ့ အရင်က ကိစ္စအဟောင်းတွေကို ပြန်အစဖော်ပြီး တမင်ပြသနာရှာတာမျိုးတွေကို ပြုလုပ်တတ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို ပွင့်ပွင့်လင်းလင်းပြောလိုက်တာပါပဲ။ ဘာကိုမှ ဝေ့ဝိုက်မနေပါနဲ့။

Pixabay-27707

၃။ အကြောင်းအရင်းကို သေသေချာချာ ရှင်းပြပါ

ဘာကြောင့်လမ်းခွဲချင်တာကို သေသေချာချာ အကြောင်းအရင်းနဲ့ ရှင်းပြပါ။ တစ်ချို့ကျတော့ လမ်းခွဲဖို့စကားကိုပဲ တောက်လျှောက်ပြောနေတာမျိုးတွေရှိတတ်ပါတယ်။ ကိုယ်ကဘာကြောင့် လမ်းခွဲချင်တယ်၊ ဘာတွေက ကိုယ်တို့နှစ်ယောက်ကြားမှ မတူညီဘူး၊ ဘယ်အချက်တွေကို မကြိုက်တာမျိုး အစရှိတာတွေကို အဓိက သေသေချာချာ ရှင်းပြပြောဆိုပြီး လမ်းခွဲတာ အကောင်းဆုံးပါပဲ။

၎။ သူ့ဖက်ကပြန်တဲ့စကားတွေကိုလည်း ဂရုတစိုက်နားထောင်ပါ

တစ်ချို့ကျတော့ လမ်းခွဲတဲ့ အချိန်မျိုးဆိုရင် ကိုယ်ပြောချင်တာတွေကိုပဲ တောက်လျှောက်ပြောပြီး တစ်ဖက်ကိုယ့်ချစ်သူကို လုံးဝပြောခွင့်မပေးပါဘူး။ အဲဒါဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာလည်းသူ့ခံစားချက်ဆိုတာ ရှိတတ်ပါတယ်။ အဲဒါ့ကြောင့် လမ်းခွဲတဲ့ အချိန်မှာ တစ်ဖက်ကကိုယ့်ချစ်သူရဲ့ ပြောစကားတွေကို သေချာနားထောင်ပေးတပါ။

READ
ချစ်သူကောင်မလေး သင့်ကို ကိုက်တာ ဒီအချက်တွေ ကြောင့်ပါ
Pixabay-Free-Photos

၅။ လူကိုယ်တိုင်သွားတွေ့ပြီး ပြောဖို့ကို မမေ့ပါနဲ့

အဲဒါကတော့ အရေးကြီးပါတယ်။ လူအများစုဟာ လမ်းခွဲတဲ့ အချိန်မျိုးဆိုရင် အပြင်မျက်နှာချင်းဆိုင်တွေ့ပြီး လမ်းခွဲစကားပြောဖို့ကို ဝန်လေးတတ်ကြပါတယ်။ များသောအားဖြသ့် ဖုန်းကနေပြောတာတို့၊ ဆိုရှယ်မီဒီယာအကောင့်တွေကနေ ပြောတာမျိုးတို့ကို ပြုလုပ်တတ်ကြပါတယ်။ အရမ်းကို လေးစားမှုမရှိတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဘယ်တော့မဆို ကိုယ့်ချစ်သူနဲ့ လမ်းခွဲတော့မယ်ဆိုရင် အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောတာ အကောင်းဆုံးပါပဲ။

Pyi Hein Kyaw

SHARE