ဖုန်းမပွတ်ရရင်မနေနိုင်တဲ့စိတ်ကို ဘယ်လိုအနိုင်ယူမလဲ….

ဖုန်းဆိုတာ မရှိမဖြစ်ပစ္စည်းတစ်ခုတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့်လည်း လိုတာထက်ပိုပြီး အလွန်အကျွံသုံးစွဲမိတဲ့အခါ စွဲမှန်းမသိ စွဲသွားတတ်ပြီး လုံးဝဖုန်းမပွတ်ရဘဲ မနေနိုင်အောင် ဖြစ်လာပါတော့တယ်။ ဒီလိုဖြစ်လာတော့ ကြာလာတဲ့အခါ အရာအားလုံးမှာ ဆုံးရှုံးမှုတွေများလာတယ်၊ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို လွဲချော်သွားတယ်၊ ဒီလိုနဲ့ပဲ ကြာလာတော့ ဘဝရည်မှန်းချက်တွေပါ ဝေဝါးပြီး ဒီဖုန်းထဲမှာပဲ စိတ်အပြည့်နှ စ်လိုက်ချင်လာပါတော့တယ်။ ဒါဟာ တော်တော်ဆိုးပါတယ်။ ဒါကြောင့် ဖုန်းပမပွတ်ရရင် မနေနိုင်တဲ့စိတ်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တွေးကြည့်ပါ

ဖုန်းပွတ်နေရင်းနဲ့ ကုန်ဆုံးသွားတဲ့သင့်အချိန်တွေနဲ့ တခြားအရာအတွက် ကုန်ဆုံးသွားတဲ့အချိန်ကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ အကျိုးရှိတဲ့အရာတွေအတွက် အသုံးပြုတဲ့အချိန်ထက် ဖုန်းပွတ်ဖို့ အသုံးပြုတဲ့အချိန်တွေက ပိုများနေတယ်ဆိုရင်တော့ ဘာလုပ်သင့်လဲဆိုတာ သင်ကိုယ်တိုင် တွေးကြည့်လိုက်ပါတော့။

(၂) ဘယ်အရာကို အာရုံစိုက်လဲဆိုတာ သင့်ကိုသင်မေးပါ

Social Media ကိုအသုံးပြုတဲ့အခါ လူတွေက ကိုယ်အာရုံစိုက်တဲ့အရာတွေကြောင့်သာ နာရီတွေ အချိန်တွေ ကုန်မှန်းမသိကုန်နေတာတောင် အတောမသတ်နိုင် ဖြစ်နေကြတာပါ။ ဒါကြောင့် သင့်ကိုသင် ဘာကို အာရုံစိုက်လဲဆိုတာ မေးပါ။ အဲဒါဟာ သင့်ရဲ့ဝါသနာလည်းဖြစ်နိုင်တာကြောင့် ကိုယ့်ကိုယ်ကို သေချာပြန်မေးပါ။ သင်ဘယ်အရာကို အာရုံစိုက်နေတာလဲ။

READ
မျက်မှန်တပ်သူတွေဟာ အမြင်အာရုံချို့ယွင်းပေမယ့် ဥာဏ်ထက်မြက်သူများဖြစ်ကြောင်း သိရ

(၃) ဆုံးဖြတ်ချက်ချပါ

သင့်ရဲ့ဖုန်းအားကုန်သွားတဲ့အခါ ဖုန်းအားကို အနီးအနားမှာ မသွင်းပဲ ခပ်ဝေးဝေးမှာ သွင်းပါ။ အဲလိုအားသွင်းနေတဲ့အချိန်လေးမှာ စာအုပ်လေးတွေ ဖတ်တာ၊ ဈေးသွားတာ၊ ချက်ပြုတ်တာ၊ ဒါမှမဟုတ် ဝယ်ရမယ့် ပစ္စည်းလေးတွေ၊ အသုံးလိုတဲ့ပစ္စည်းလေးတွေ ချရေးတာမျိုး လုပ်ကြည့်ပါ။ မလိုအပ်ဘဲ ဖုန်းကို သွားမကိုင်ဖို့လည်း ကိုယ့်ကိုယ်ကို သတိပေးပါ။

(၄) သင့်ရဲ့ခန္ဓာကိုယ်ကို တန်ဖိုးထားပါ

သင်ဖုန်းကို အသုံးပြုနေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ဟာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို သတိထားကြည့်လိုက်ပါ။ သင့်ရဲ့အသက်ရှူပုံမှန်ရဲ့လား၊ သင့်ရဲ့မျက်လုံးတွေရော အဆင်ပြေရဲ့လား၊ သင့်ရဲ့ ခန္ဓာကိုယ်ရော ညောင်းညာနေလားဆိုတာ သတိပြုကြည့်ပါ။ သင့်ခန္ဓာကိုယ်ကို ချစ်မြတ်နိုးရမှာ သင့်တာဝန်ဆိုတာ မမေ့ပါနဲ့။

(၅) ဖုန်းနဲ့ခွဲပြီး နေကြည့်ပါ

သင်လမ်းလျှောက်တဲ့အခါတွေ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါတွေမှာ ဖုန်းကိုလုံးဝထုတ်မကြည့်ပဲ သင်လုပ်နေတဲ့အရာပေါ်မှာ အပြည့်အဝ အာရုံစိုက်ကြည့်ပါ။ ဖုန်းကို လုံးဝအာရုံမစိုက်ပါနဲ့။ ဒါဆိုရင် သင်လုပ်တဲ့အရာတွေဟာ ပိုပြီးအောင်မြင်တာ၊ ပျော်စရာကောင်းတာ တွေ့ရမှာဖြစ်ပါတယ်။

READ
ပျော်ရွှင် အောင်မြင်သူတို့ ဂရုမစိုက်သည့်အရာ(၈)ခု

(၆) App တွေကိုဖျက်ပါ

Social Media တွေဖြစ်တဲ့ Facebook, Instagram စတဲ့ App တွေကို ဖျက်ပြီး ဖုန်းထဲက ဂိမ်းမှန်သမျှကိုလည်း ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့ လက်တွေ့ဘဝကို တကယ်အာရုံစိုက်ပြီး တကယ်အရေးကြီးတဲ့အရာကိုပဲ အာရုံစိုက်ကြည့်လိုက်ပါ။ ဒီလိုနေတာ ကြာလာတဲ့အခါ ဖုန်းမပွတ်ရရင် မနေနိုင်တဲ့ရောဂါက အလိုလို ပျောက်သွားပါလိမ့်မယ်။

Em Em(Shwemom)

SHARE