အနာဂတ်မှာ အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့ မဖြစ်မနေ လုပ်ရမယ့်နည်းလမ်း(၅)သွယ်

lassedesignen/Shutterstock

သင်က အနာဂတ်မှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ မျှော်မှန်းထားတဲ့သူလား။ ကိုယ်တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားနေပေမယ့် သိသိသာသာတိုးတက်မလာသေးလို့ စိတ်ပျက်စ ပြုနေသူတစ်ယောက်လား။

ဒီလိုဆိုရင်တော့ မစိုးရိမ်ပါနဲ့။ အနာဂတ်မှာ အောင်မြင်ချင်သူတွေအတွက် လိုက်နာရမယ့် အခြေခံအချက်လေးတွေက ဒီမှာ ရှိနေပါသေးတယ်။ ဒီအချက်လေးတွေအတိုင်းသာ သင်လိုက်နာ လုပ်ဆောင်သွားမယ်ဆိုရင် တစ်နေ့မှာ အောင်မြင်မှုက သင့်ဆီရောက်လာမှာ အသေအချာပါ။

(၁)။ ဘ၀ဟာ လှေကားထစ်တွေလို တစ်ဆင့်ချင်းတက်သွားရမယ်လို့ တွေးထားပါ

တကယ်လည်း ဘ၀ဟာ လှေကားထစ်တွေလို တစ်ဆင့်ချင်း တက်လှမ်းသွားဖို့ ကြိုးစားတာက အကောင်းဆုံးပါ။ အခွင့်အရေးတွေအများကြီးရှိနေတယ်ဆိုပြီး အဆင့်ကျော်တက်လိုက်မိရင် မမျှော်လင့်ပဲ ပြန် ပြုတ်ကျသွားနိုင်တာမို့ တတ်နိုင်သမျှ ပုံမှန်အတိုင်း တစ်လှမ်းချင်းပဲ တက်လှမ်းသွားပါ။ သင့်ရဲ့လက်ရှိအလုပ်မှာ အကောင်းဆုံးလေ့လာပါ၊ ကြိုးစားပါ။ သင့်မှာ စွမ်းရည်တွေပြည့်ဝသွားပြီလို့ ယူဆတဲ့အချိန်ကျရင် နောက်တစ်ဆင့်တက်နိုင်ဖို့ ပြင်ဆင်ပါ။ ဒီနည်းလမ်းနဲ့ပဲ သင်က ထိပ်ဆုံးအထိရောက်သွားနိုင်ပါလိမ့်မယ်။

Mr.Thanakorn Kotpootorn/Shutterstock
(၂)။ လူမှန်၊နေရာမှန် မှာရှိပါစေ

တကယ်လို့ သင်ဟာ ပန်းချီနဲ့ပတ်သက်ပြီး ထူးချွန်နေတဲ့သူလို့ လူတိုင်းက သတ်မှတ်ကြမယ်၊ သင်ကိုယ်တိုင်ကလည်း ပန်းချီကိုဝါသနာပါမယ်ဆိုရင် ပန်းချီနဲ့ပတ်သက်တဲ့အလုပ်တစ်ခုခုကို သင်လုပ်သင့်နေပါပြီ။ ဒီလိုမှမဟုတ်ပဲ သင်ထူးချွန်တာကတစ်ခု၊ သင်လုပ်နေရတာက ဘာမှမဆိုင်တဲ့တစ်ခုဆိုရင် သင်တိုးတက်လာမယ်ဆိုရင်တောင် အရမ်းကို နှေးကွေးတဲ့နှုန်းနဲ့ပဲ တိုးတက်လာမှာပါ။ ဒီတော့ သင့်ရဲ့ဝါသနာနဲ့ဆိုင်တာ၊ သင်ထူးထူးချွန်ချွန်လုပ်နိုင်တာ၊ စတဲ့ အ၀န်းအ၀ိုင်းတစ်ခုထဲကို သတ္တိရှိရှိသာ ပြောင်းလိုက်ပါ။ လူမှန်နေရာမှန်ဖြစ်ဖို့က အရေးကြီးလှပါတယ်။

READ
သမ္မတဟောင်းကတော် မီရှဲအိုဘားမားရဲ့ ဘဝကို ပျော်ရွှင်စွာနေထိုင်နည်းလမ်းညွှန် (၅) ခု
fizkes/Shutterstock
(၃)။ သင့်ရဲ့ဝင်ငွေကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ပါစေ

တကယ်လို့သာ သင်က ၀င်ငွေနဲ့ထွက်ငွေမလောက်ပဲ အဆင်မပြေဖြစ်နေတဲ့သူမျိုးဆိုရင် သင် ၀ါသနာပြီး ထူးချွန်တဲ့အလုပ်တစ်ခုဆီ ကူးပြောင်းဖို့ ခက်ခဲနေမှာပါ။ ဒါ့အပြင် သင့်အတွက် လိုအပ်တဲ့သင်တန်းမျိုးတွေကိုလည်း တက်နိုင်မှာမဟုတ်ပဲ သင်ဟာ သင့်ပတ်ဝန်းကျင်က လူတွေ တိုးတက်လာတာကို ထိုင်ပြီး ငေးကြည့်နေရမှာပါ။ သင့်အနေနဲ့ ကိုယ်ရထားတဲ့ဝင်ငွေကိုသာ အကောင်းဆုံး စီမံခန့်ခွဲနိုင်ပြီး ငွေကြေးအတွက် စိတ်မပူရအောင် နေနိုင်မယ်ဆိုရင် သင့်အနေနဲ့ အခြားတိုးတက်မယ့်လမ်းတွေကို စိတ်အေးလက်အေး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

(၄)။ သင့်ရဲ့ပတ်ဝန်းကျင်ကို အကောင်းဆုံးတည်ဆောက်ပါ

သင့်ကို ကူညီပေးမယ့်၊ ပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်ကောင်းမရှိပဲနဲ့တော့ သင်ဟာ အနာဂတ်မှာ အောင်မြင်ဖို့ ထင်သလောက် လွယ်မယ်မဟုတ်ပါဘူး။ သင့်ကို အကြံကောင်းတွေပေးနိုင်မယ့်သူတွေ၊ သင်လိုအပ်တဲ့အချိန်မှာ ကူညီပေးနိုင်မယ့်သူတွေ အနားမှာရှိနေခြင်းက သင့်ကို အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာစေဖို့အတွက် အဓိက လိုအပ်ချက်ပါပဲ။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုလူတွေရှိနေလဲဆိုတာ အရင်ဆုံး စိစစ်ဖို့လိုအပ်ပြီး တကယ့်မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းကောင်းတွေကိုသာ ကိုယ့်အနားမှာ ရှိနေပါစေ။

READ
Tattoo နတ်သမီးလေးလို့ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ အမျိုးသမီး
View Apart/Shutterstock
(၅)။ ကျန်းမာပြီး အလုပ်လုပ်နိုင်တဲ့ခန္ဓာကိုယ်ဖြစ်အောင် တည်ဆောက်ပါ

သင်က အလုပ်တော့ ကောင်းကောင်းလုပ်နိုင်ပါရဲ့။ ဒါပေမယ့် ကျန်းမာရေးကမကောင်းပဲ တစ်လမှာ တစ်ခါလောက် အနည်းဆုံး ဖျားနေတယ်ဆိုရင် ဘယ်လိုလုပ် အလုပ်တွင်ပါတော့မလဲ။ သင့်ကို ယုံကြည်ပြီး တာဝန်ပေးမယ့်သူတွေကလည်း သင့်ရဲ့ကျန်းမာရေးအခြေအနေကိုကြည့်ပြီး တာဝန်ကြီးတွေပေးလို့မှ သင့်တော်ပါ့မလားဆိုပြီး စဉ်းစားကြတော့မယ်။ ဒီတော့ သင်လည်းတိုးတက်သင့်သလောက် မတိုးတက်တော့ဘူး။ အကောင်းဆုံးကတော့ တစ်ဖက်မှာအလုပ်ကြိုးစားရင်း တစ်ဖက်မှာလည်း ကိုယ့်ရဲ့ကျန်းမာရေး၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု စတာတွေကို ဂရုစိုက်တာက အကောင်းဆုံးပါ။

Linn

Source : Wikihow

SHARE