မျက်နှာနဲ့လိုက်ဖက်တဲ့ ဦးထုပ်ကို ရွေးချယ်နည်း

ဦးထုပ်ဟာလည်း ဖက်ရှင် အသုံးအဆောင် ပစ္စည်းတွေထဲက တစ်ခုပါ။ဦးထုပ် လှလှလေးတွေကို ဆောင်းမယ်ဆိုရင်တော့ အရင်ဆုံး ကိုယ့် မျက်နှာဟာ ဘယ် လို ဦးထုပ်အမျိုးအစားနဲ့ လိုက်လဲဆိုတာကို သိဖို့ လိုပါတယ်။မျက်နှာ အရွယ်အ စားအမျိုးအစား အလိုက် ရွေးချယ်သင့်တဲ့ ဦးထုပ်တွေကတော့…..

(1)စတုရန်းပုံမျက်နှာ

ဒီလိုမျက်နှာပိုင်ရှင်မျိုးကတော့ လိုင်းလေးတွေ ပြေပြစ်တဲ့ ဦးထုပ်မျိုးကို ရွေးချယ် သင့်ပါတယ်။သားမွေးဦးထုပ်လို ဦးထုပ်၊ဘယ်ရီကတ်ဦးထုပ်၊ပြန့်ကားကား ဒါပေမယ့် အောက်ကို တွဲကျနေတဲ့ ဦးထုပ်အကြီးတွေနဲ့လည်း လိုက်ဖက် ပါတယ်။ဦးထုပ်အနားပြန့်တိုတာ၊မပါတာမျိုးကို ရှောင်ပါ။

(၂)၀ိုင်းတဲ့ မျက်နှာ

ဘယ်ရီကတ်ဦးထုပ်မျိုးကို ရွေးပါ။ဦးထုပ်ဆောင်းရင် နဖူးကို လုံးဝ ဖုံးတာမျိုး၊ဦး ထုပ်ကို ငိုက်ပြီး စောင်းတာမျိုးကို ရှောင်ပါ။အ၀ိုင်းပုံ လုံးဝ ကွက်တိ FITTING ကျတဲ့ ဦးထုပ်ဒီဇိုင်းမျိုးကို ရှောင်ပါ။

 (၃)တြိဂံပုံ မျက်နှာ

နဖူးကို လုံးဝအပြည့်ဖုံးတဲ့ ပုံစံ မျိုးနဲ့ လိုက်ပါတယ်။ရှောင်ရမှာက အရမ်းကြပ်တဲ့ ဦးထုပ်၊အနားအပြန့်အရမ်းကျယ်တဲ့ ဦးထုပ် မျိုးပါ။ဦးထုပ်ရဲ့ ထိပ်ပိုင်းဟာ ကိုယ့် ပါးရိုးထက် ပိုကျဉ်းနေတာမျိုး မဖြစ်ဖို့ ဂရုစိုက်ပါ။

READ
သင့်အသားအရေနဲ့ ကိုက်ညီမယ့် Foundation ၀ယ်ယူနည်း

(၄)ထောင့်မှန်စတုဂံ မျက်နှာ

ဘယ်ရီကတ်ဦးထုပ်နဲ့ အလိုက်ဆုံးပါ။ထိပ်ပိုင်းမှာ ပွရောင်းရောင်းဖြစ်နေတဲ့ ဦးထုပ်မျိုးကို ရှောင်ပါ။

(၅)ဘဲဥပုံ မျက်နှာ

ဘဲဥပုံမျက်နှာပိုင်ရှင်တွေကတော့ အပြန့်အကားပုံမျိုးထက် သေးသေးကျစ်ကျစ် ချစ်စရာ ဦးထုပ်ပုံလေးတွေနဲ့ ပိုလိုက်ပါတယ်။ရှောင်သင့်တဲ့ ဦးထုပ်တွေကတော့ အပြား အရမ်းကြီး၊အရမ်းကားတာမျိုးတွေ၊ ခပ်ကြပ်ကြပ်ဦးထုပ်မျိုးတွေပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;brightside

SHARE