ကားတစ်စီးဝယ်မယ်ဆိုရင် ပြင်ဆင်ထားသင့်တဲ့အချက်များ

ကားအသစ်တစ်စီး ၀ယ်တယ်ဆိုတာ ဘ၀ရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေထဲက တစ်ခုလို့ပြောရမှာပါ။ ပိုက်ဆံတွေ အရမ်းချမ်းသာလို့ ကားအသစ်တွေ တစ်စီးပြီး တစ်စီး ၀ယ်နေတာက မထူးဆန်းပေမယ့် ကိုယ့်ရဲ့ စုထားတဲ့ပိုက်ဆံလေးနဲ့ ပထမဆုံး ကားအသစ်တစ်စီး ၀ယ်မယ်ဆိုရင်တော့ မ၀ယ်ခင်ကတည်းကကို တွေးပြီး ပျော်နေရမှာပါ။ ဒီတော့ အဲဒီလို လူမျိုးတွေအတွက် ကားတစ်စီးဝယ်တဲ့အခါ ဘယ်လိုမျိုး ပြင်ဆင်ထားသင့်သလဲ ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Youtube

(၁)။ ကားအရွယ်အစားကို ဆုံးဖြတ်ပါ

………………………………………………

ဘယ်လိုအရွယ်အစားနဲ့ ကားမျိုးက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ အရင်ဆုံး စဉ်းစားပါ။ သင့်အိမ်မှာ လူနည်းနည်းပဲ ရှိတယ်ဆိုရင်တော့ သေးငယ်တဲ့ ဇိမ်ခံကားတွေကို ၀ယ်သင့်ပြီး လူဦးရေများတယ်ဆိုရင် Minivan (သို့မဟုတ်) SUV လို ကားမျိုးကို ရွေးချယ်သင့်ပါတယ်။ ဒါမှမဟုတ် လုပ်ငန်းသုံးဖို့ ဆိုရင်တော့ ထရပ်ကားအသေးစားမျိုးကို ၀ယ်ဖို့ စဉ်းစားသင့်ပါတယ်။

(၂)။ သင်တတ်နိုင်တဲ့ ငွေကြေးပမာဏကို ဆုံးဖြတ်ပါ

………………………………………………………………..

သင့်မှာ ရှိသမျှ ပိုက်ဆံအကုန်သုံးပြီး ကားတစ်စီး ၀ယ်လိုက်မယ်ဆိုရင် သင့်မှာ အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ၀ယ်လိုက်တဲ့ ရက်ပိုင်းအတွင်း တစ်ခုခုကို ၀င်တိုက်မိလို့ လျှော်ရတာမျိုး၊ ပြင်ဆင်ရတာမျိုး ရှိလာမယ်ဆိုရင် အပို ပိုက်ဆံမကျန်တော့တဲ့အတွက် စိတ်ညစ်စရာ ဖြစ်ပါလိမ့်မယ်။ ဒီတော့ အရမ်းဈေးကြီးတဲ့ ကားအကောင်းစားကြီးတွေ ၀ယ်မယ့်အစား သင့်ရဲ့ငွေကြေးနဲ့ ကိုက်ညီတဲ့ ကားအမျိုးအစားကိုသာ ၀ယ်ဖို့ ဆုံးဖြတ်ပါ။

READ
သင့်ရဲ့မနက်ခင်း အိပ်ယာထပုံကိုကြည့်ပြီး သင်ဘယ်လိုလူလဲဆိုတာ သိစေနိုင်သတဲ့
kcsupercenter.com

(၃)။ ကားအကောင်းစားဝယ်မလား၊ တစ်ပတ်ရစ်ဝယ်မလား ဆုံးဖြတ်ပါ

…………………………………………………………………………………………..

သင်လိုချင်တဲ့ ကားအမျိုးအစားက ဈေးအရမ်းမြင့်နေတဲ့အခါ သင့်အနေနဲ့ အမျိုးအစားတူ တစ်ပတ်ရစ် ကားတစ်စီးကို ၀ယ်ဖို့လည်း ဆုံးဖြတ်နိုင်ပါတယ်။ အသုံးပြုပြီးသားပေမယ့် ကီလိုလည်း သိပ်မမောင်းရသေးဘူး၊ အနာအဆာလည်း ကင်းတယ်၊ ပိုင်ရှင်ကလည်း တစ်လက်ကိုင်ပဲ ဆိုရင်တော့ သင့်အနေနဲ့ ဈေးနှုန်းကွာခြားချက်ကို စဉ်းစားကြည့်သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ပိုင်ရှင်တွေ အမျိုးမျိုးပြောင်းခဲ့တဲ့ ကားတစ်စီး ဆိုရင်တော့ သင့်လက်ထဲမှာ သိပ်ကြာကြာခံဖို့ မရှိပါဘူး။

(၄)။ သင်လိုချင်တဲ့ကားအမျိုးအစားကို အင်တာနက်မှာ ရှာကြည့်ပါ

……………………………………………………………………………………

သင်က ဘယ်လိုကားအမျိုးအစား လိုချင်တယ်ဆိုတာ သေချာသိရင် အဲဒါနဲ့ ပတ်သက်တဲ့အချက်တွေကို အင်တာနက်မှာ အရင်ဆုံး လေ့လာကြည့်သင့်ပါတယ်။ သင်လိုချင်တဲ့ကားက ဆီစားသက်သာလား၊ ဈေးနှုန်းက ဘယ်လောက်လဲ၊ အားသာချက်တွေ အားနည်းချက်တွေက ဘာလဲ စတာတွေကို အင်တာနက်ကနေ တစ်ဆင့် လေ့လာကြည့်လို့ ရပါတယ်။ အဲဒီကားအမျိုးအစားကို ပိုင်ဆိုင်သူတွေ ဘယ်လို မှတ်ချက်ပေးကြသလဲ ဆိုတာကိုလည်း အင်တာနက်ကတစ်ဆင့် လေ့လာကြည့်သင့်ပါတယ်။

READ
အသက်(၁၀၀)ကျော်ထိနေထိုင်ပြီးခဲ့တဲ့အဖိုးအဖွားတွေရဲ့အဖိုးတန်သွန်သင်ချက်များ
www.lifewire.com

(၅)။ လက်ရှိကားဈေးကွက်ကို လေ့လာပါ

……………………………………………………..

ကားဝယ်တော့မယ်ဆိုရင် အကောင်းဆုံးက လက်ရှိကားဈေးကွက် အခြေအနေကို လေ့လာဖို့ပါပဲ။ သင်ဝယ်လိုက်တဲ့ အချိန်မှာ ကားဈေးတွေ ကျနေပေမယ့် နောက်ထပ် လနည်းနည်းမှာ ကားဈေးတွေ ပြန်တက်လာဖို့ ရှိတယ်ဆိုရင်တော့ သတင်းကောင်းပေါ့။ ဒီလိုမှမဟုတ်ပဲ ပါမစ်တွေ၊ အခွန်တွေကြောင့် ကားဈေးတွေ တက်နေမယ်၊ သင်ဝယ်လိုက်ပြီးတဲ့ အချိန်မှ ကျသွားမယ်ဆိုရင် သင် စိတ်ပျက်ရမှာပါ။ ဒီတော့ ကားမ၀ယ်ခင် အရင်ဆုံး လက်ရှိ ကားဈေးကွက်ကို လေ့လာကြည့်ပါဦး။

Linn

Source : Wikihow

SHARE