ရှုးဖိနပ်အဖြူတွေကို အချိန်တိုအတွင်း ဖြူဖွေးသန့်စင်သွားစေမယ့် အိမ်သုံးပစ္စည်း(၄)မျိုး

Pixabay-epicantus

ရှုးဖိနပ်အဖြူရောင်တွေဟာ ဖိနပ်တွေထဲမှာ အပေအလွယ်ဆုံးနဲ့ ထုတ်စီးပြီး ခဏအကြာမှာ အညစ်ပတ်နိုင်ဆုံး ဖိနပ်တွေပါပဲ။ ဒါ့ကြောင့် လူတော်တော်များများဟာ ရှုးဖိနပ်အဖြူ ဝတ်တော့မယ်ဆိုရင် ပေမှာစိုးတာကြောင့် တော်ရုံတန်ရုံထုတ်မစီးဖြစ်ကြပဲ သိမ်းထားကြတာ များပါတယ်။ ဒီလိုမျိုး သိမ်းထားပြန်ရင်လည်း ရှုးဖိနပ်အဖြူဟာ ရေရှည်မှာ တစ်ဖြည်းဖြည်းနဲ့ ဝါလာတတ်ကြပါတယ်။ ဒါ့ကြောင့် ညစ်ပတ်နေတဲ့ ကိုယ့်ရဲ့ရှုးဖိနပ်အဖြူကို အချိန်တိုအတွင်း လွယ်လွယ်ကူကူ သန့်ရှင်းရေးလုပ်နိုင်မယ့် အိမ်သုံးပစ္စည်းလေး ၄ မျိုးအကြောင်း Shwemom ပရိသတ်ကြီးသိအောင် ပြောပြချင်ပါတယ်။

၁။ မုန့်ဖုတ်ဆော်ဒါအမှုန့်နဲ့ အဖြူရောင်ရှာလကာရည် (Baking Soda and White Vinegar)

Pixabay-Monfocus, Pixabay-Hans

မုန့်ဖုတ်ဆော်ဒါမှုန့်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ခွက်တစ်ခွက်ထဲသို့ အရင်ဆုံးထည့်ပါ။ ပြီးတာနဲ့ ရှာလကာရည်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ခွက်ထဲကိုထည့်ပြီး ရေနွေးအဖြူ တစ်ဇွန်လောက်လောင်းထည့်ပြီး သမအောင်မွှေပါ။ ပြီးတာနဲ့ လုံးဝဖျက်လို့မရတဲ့ ရှုးဖိနပ်ရဲ့ အညစ်ပတ်ဆုံးနေရာအပေါ်မှာ သုတ်လိမ်းထားပြီး နေပူထဲမှာ ၄ နာရီခန့်ထားထားလိုက်ပါ။ ပြီးတာနဲ့ အဆိုပါနေရာကို အဝတ်စဖြူတစ်ခုနဲ့ သုတ်လိုက်ပါက အဆိုပါညစ်ပတ်နေတဲ့ နေရာဟာ ပကတိအတိုင်း ဖြူဖွေးနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

READ
ဆေးပညာအမြင်နဲ့ ပင်လယ်ကမ်းခြေသို့ ခရီးသွားခြင်းအကျိုးကျေးဇူး

၂။ ဆားကြမ်းနဲ့ နွားနို့ (Coarse Salt and Milk)

Pixabay-oreana3, Pixabay-Couleur

ဒီနည်းလမ်းကတော့ ဖိနပ်အဖြူမှာ ဝါထိတန်နေတဲ့ နေရာတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ သဘာဝနွားနို့ ၁ လီတာလောက်ကို ပန်းကန်လုံးကြီးထဲ ဦးစွာပထမလောင်းထည့်ပါ။ အဲဒီနောက် ဖန်ခွက်တစ်ဝက်စာ ပမာဏရှိတဲ့ ဆားကြမ်းတွေကို အဆိုပါ နွားနို့ထဲထည့်ပြီး ပျော်ဝင်အောင် ထားထားပါ။ ခဏကြာရင် ဝါထိန်နေတဲ့ ဖိနပ်အဖြူကို အဆိုပါ နွားနို့ရေနဲ့ သေသေချာချာ ပွတ်တိုက်ပြီး ဆေးကြောကာီးအတိုင်း ၃ နာရီခန့်ထားလိုက်ပါ။ ၃ နာရီကြာပြီးတဲ့နောက်မှာတော့ ပိတ်စအဖြူနဲ့ သုတ်လိုက်ပါက အဆိုပါ ဖိနပ်ဟာ လုံးဝဝါထိန်မနေတော့ပဲ ပကတိဖြူဖွေးနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

၃။ သွားတိုက်ဆေး (Toothpaste)

Pixabay-Opal

ဒီနည်းကတော့ အပြင်သွားခါနီးအချိန်မှ ကိုယ်စီးမယ့် ဖိနပ်ဟာ ညစ်ပတ်နေရင် အမြန်ဆုံး သန့်ရှင်းစေမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ ညစ်ပတ်နေတဲ့ ရှုးဖိနပ်အဖြူရဲက နေရာတော်တော်များများကို သွားတိုက်းဆေး အနည်းငယ် ပုံထားလိုက်ပါ။ ပြီးတာနဲ့ သွားတိုက်တံ အဟောင်းတစ်ခုနဲ့ အဆိုပါနေရာကို သေသေချာချာ တိုက်ချွတ်ပြီး ဒီအတိုင်း ၁၅ မိနစ်ခန့်ထားထားလိုက်ပါ။ ၁၅ မိနစ်ပြည့်တာနဲ့ အဝတ်စတစ်ခုနဲ့ အဆိုပါသွားတိုက်ဆေးတွေကို သုတ်လိုက်တာနဲ့ စောစောက ညစ်ပတ်နေတဲ့ အရာတွေ ဘယ်ရောက်မှန်းမသိအောင် ပျောက်သါားပါလိမ့်မယ်။

READ
မွေးချင်းထဲမှာ အစ်မ/ညီမ ရှိသူတွေဟာ ပိုမိုကောင်းမွန်တဲ့လူတွေ ဖြစ်နိုင်ကြောင်းသိရ

၎။ သံပုရာသီး (Lemon)

Pixabay-pixel2013

ကိုယ့်ရဲ့ ရှုးဖိနပ်အဖြူဟာ ညစ်လည်းညစ်ပတ်နေတဲ့အပြင် ခြေအိတ်စော်နံနေပါက ဒီနည်းလမ်းလေးကို အသုံးပြုစေချင်ပါတယ်။ သံပုရာသီး တစ်လုံးကို ဓားနဲ့ အလယ်တည့်တည့်ကနေ ခွဲချပြီး ရေခွက်တစ်ခွက်ထဲ သုံရာသီးတစ်ခြမ်းကို ညှစ်လိုက်ပါ။ အရည်ညှစ်ပြီးသွားရင် သံပုရာအခွံကိုလည်း အဆိုပါရေခွက်ထဲကို ထည့်ပြီး ရေအနည်းငယ်ထည့်ပြီး သုံရာဖျော်ရည်ကဲ့သို့ဖျော်ပါ။ ခဏာကြာရင် အဆိုပါ သုံရာအရည်နဲ့ ညစ်ပတ်နေတဲ့ နေရာတွေကို အနည်းငယ်ဆွတ်ပြီး သွားတိုက်တံအဟောင်းနဲ့ တိုက်ချွတ်ပါ။ ပြီးတာနဲ့ နေရောင်ထဲ ၁ နာရီလောက်လှန်းထားလိုက်တာနဲ့ ဖိနပ်လေးဟာ ဖြူဖွေးသွားတဲ့အပြင် ဖိနပ်အထဲမှာရှိတဲ့ အနံ့ဆိုးတွေလည်း ပျောက်ကင်ွးားပါလိမ့်မယ်။

Pyi Hein Kyaw

SHARE