သင့်ရဲ့ MacBook ကို ဘယ်လိုမျိုး ဂရုတစိုက် သန့်ရှင်းရေးလုပ်နိုင်မလဲ ?

သင် တန်ဖိုးထားရတဲ့ Macbook ကို သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်နော်။ ကီးဘုတ်ပေါ်မှာရှိတဲ့ ဖုန်မှုန့်တွေကို မဖယ်ရှားပေးဘူးဆိုရင်တော့ ကီးဘုတ်ထဲ ဖုန်တွေဝင်ပြီး ပျက်သွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး တစ်ဆင့်ချင်းစီသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။

MacBook ကို အဆင့်ဆင့် သန့်ရှင်းရေးလုပ်နည်း

အဆင့် (၁) အရက်ပြန့်ထည့်ဖို့ Spray bottle တစ်ဘူး ပြင်ဆင်ထားပေးပါ 

  • (2 oz.) ရှိတဲ့ spray bottle တစ်ဗူးကို ပြင်ဆင်ပေးထားပါ။
  • ဗူးထဲကို အရက်ပြန့်ထည့်ပေးထားပါ။
  • ဒါမှ သင့်ရဲ့ MacBook ကို လုံခြုံစွာ သန့်ရှင်းရေးလုပ်နိုင်မှာပါ။

အဆင့် (၂) ကီးဘုတ်တွေကို Laptop brush နဲ့ သန့်ရှင်းပေးပါ 

  • သင့် MacBook ကို သန့်ရှင်းတော့မယ်ဆိုရင်တော့ စက်ပိတ်ထားပြီး ပလတ်ပေါက်နဲ့ ဘက်ထရီ တွေကို ဖြုတ်ထားပေးပါ။
  • ကီးဘုတ်မှာ ရှိတဲ့ ဖုန်တွေကို laptop brush နဲ့ ပွတ်သုတ်ပေးပါ။ ဒီ brush နဲ့ပဲ  USB နဲ့ HDMI ပေါက်တို့ကို သန့်ရှင်းပေးပါ ။ အထဲကို အရမ်းထည်းပြီး သန့်ရှင်းပေးစရာမလိုပါဘူး။ ဖုန်မှုန့်တွေ အားလုံးကို  laptop brush နဲ့ ခါချလိုက်ပါ။ 

အဆင့် (၃) Screen ကို အရက်ပြန့်နဲ့ သန့်ရှင်းရေးလုပ်ပေးပါ  

  • အရက်ပြန့်ကို မှန်သုတ်တဲ့ အ၀တ်စပေါ်မှာ ဖျန်းပေးပါ။
  • အရမ်းစိုစရာ မလိုပါဘူး။
  • ကွန်ပျူတာ မှန်ကို ဒီအ၀တ်စနဲ့သုတ်ပေးပါ။
  • ပြီးရင် front camera ကိုလည်း သေချာသုတ်ပေးဖို့မမေ့ပါနဲ့။
  • တကယ်လို့ အ၀တ်စတစ်ဖက်က ဖုန်တွေပေသွားရင် နောက်တစ်ဖက်နဲ့ လှည့်သုတ်ပေးပါ။
READ
ကလေးတွေသင့်ကိုမယုံပါက သင်ရုပ်ဆိုးလို့ဖြစ်နိုင်ဟုသိပ္ပံပညာရှင်များဆို

အဆင့် (၄) ချည်နုအ၀တ်စနဲ့ သန့်ရှင်းပေးပါ 

  • Macbook ရဲ့ အပေါ်ကို သန့်ရှင်းရေးမလုပ်ခင် စက်ကို ပိတ်ထားဖို့ မမေ့ပါနဲ့ ။
  • အရက်ပြန့်ကို မှန်သုတ်တဲ့ အ၀တ်စပေါ်မှာ ဖျန်းပေးပါ။
  • တကယ်လို့ အရက်ပြန့်မရှိဘူးဆိုရင် ရေနည်းနည်းနဲ့ ပွတ်ပေးလို့ရပါတယ်။ (ရေနည်းနည်းဆို ရပါပြီ)
  • တစ်ချက်တည်း ပွတ်ရုံနဲ့တင် ဖုန်တွေ အားလုံးကို ပြောင်သွားမှာပါ။

Han Ngwe (Shwemom)

SHARE