သင်နေ့စဉ် အသုံးပြုနေတဲ့ ဖုန်းကို စနစ်တကျနဲ့ သန့်ရှင်းရေး ဘယ်လိုလုပ်မလဲ ….

Twitter/StatusClean

အခုခေတ်လို့ အချိန်မှာ လူတိုင်းမှာ မိုဘိုင်းဖုန်းတစ်လုံးတောာ့ ကိုယ်စီရှိကြမှာပါပဲ။ နေ့စဉ်ဘဝမှာ ဖုန်းဟာ မရှိမဖြစ်လိုအပ်လာတဲ့ စက်ပစ္စည်းတွေဖြစ်လာကြပါတယ်။ ဖုန်းတွေကို ဘယ်လို သန့်ရှင်းရေးလုပ်ရမလဲ၊ သန့်ရှင်းရေးလုပ်တဲ့ နေရာမှာ စက်ကို မထိခိုက်အောင် ဘာတွေကို ရှောင်သင့်တယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

– စမတ်ဖုန်းနဲ့ လက်ပတော့တွေကို သန့်ရှင်းရေးလုပ်မယ်

နေ့စဉ် အချိန်တိုင်းလိုလို အသုံးပြုနေတဲ့ စမတ်ဖုန်းမှာ ဘတ်တီးရီးယားပိုးမွှားတွေ ကပ်ပါနေမှာ အသေအချာပါပဲ။ အဲဒါတွေကိုရှင်းလင်းဖို့ နည်းလမ်းတွေပါ။

Twitter/B&H

လုပ်သင့်တာတွေက – 

  • ဖုန်းမျက်နှာပြင်မှာ ရှိတဲ့ ချွေးတွေကို microfibre ပါတဲ့ အဝတ်နဲ့ ပုံမှန်ပွတ်တိုက်ပါ
  • ဖုန်းအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်တော့ ဖုန်းကို ပါဝါပိတ်ထားလား မပိတ်ထားလားဆိုတာကို သေချာစိစစ်ပါ။ ဘတ္တရီကို ဖြတ်ပါ။ SIM ကတ်ကို ဖြုတ်ပါ။
  • ပိုးမွှားသတ်ဖို့အတွက်ဆိုရင်တော့ ရေဖန်ခွက်တစ်ခွက်နဲ့ ဗင်နီဂါအနည်းငယ်ဒါမှမဟုတ် အယ်လ်ကိုဟောနည်းနည်းတို့ကို ရောမွှေပြီး ဖုန်းကို သန့်ရှင်းရေးလုပ်လို့ရပါတယ်။
  • ဖုန်းကာဗာမှာ ဆီလီကွန်ကာဗာတပ်ထားတယ်ဆိုရင်တော့ ကာဗာကို ဖြုတ်ပြီး ရေနွေးပူပူတစ်ခုထဲမှာ နစ်မြုပ်ထားပါ။
  • ဖုန်းကို သန့်ရှင်းရေးလုပ်ပြီးပြီဆိုတာနဲ့ ဖုန်းရေခြောက်ဖို့အတွက် ခဏစောင့်ပါ ( ချက်ချင်းမဖွင့်ပါနဲ့)
Freepik/CCM

ရှောင်ရှားသင့်တာတွေက – 

READ
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ ကဆုန်ညောင်ရေသွန်းပွဲတော်

သန့်ရှင်းတဲ့ ဆေးအရည်တွေကို ဖုန်းမျက်နှာပြင်ပေါ်မှာ အများကြီးတင်ထားတာတို့  ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးအရည်တွေဟာ ဖုန်းရဲ့ စပီကာနဲ့ မိုက်ခရိုဖုန်းတို့ရှိရာ အပေါက်တွေဆီ စီးကျသွားပြီး အဲဒါတွေကို ပျက်စီးစေနိုင်လို့ပါပဲ။

hair dryer နဲ့ အခြောက်ခံခြင်းကိုရှောင်ကျဉ်ပါ။ သန့်ရှင်းရေးပြုလုပ်ပြီးလို့ ဖုန်းရေစိုနေချိန်မှာ hair dryer နဲ့ မှုတ်ထုတ်လိုက်ခြင်းက တခဏအတွင်းတော့ ရေများကို ခြောက်သွေ့စေမှာ အမှန်ပါပဲ။ ဒါပေမယ့် သတိပြုရမယ့် တစ်ချက်ကတော့ ဖုန်းအတွင်းပိုင်းမှာရှိတဲ့  ပစ္စည်းတချို့ဟာ အပူဓာတ်လွန်ကဲလို့မရပါဘူး။ ပျက်စီးတတ်ပါတယ်။

Ye Yint Kyaw

SHARE