ဒီသဘာဝနည်းနဲ့ဆို ၀က်ခြံတွေကို ဘိုင့်ဘိုင်လုပ်နိုင်ပါပြီနော် …

ဝက်ခြံဆိုတာ ယောကျာ်း၊ မိန်းမမရွေးပေါက်တတ်ပါတယ်။ ၀က်ခြံဆိုတာ အသားအရေပြသနာတွေထဲမှာ အဖြစ်များဆုံးပါ။ ဆေးခန်းတွေနဲ့ကုတယ် ၊ ဆေးတွေသောက်တယ် မပျောက်ဘူးဆိုတဲ့ သူတွေအများကြီးရှိပါတယ်။ ဒီသဘာဝနည်းလေးကို မျှဝေပေးချင်ပါတယ်။

ရှားစောင်းလက်ပပ် ၊ ပျားရည် ၊ သံပရိုရည်

fabhow

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ သံပရိုရည် (လက်ဖက်ရည်ဇွန်း တစ်ဝက်)။

fabhow

ပြုလုပ်ပုံ – ပါဝင်ပစ္စည်းများအားလုံးကို ဇလုံထဲမှာ အနှစ်ဖြစ်အောင် ရောပေးပါ။ အနှစ်ရပြီးဆိုရင် ဗူးသေးထဲထည့်ပြီး သိမ်းထားရင် (၂-၃)ရက်လောက်ခံပါတယ်။ မျက်နှာသစ်ပြီးရင် လက်ချောင်းနဲ့ ၀က်ခြံရှိတဲ့နေရာတွေကို လိမ်းပေးပါ။ (၁၀-၁၅)မိနစ်လောက် အခြောက်ခံထားပြီး ပုံမှန်ရေနဲ့ဆေးချလိုက်ပါ။ နောက်ဆုံး moisturizer ကိုလိမ်းပေးပါ။

READ
ဘ၀ကိုမတိုးတက်စေသော အမူအကျင့်များ

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာ အသားအရေအတွက်ကောင်းစေတဲ့ vitamins A, C, E, B1, B2, B3, B6, နဲ့ B12 တို့ပါပါတယ်။ ရှားစောင်းလက်ပပ်က အသားအရေကို စိုပြေစေပြီး ဘက်တီးရီးယားတွေကို မဖြစ်စေနိုင်ပါဘူး။

ပျားရည်

Pixabay

ပျားရည်ကတော့ အသားအရေတွေ ကောင်းစေနိုင်လို့ ပျားရည်သုံးပေးရင် အသားအရေ ပိုလှလာစေမှာပါ။ ပျားရည်ကို အသားအရေပြသနာ ၊ အမာရွတ် ၊ လည်ချောင်းနာ ၊ ဆံပင်ပြသနာ စတာတွေကို ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ပျားရည်က ၀က်ခြံကြောင့် နီရဲတာတွေ ၊ ရောင်ရမ်းတာတွေ ၊ breakouts ဖြစ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

သံပရိုရည်
သံပရိုရည် မှာ vitamin C, citric acid, magnesium, potassium, နဲ့ calcium, နဲ့ boasts antioxidant, antibacterial, antifungal နဲ့ astringent ဓာတ်တွေပါပါတယ်။ ဒါကြောင့်လည်း သံပရိုရည်က ၀က်ခြံအတွက်ကောင်းစေပြီး အသားအရည်ကို ကြည်လာစေပါတယ်။

READ
ဆရာကျကျ ကလဲ့စားချေနိုင်မယ့် အကွက်များ

Hannwe Soe

SHARE