လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ အကြောက်မလွန်ဘဲ ဘယ်လိုနေထိုင်ကြမလဲ

Freepik-drobotdean

WHO မှ COVID-19 ကို pandemic ရောဂါအဖြစ် အသိအမှတ်ပြုလိုက်ပြီးနောက်ပိုင်းမှာတော့ လူတော်တော်များများဟာ ဒီကိစ္စနဲ့ဆက်စပ်ပြီး ကြောက်ရွံ့စိတ်တွေ တစ်နေ့တစ်ခြား ပိုတိုးလို့လာခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အကြောက်လွန်နေလို့ ဘာမှမထူးတဲ့အပြင် အမြဲတမ်းသတိကပ်နေရမယ့်အချိန်မျိုးမှာ အကြောက်လွန်နေတာကြောင့် ဝေဝါးတာမျိုးတွေ မဖြစ်ရလေအောင် ဘယ်လိုအကောင်းဆုံး နေထိုင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး Unilad မှ ကိုးကားဖော်ပြလိုက်ပါတယ်။

(၁) နားစွင့်ပါ

နိုင်ငံမှတရားဝင်ပေါ့ခ်ျတွေ၊ ခိုင်မာတဲ့သတင်းဌာနတွေက သတင်းတွေကိုသာ အတည်ပြုမှတ်ယူပါ။ အချိန်နဲ့တပြေးညီ သတင်းတွေကို နားစွင့်နေပါ။

Freepik-rawpixels,com

(၂) အလွယ်တကူ မယုံဖို့

အပေါ်မှာပြောထားသလို သတင်းတွေကို အချိန်နဲ့တပြေးညီ နားစွင့်နေရမှာမှန်ပေမယ့်လို့ သတင်းအတုတွေကြောင့် အစိုးရိမ်မလွန်ရစေဖို့ လူမှုကွန်ယက်ပေါ်မှာ အမြဲတမ်း ဒီကိစ္စနဲ့ပတ်သက်တာချည်းပဲ ရှာနေတာကိုလည်း မလုပ်သင့်ပါဘူး။ ခိုင်မာမှုမရှိတဲ့ သတင်းအရင်းအမြစ်တွေကို လျှောက်မဖတ်ဘဲ သို့မဟုတ် ဖတ်မိလျှင်လည်း အလွယ်တကူမယုံကြည်ဖို့ကို သတိဖို့ပါပဲ။

Freepik-goffkein

(၃) လိုက်နာပါ

READ
သင့်ဘဝကို ပိုမိုလွယ်ကူစေမယ့် အသုံးဝင် ဖြတ်လမ်းနည်းများ

WHO တို့၊ နိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနတို့က ပြောထားတဲ့ စည်းကမ်းချက်တွေအတိုင်းသာ လိုက်နာပါ။ အစိုးရိမ်လွန်ပြီး တခြားအာမခံမှုမပေးနိုင်တဲ့ ဆေးဝါးနဲ့ ကုသ၊ ကာကွယ်နည်းတွေကို လုံးဝရှောင်ရှားပါ။

(၄) အာရုံလွှဲပါ

အရမ်းအစိုးရိမ်လွန်လာရင် ဝင်လေထွက်လေမှတ်ပြီး အသက်ကိုရှူသွင်းရှူထုတ်လုပ်ပါ။ အပင်လေးတွေရှိတဲ့နေရာကို ကြည့်ပြီး အသက်ဝဝရှူကြည့်ပါ။ အချိုတစ်မျိုးမျိုး စားလိုက်ပါ။ ဒါမှမဟုတ် သီချင်းအကျယ်ကြီးဖွင့်ပြီး ကတာပဲဖြစ်ဖြစ် အိမ်တွင်း ဒါမှမဟုတ် ခြံထဲမှာ ပတ်ပြေးလိုက်တာမျိုး၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပစ်လိုက်တာမျိုး၊ အိမ်ကို သန့်ရှင်းရေးလုပ်တာမျိုးတွေ ချက်ချင်းထလုပ်လိုက်ပါ။

Freepik-freepik

(၅) ရင်ဖွင့်ပါ

အကြောက်လွန်နေတယ်ဆိုတာကို ဖုံးကွယ်မထားသင့်ဘဲ တစ်ယောက်ယောက်ကို ဖွင့်ပြောပြပါ။ ခံစာားချက်ဆိုတာ ထုတ်ပြောပြလိုက်မှ ပေါ့သွားတတ်တာမျိုးမဟုတ်လား။ နောက်ပြီး တစ်ကမ္ဘာလုံးကလူတွေဟာလည်း လက်ရှိအချိန်မှာ သူသူကိုယ်ကိုယ်စိုးရိမ်နေကြမှာပဲမလို့ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပေးပါ။

ဒါကတော့ WHO မှ တရားဝင် ထုတ်ထားခဲ့တဲ့ ဗီဒီယိုပါ။ ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုနေထိုင်ကြမလဲဆိုတာကို လွယ်လွယ်ကူကူပဲ သိနိုင်မှာပါ။

READ
ဒုတိယ ကမ္ဘာစစ်အတွင်းက ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရုရှားအမျိုးသမီးစနိုက်ပါတပ်ဖွဲ့

Penny

SHARE