ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေကို အလွယ်ကူဆုံး ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်း

Twitter/TaylorArmstong

ပြင်းထန်တဲ့စိတ်ခံစားချက်တွေဟာ လူတွေရဲ့ခံစားချက်တွေကိုအလွယ်တစ်ကူလွှမ်းမိုးနိုင်ပြီး အပြုအမူတွေအပေါ် များစွာသက်ရောက်မှုရှိပါတယ်။ တစ်ကယ်လို့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုစိတ်ဆိုးဒေါသထွက်နေမိမယ် ဆိုရင် အသင်းတစ်ခုလုံးရဲ့အရှေ့မှာ သူနဲ့ငြင်းခုံဖို့အတွက် သင့်ရဲ့စိတ်ကတိုက်တွန်းမှုကို သင်ကျိန်းသေပေါက်ရရှိမှာ ဖြစ်ပါတယ်။ လူမှုရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုဖြစ်နေပါက ဒီအရာကိုလုံးဝရှောင်ကြဉ်ရမယ်ဆိုတဲ့ စိတ်ကသွေးဆောင်ခံရနိုင်ပါတယ်။ အဆင်မပြေတဲ့ကိစ္စတစ်ခုနဲ့ကြုံတွေ့ခဲ့ရတဲ့နေ့ရက်တွေဆိုရင် အဲ့ဒီရက်တွေကို မမေ့နိုင်ပဲ အမြဲအမှတ်ရနေတတ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုဟာ ကမ္ဘာကြီးကိုထိထိ ရောက်ရောက်သွားလာနိုင်ဖို့ လူသားတွေရဲ့စွမ်းရည်ကိုဝင်ရောက်စွက်ဖက်နိုင်ပါတယ်။

သုတေသနပညာရှင်တစ်ဦးက လူတွေဟာ သူတို့ရဲ့စိတ်ခံစားချက်ကိုဘယ်လိုကောင်းမွန်စွာထိန်းညှိလဲဆိုတာကို ဆယ်စုနှစ်တစ်ခုကျော်လေ့လာခဲ့ပါတယ်။ အချို့သောနည်းဗျူဟာတွေဟာ အခြားသူတွေထက်ပိုပြီး ကျန်းမာရေး ကောင်းကြောင်းကို လေ့လာသိရှိခဲ့တယ်လို့ သုတေသီတွေကဆိုထားကြောင်း Psychology Today မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

Amazon.Com

စိတ်ကိုထိန်းချုပ်နိုင်ဖို့ နည်းစနစ်ကျကျနဲ့ ထိရောက်စွာအသုံးချဖို့ အချိန်အတော်ကြာ သင်ယူမှုတွေလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့စိတ်ခံစားမှုကိုပိုမိုကောင်းမွန်စွာထိန်းချုပ်ရန် ကူညီနိုင်တဲ့ အတော်လေးကိုရိုးရှင်းတဲ့ အကြံပေးချက်ကိုမျှဝေပေးပါ့မယ်။ အဲတာကတော့ ဘယ်အရာကိုမှစိတ်လိုက်မာန်ပါမလုပ်မီ စက္ကန့်(၆၀)လောက် ခတ္တရပ်ထားပြီးစိတ်ကိုတည်ငြိမ်အောင်အရင်လုပ်ဖို့ပဲဖြစ်ပါတယ်။

အထူးသဖြင့် အပြင်းအထန်စိတ်လှုပ်ရှားမှုဖြစ်နေချိန်မှာ စိတ်ခံစားချက်အတိုင်းလိုက်မလုပ်မိပါစေနဲ့။ ဒေါသထွက်နေတဲ့ စာတွေပို့ပါနဲ့၊ အလုပ်မှာတင်ဆက်ဖို့ဖိတ်ကြားချက်တွေကိုမငြင်းပါနဲ့၊ ဒီတစ်ပတ်မှာ အရမ်းအလုပ်တွေများနေတယ် ဆိုပြီး သင့်ရဲ့သူဌေးဆီကို ရန်လိုနေတဲ့ပုံနဲ့ email မပို့မိပါစေနဲ့။ စိတ်အလိုလိုက်ပြီး လုံးဝကိုမလုပ်မိပါစေနဲ့နော်။

စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားပါ။ တစ်ခုခုကိုခံစားနေရပြီဆိုလည်း ချက်ချင်းမလုပ်ဆောင်ပဲ သေချာစဉ်းစားဆုံးဖြတ်ပြီးမှလုပ်ဆောင်သင့်ပါတယ်။

တစ်ကယ်လို့များ အဲ့လိုစိတ်ကိုထိန်းချုပ်ဖို့ခက်ခဲနေပါက အချိန်တစ်ခုကိုသတ်မှတ်ပြီး ခနတာတည်ငြိမ်နိုင်အောင်လုပ် ကြည့်ပါ။ အချိန်ကြာလာရင်အဆင်ပြေသွားပါလိမ့်မယ်။ စိတ်လှုပ်ရှားမှုကို အပြင်းအထန်ခံစားနေရပြီဆိုရင် သင့်ရဲ့ဖုန်း ကိုထုတ်ပြီး စက္ကန့်(၆၀)ကြာ ရေတွက်မှုတွေကိုပြုလုပ်လိုက်ပါ။ ဒါဆို သင့်ရဲ့စိတ်အခြေအနေဟာ တည်ငြိမ်လာပြီး သေချာစဉ်းစားဆုံးဖြတ်လာနိုင်ပါလိမ့်မယ်။ ဒီလိုလုပ်တဲ့အတွက် သင့်ရဲ့စိတ်ကျန်းမာရေးအနေနဲ့လည်း ကောင်းမွန်သလို ကိုယ်ကျန်းမာရေးအတွက်လည်းကောင်းမွန်လာပါလိမ့်မယ်။

Imdb/AgeOfUltron

စက္ကန့်(၆၀)အကုန်မှာတော့ သင့်ရဲ့စိတ်လှုပ်ရှားမှုပြင်းထန်နေတာတွေလျော့နည်းလာပြီး ဘယ်အရာကိုဆက်လုပ်ရမယ် ဆိုတာကို သင်စဉ်းစားတွေးတောနိုင်လာမှာဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့စိတ်လှုပ်ရှားမှုအရှင်းပျောက်ကွယ်သွားမယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် အနည်းငယ်တော့ စဉ်းစားတွေးခေါ်နိုင်ဖို့အတွက် အချိန်ရသွားမှာဖြစ်ပါတယ်။ အရှင်းဆုံးပြောရမယ်ဆိုရင် စိတ်လှုပ်ရှားမှုတွေဟာအမြဲတမ်းလျင်မြန်စွာပေါ်ပေါက်လာပြီး ချက်ချင်းပြန်လည်ပုပ်သိုး သွားတဲ့အရာတွေဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။

အကယ်လို့များ သင်ဟာ စက္ကန့်(၆၀)ကျော်ထက်မကလိုအပ်နေတယ်ဆိုရင် (၂)မိနစ်ကနေ(၅)မိနစ်အထိဟာ သင့်ရဲ့စိတ်ထိန်းချုပ်နိုင်ဖို့အကာင်းဆုံးအချိန်တွေပဲဖြစ်ပါတယ်။ အချိန်ကိုအတိအကျမပြောချင်ပါဘူး။ သင့်စိတ်ရဲ့ထိန်း ချုပ်နိုင်မှုအတိုင်းအတာအတိုင်းလုပ်ဆောင်သင့်ပါတယ်။ ပြောရမယ်ဆိုရင် စိတ်လှုပ်ရှားနေတဲ့အချိန်မှာ ဘယ်အရာကိုမှ စိတ်လိုက်မာန်ပါမလုပ်ပဲ ခနတာစိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးမှ ရှေ့ဆက်ဖို့သင့်၊ မသင့်စဉ်းစားဆုံး ဖြတ်နိုင်မှာဖြစ်ပါတယ်။

Thae Su

SHARE