ဝက်သားကိုးရီးယားထမင်းသုပ် ချဉ်ငံစပ်လေးကို ကိုယ်တိုင်အိမ်မှာလုပ်စားကြမယ်

ကဲ ဒီတစ်ခါတော့ ကိုးရီးယားထမင်းသုပ် ချဉ်ငံစပ်လေးကို အိမ်မှာ ကိုယ်တိုင် လုပ်စားကြရအောင်နော်။

လိုအပ်သောပစ္စည်းများ
  • ကိုးရီးယားထမင်း သို့မဟုတ် ရိုးရိုးထမင်း
  • ကန်စွန်းရွက် အနည်းငယ်
  • ပဲပင်ပေါက်
  • မုန်လာချဉ်
  • မှို
  • ကင်ချီ
  • ဝက်သား
  • ကြက်ဥ

ပြုလုပ်ပုံအဆင့်ဆင့်
  • အရင်ဆုံး ကန်စွန်းရွက်နှင့် ပဲပင်ပေါက်ကို ရေဖျောလိုက်ပါ။
  • မှိုကို ဆီအနည်းငယ်နဲ့ ကြော်လိုက်ပါ။
  • ဝက်သားကို ပါးပါးလေးလှီးပြီး ကြော်လိုက်ပါ။
  • ပန်းကန်လုံးထဲမှာ ထမင်းကို အရင်ထည့်ပါ။
  • ပြီးရင် အပေါ်မှာ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ကင်ချီ၊ ဝက်သားကြော်၊ မုန်လာချဉ်နှင့် ငရုတ်သီးအနှစ်တို့ကို တင်လိုက်ပါ။
  • အလယ်မှာ ကြက်ဥကို အနှစ်မပေါက်အောင်ကြော်ပြီး တင်လိုက်ပါ။
  • ပြီးရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ကိုးရီးယားထမင်းသုပ်ကို စားသုံးနိုင်ပါပြီ။
READ
ထူးကဲလှတဲ့ အရသာမျိုးစုံနဲ့ Bubble-tea ချစ်သူတို့အတွက် Bubble-tea Hot Pot

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE