ထမင်းမြိန်စေမဲ့ ပုဇွန်ချိုချဉ်ကြော်ချက်ပြုတ်နည်း

shutterstock/By mrmichaelangelo

ဒီတစ်ခါ ပုဇွန်ကြိုက်သူတွေ အကြိုက်တွေ့စေမယ့် ပုဇွန်ချိုချဉ်ကြော်နည်းလေးကိုဖော်ပြပေးပါမယ်။ လုပ်ရတာလွယ်ကူပြီး အရမ်းလည်း အရသာရှိတာကြောင့် လက်စွမ်းပြလိုက်ကြရအောင်နော်။

shutterstock/By DesmondLWF

လိုအပ်သောပစ္စည်းများ

  • ပုဇွန်အစိတ်သား
  • ကြက်သွန်နီ ၃ လုံး
  • ကြက်သွန်ဖြူ ၅ တက်
  • ငရုတ်သီးမှည့် ၆ တောင့်
  • ကြက်သားမှုန့်တစ်ဇွန်း
  • ပင်စိမ်း အနည်းငယ်
  • ခရုဆီ တစ်ဇွန်း
  • ဆားအနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • ပဲငံပြာရည် အကြည် အနည်းငယ်
  • ကြိုက်နှစ်သက်ရာဆော့စ် တစ်ဇွန်း
  • သကြား အနည်းငယ်
  • ဆီ အနည်းငယ်

ချက်ပြုတ်ပုံအဆင့်ဆင့်

  • ပုဇွန်ကို အခွံနွှာပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ။
  • ထို့နောက် ပုဇွန်ကို ဆား၊ ကြက်သားမှုန့်တို့နှင့်နယ်ထားပါ။
  • ကြက်သွန်နီ၊ဖြူတို့ကို ထောင်းထားပါ။ ငရုတ်သီးကို လှီးထားပါ။
  • ဒယ်အိုးထဲတွင်ဆီထည့်၍ ပူလာလျှင် ကြက်သွန်နီ၊ ဖြူတို့ကိုထည့်ပါ။
  • ပြီးလျှင် ပုဇွန်မှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို ထည့်၍ မွှေလိုက်ပါ။
  • ဆီပြန်လာလျှင် ပုဇွန်ကိုထည့်၍ ပုဇွန်ကွေးလာလျှင် ပင်စိမ်းအုပ်ကာ မီးဖိုပေါ်မှချ၍ သုံးဆောင်နိုင်ပါပြီ။
READ
ပုံရက်သားလဲကျသွားတဲ့ သခင်ကို အရေးပေါ်ကားခေါ်ပြီး အသက်ကယ်ခဲ့တဲ့ ခွေးလေး

Em Em (Shwemom)

SHARE