ခဏခဏ ခေါင်းကိုက်နေခြင်းကို ဆေးသောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေတဲ့နည်းများ

ခေါင်းကိုက်ခြင်းမှာ ပုံစံ ၊ အနေအထား (၃)မျိုးနဲ့ ခေါင်းကိုက်တတ်ကြပါတယ်။ ဒါတွေကတော့ Tension ၊ Migraine နဲ့ Cluster ဆိုပြီးပဲဖြစ်ပါတယ်။ Tension ကတော့ အဖြစ်များဆုံးဖြစ်ပြီး ခေါင်းပတ်ပတ်လည် ၊ နဖူးနေရာတွေ ကိုက်တတ်ပါတယ်။ Migraine ကတော့ ခေါင်းတခြမ်းပဲ ကိုက်နေတာမျိုးပါ ၊ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ Cluster ကတော့ အဖြစ်နည်းပြီး မျက်လုံးနားတစ်ဝိုက်ပဲ ကိုက်နေတာမျိုးပါ။ ခေါင်းကိုက်နေတာတွေကို ဆေးသောက်စရာမလိုဘဲ ဒီနည်းတွေနဲ့ သက်သာစေနိုင်ပါတယ်။

depositphotos , brightside

(၁) ကဖိန်းဓာတ်

ကဖိန်းဓာတ်တွေက ခေါင်းကိုက်တာတွေကို ပျောက်စေနိုင်တဲ့ painkiller သဘောမျိုးပါ။ ကဖိန်းဓာတ်ကို သောက်သုံးနေကျကနေ ရုတ်တရက် ဖြတ်လိုက်တာက ခေါင်းကိုက်စေနိုင်ပါတယ်။ ဥပမာ လူတစ်ယောက်က မနက်တိုင်း ကော်ဖီသောက်နေရာကနေ ရုတ်တရက်ဖြတ်လိုက်ရင် ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

READ
လေ့ကျင့်ခန်းမလုပ်ဘဲ အလွယ်တကူဝိတ်လျှော့နည်းများ

(၂) အစိမ်းရောင်မီး

depositphotos , brightside

အစိမ်းရောင်မီး က photophobia ၊ အလင်းနဲ့ ဓာတ်မတည့်မှုနဲ့ ခေါင်းကိုက်ဝေဒနာတွေကို လျော့နည်းစေနိုင်ပါတယ်။ တခြားအရောင်တွေထက် အစိမ်းရောင်မီးက ခေါင်းကိုက်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

(၃) တရားထိုင်ပေးခြင်း

တရားထိုင်ပေးတာက စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပြီး တရားထိုင်ပြီးတာနဲ့ ခေါင်းကိုက်တာတွေ အချိန်တိုအတွင်း ချက်ချင်းပျောက်သွားနိုင်ပါတယ်။

(၄) အစားအသောက်

depositphotos , brightside

တာရှည်ခံအောင် လုပ်ထားတဲ့ Processed foods တွေက ခေါင်းကိုက်စေနိုင်ပါတယ်။ Processed foods တွေလို့ ဆိုရာမှာ အေးခဲအသား ၊ သံဗူးနဲ့အစားအစာတွေ ၊ ချိစ်တွေ ၊ snack တွေ ၊ BBQ sauces တွေကို ပြောတာပါ။ ဒါတွေစားမယ်ဆိုရင် အသီးတွေ ၊ အရွက်တွေ တွဲစားပေးပါ။

READ
IG မှာ သေချာပေါက် Follow လုပ်ထားသင့်တဲ့ Fitness Queen များ

(၅) အရောင်ပါတဲ့ မျက်မှန်

အမည်းရောင်ပါတဲ့ မျက်မှန်တွေကို ခဏခဏ ခေါင်းကိုက်တတ်တဲ့သူတွေကို တပ်ဖို့ ညွန်းကြပါတယ်။ ဒါပေမယ့် တချို့ လူနာတွေကတော့ ဒီနည်းနဲ့ အဆင်မပြေကြပါဘူး။ သိပ္ပံပညာရှင်တွေကတော့ အရောင်ပါတဲ့ မျက်မှန်တွေက လူတွေကို ခေါင်းကိုက်သက်သာစေပါတယ်လို့ ဆိုပါတယ်။

Hannwe Soe

SHARE