စိတ်ဓာတ်ကျတတ်တဲ့ ချစ်သူမျိုးရထားရင် ဘယ်လိုလုပ်ရမလဲ

ကိုယ့်မှာ ရှားရှားပါးပါး ချစ်သူတစ်ယောက် ရပါရဲ့။ အဲဒီတစ်ယောက်က ဘ၀မှာ ရုန်းကန်လာရတာတွေကများ၊ ရှုံးနိမ့်ခဲ့တာတွေကများပြီး ခဏခဏ စိတ်ဓာတ်ကျတတ်သူဆိုရင် အချိန်ကြာလာတာနဲ့အမျှ နှစ်ယောက်ကြားက ဆက်ဆံရေးက အက်ကြောင်းထင်လာမှာပါ။ ဒီတော့ ကိုယ်ကလည်း သူ့ကို တကယ်ချစ်တယ်ဆိုရင် သူစိတ်ဓာတ်ကျနေတဲ့ အချိန်တိုင်း အတူတူရှိရအောင်၊ စိတ်ဓာတ်ကျနေချိန်တွေကို အဆင်ပြေပြေ ဖြတ်သန်းနိုင်အောင် ဒီလိုနည်းလေးတွေ သုံးကြည့်လိုက်ပါလား။

သူ့ရဲ့အကြောင်းကို သေချာသိအောင်လုပ်ပါ

VideoBlocks

သူ့ရဲ့အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ အတိတ်အကြောင်း စတာတွေကို သေချာသိထားဖို့ လိုပါတယ်။ ဒါမှပဲ သူစိတ်ဓာတ်ကျတဲ့အခါ အကြောင်းရင်းကို အလျှင်အမြန် ရှာဖွေနိုင်မှာဖြစ်ပြီး သူခံစားနေရတာတွေ သက်သာအောင် ကုစားပေးနိုင်မှာပါ။ ကိုယ်က သူ့အကြောင်း အများကြီး သိထားတယ်ဆိုတာ သူလည်းသိနေရင် တစ်ခုခုဖြစ်တိုင်း ကိုယ့်ကိုအလေးအနက်ထားပြီး ဆွေးနွေးပါလိမ့်မယ်။ ဒီလိုဆို သူလည်း သိပ်ပြီး စိတ်ဓာတ်ကျစရာ မလိုတော့ဘူးပေါ့။

နားလည်နိုင်ဖို့ ကြိုးစားပါ

Huffington Post

စိတ်ဓာတ်ကျလွယ်တဲ့ သူတွေက ဘ၀ကို အဆိုးဖက်က မြင်လေ့ရှိပါတယ်။ စိတ်ကလည်း ခန့်မှန်းလို့မရအောင် ပြောင်းလဲနေတတ်ပါတယ်။ အဲလိုအခြေအနေတွေကို နားလည်နိုင်ဖို့ ကြိုးစားရမှာပါ။ သူ့အနေနဲ့ တစ်ယောက်တည်းနေချင်တဲ့ အချိန်တွေရှိမယ်၊ ဒါမှမဟုတ် ကိုယ်နဲ့အတူ စကားမပြောပဲ ထိုင်နေချင်တဲ့ အချိန်တွေ ရှိကောင်းရှိမယ်။ အဲလိုအချိန်တွေဆို သူ့ကို နားလည်ပေးနိုင်ဖို့ ကြိုးစားရမှာပါ။ ဒီလိုမှမဟုတ်ပဲ သူတစ်ယောက်တည်း နေချင်တဲ့ အချိန်တွေမှာ ကိုယ်ကပါ ဆူဆူပူပူ လုပ်နေရင် နှစ်ယောက်ကြားက ဆက်ဆံရေးကို ထိခိုက်ပါလိမ့်မယ်။

READ
‘ကိုကို’ တွေနဲ့ချစ်မိရင် … ဒီလိုအချစ်ခံရမှာပါ

အားပေးပါ

VideoBlocks

စိတ်ဓာတ်ကျတတ်တဲ့သူ အများစုက သူတို့ကို အားပေးတဲ့သူကို လိုနေတာပါပဲ။ တစ်နည်းအားဖြင့် သူတို့ဘေးမှာ ရှိတဲ့တစ်ယောက်ယောက်က သူတို့ကို အားပေးပြီဆိုရင် စိတ်သက်သာရာ ရတတ်ကြပါတယ်။ ဒီတော့ သူအဆင်မပြေတာ တစ်ခုခုရှိတိုင်း သူ့ကိုအပြစ်တင်နေမယ့် အစား၊ ဝေဖန်နေမယ့် အစား အားပေးတာက အကောင်းဆုံးဖြစ်မှာပါ။

သည်းခံပါ

ဘယ်သူပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေတဲ့ အချိန်တွေဆို စိတ်မရှည်ကြပါဘူး။ သူတို့ စိတ်ထဲက သိမ်းထားရတာတွေကလည်း လွယ်လွယ်လေးနဲ့ ထွက်လာလေ့ ရှိပါတယ်။ အဲဒီလို အချိန်တွေအတွက် သည်းခံဖို့လိုပါတယ်။ ခဏလောက် သည်းခံလိုက်ရုံနဲ့ နှစ်ယောက်လုံးအတွက် အကျိုးရှိမှာဖြစ်ပြီး သူခံစားရတဲ့အတိုင်း လိုက်ပြီးခံစားနေမယ်၊ ကိုယ်ကလည်း လိုက်ပေါက်ကွဲနေမယ် ဆိုရင်တော့ ပြဿနာတက်ကြဖို့ပဲ ရှိပါတယ်။

ကိုယ်သူ့ကို ဘယ်လောက်ချစ်ကြောင်း ပြပါ

Huffington Post

သူကဘ၀မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာအတွက်ကြောင့်ပဲ သူစိတ်ဓာတ်ကျရ ကျရ ကိုယ်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူသိအောင် ပြဖို့ လိုပါတယ်။ အများကြီး မလုပ်ပေးနိုင်ဘူး ဆိုရင်တောင် ကိုယ်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ စကားလုံး အနေနဲ့ ပြောပြဖို့ လိုပါတယ်။ အဲဒီလိုအချိန်တွေမှာ သူ့ကိုချစ်တဲ့ တစ်ယောက်ယောက် ဘေးမှာရှိနေတယ်လို့ ခံစားရတဲ့ အသိက သူ့ကို စိတ်သက်သာရာ ရစေမှာဖြစ်ပြီး ကိုယ့်ကိုလည်း အရင်ကထက်ပိုလို့ တွယ်တာလာပါလိမ့်မယ်။

READ
လမ်းခွဲသင့်ပြီဆိုတာကို ပြသနေသောလက္ခဏာများ

Linn

SHARE