ထိရှထားတဲ့ ဒဏ်ရာတွေကို အမြန်ဆုံးပျောက်အောင် ဘယ်လိုကုသနိုင်မလဲ

ထိရှဒဏ်ရာသေးသေးလေးတွေက အချိန်မရွေးဖြစ်တတ်ပြီး အိမ်မှာပဲ ကုသရလွယ်ကူပါတယ်။ နက်နက်နဲနဲ ရှမိရာကနေ သွေးထွက်များသွားခဲ့ရင်လည်း ဆေးရုံဆေးခန်းအထိ သွားစရာမလိုဘဲ ဒီနည်းနဲ့ ကုသနိုင်ပါတယ်။

(၁) လက်ရေဆေးပေးပါ


ထိရှဒဏ်ရာကိုကုဖို့ဆိုရင် အရင်ဆုံး လက်ဆေးပေးပါ။ သင့်လက်မှာ ရှိနေတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပစ်ဖို့ လက်ဆေးပေးပါ။ လက်ဆေးပြီးရင် ဒဏ်ရာကိုပါ ဆေးပေးပါ။ ဒဏ်ရာကို ဆေးမလိမ်းသေးခင် ရေနဲ့ဆေးပေးပါ။ ဒီနည်းက ဒဏ်ရာကနေ ဘတ်တီးရီးယားတွေကို အပေါ်ယံဖယ်ရှားပစ်နိုင်ပါတယ်။

(၂) ဆေးလိမ်းပေးပါ


Antibiotic လိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာကို ရေနဲ့ဆေးပြီးပြီချင်းမှာ anitibiotic လိမ်းပေးပါ။ ဒီဟာက သင့်ဒဏ်ရာကို အတွင်းထိ ပိုးသတ်ပေးနိုင်တယ်။ ဒဏ်ရာက ပျောက်သွားပြီးဆိုတာနဲ့ ကူးစက်ပိုးတွေကို စောင့်ကြည့်နေပါ။ တကယ်လို့ ရောင်ရမ်းလာတယ် ၊ နီမြန်းလာတယ် ၊ ဖျားလာတယ်ဆိုရင် ဆရာဝန်ပြကြည့်ပေးပါ။

READ
ညံ့ဖျင်းတဲ့ ဆေးစင်တာအစီအမံကြောင့် လူထောင်နဲ့ချီ HIV ကူးစက်ခံရဖွယ်ရှိတဲ့ ဖြစ်ရပ်

(၃) သွေးတိတ်သွားရင် ပတ်တီး/ ပလာစတာနဲ့အုပ်ပေးပါ


ဒဏ်ရာကို ပြင်ပပိုးတွေ မ၀င်အောင် ကာကွယ်ပေးဖို့လိုပါတယ်။ ဆေးလိမ်းပြီးသွားရင် ပတ်တီးစီးပေးတာဖြစ်ဖြစ် ၊ ပလက်စတာ ကပ်ပေးတာပဲဖြစ်ဖြစ်နဲ့ ကာကွယ်ပေးပါ။ ဒီပတ်တီး ၊ ပလက်စတာတို့ကို ပုံမှန်လဲပေးပါ။ ဒဏ်ရာကို မြန်မြန်ပျောက်ဖို့အတွက် သန့်ရှင်းဖို့နဲ့ ခြောက်သွေ့နေဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ပတ်တီးက ရေစိုနေရင် ၊ ညစ်ပတ်နေရင် လဲပေးပါ။ အနာကျက်သွားရင်တော့ ပတ်တီးစီးပေးစရာမလိုတော့ပါဘူး။

Hannwe Soe

SHARE