အလုပ်သွားခါနီး ဘာဝတ်ရမှန်းမသိတဲ့ ပျိုမေများအတွက် ဖက်ရှင်အကြံပြုချက်

ယူနီဖောင်း သတ်မှတ်မထားတဲ့ ကုမ္ပဏီ၊လုပ်ငန်းတွေမှာ အလုပ်ဝင်နေကြတဲ့ ပျိုမေတွေဆီကနေ ရုံးကိုဘာဝတ်သွားရ မလဲဆိုတဲ့ မေးခွန်းတွေကို မကြာခဏကြားရလေ့ရှိပါတယ်။အဲ့ဒီအတွက် လုပ်ငန်းခွင်နဲ့သင့်တော် တဲ့အ၀တ်အစားတွေကို ဘယ်လိုဝတ်ဆင်ရမလဲဆိုတာကို အကြံပြုပေးချင်တယ်။

CB031858-2

(၁)Pencil  စကပ်

Pencil  စကပ်လေးဟာ လုပ်ငန်းခွင်နဲ့သင့်တော်တဲ့ စကပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ဒီလိုစကပ်ကိုဝတ်မယ်ဆိုရင်တော့  လည်ဆွဲအစား လက်ကောက်တွေ၊လက်ပတ်နာရီတွေကို တွဲဖက်ဝတ်ဆင်ပေးမယ်ဆိုရင်တော့ စမတ်ကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေမှာအသေအချာပါပဲ။

3

(၂)ချစ်စရာကောင်းတဲ့ စကပ်အကားလေးတွေ

အရမ်း Business ဆန်လွန်းတာကိုဝတ်ရတာ ငြီးငွေ့လာရင်လည်း အရမ်းမတို၊မကား ချစ်စရာကောင်းတဲ့စကပ်အ ကား လေးတွေကို ၀တ်ဆင်လို့ရပါတယ်။အပေါ်ကဆွယ်တာလက်ရှည်လေးကို တံတောင်ဆစ်လောက်အ ထိ ခေါက်တင်ပြီးအောက်မှာ စကပ်အကားလေးတွေကို ၀တ်ဆင်ပေးရင်တော့ စမတ်ကျပြီးချစ်စရာကောင်းတဲ့ မိန်းကလေးဖြစ်နေမှာ အသေအချာပါ။

(၃)ခပ်မိုက်မိုက်ပုံစံ

အပြောင်းအလဲဖြစ်အောင် ဒေါက်ဖိနပ်အမြင့်လေးကိုစီးပြီး ခပ်မိုက်မိုက်ပုံစံမျိုး ၀တ်စားလို့လည်းရပါတယ်။ချစ်စရာကောင်းတဲ့ အရောင်ခပ်မှိုင်းမှိုင်းမိန်မ၀တ်(ဘလောက်စ်)ကို အောက်က ကာကီရောင်ဘောင်းဘီအရှည်နဲ့တွဲဖက် ၀တ်ဆင်မယ် ဆိုရင် တော့ ကိုယ့်ကိုကိုယ် ယုံကြည့်မှုရှိတဲ့ ခပ်မိုက်မိုက် ပုံစံမျိုးပေါက်နေမှာပါ။

READ
မိန်းကလေးတိုင်း သိထားသင့်တဲ့ Street Style လမ်းညွှန်များ

4-Poppy-Delevigne

(၄)အနက်ရောင်ဝတ်စုံ အသေးလေးတွေ

ဒီလိုဝတ်စုံမျိုးကိုဝတ်ပြီး ရုံးသွားချင်တဲ့ ပျိုမေများအတွက်တော့ တစ်ခုသတိထားရမှာက မိမိဟာခြေထောက်ရှည်တဲ့ သူ ဖြစ်မယ်ဆိုရင် အောက်ကနေခြေအိတ်အရှည် ၀တ်ပေးပါ။အရမ်းကြပ်နေတာမျိုး မဖြစ်ပါစေနဲ့။နောက်ထပ်သတိ ထားရမှာက လုပ်ငန်းခွင်ဖြစ်တဲ့အတွက် အရောင်သိပ်တောက်တဲ့အနီရောင်နှုတ်ခမ်းနီအစား ခပ်ဖျော့ဖျော့နှုတ်ခမ်းနီ အရောင်မျိုးကိုဆိုးပေးပါ။တွဲဖက်ဝတ်ဆင်ဖို့အသုံးအဆောင်ပစ္စည်းအနေနဲ့ ငွေရောင်၊ရွှေရောင်ဆွဲကြိုးတွေကို ရွေးချယ်ပေးနိုင်ပါတယ်။

5

(၅)ပေါ့ပါးလွတ်လပ်တဲ့ အ၀တ်အစား

ရိုးရှင်းပြီး နေရထိုင်ရတာ သက်သောင့်သက်သာဖြစ်စေမယ့် အ၀တ်အစားမျိုးကို ရွေးချယ်ပြီး ရုံးသွားမယ်ဆိုရင်တော့ အသုံးအဆောင်ပစ္စည်း accessories  တွေအရမ်းမသုံးပါနဲ့။သုံးမယ်ဆိုရင်လည်း ရိုးရှင်းတာမျိုးကို ရွေးချယ်အသုံးပြုပါ။ ဂါဝန်နဲ့စကပ်တွေထဲမှ ဒူးအထက် ပေါင်မ ကျတကျ တွေကို ရွေးချယ်ဝတ်ဆင်မယ်ဆိုရင်တော့ ခြေအိတ်ရှည်(ဒါမှမဟုတ်) ဖိနပ်အရှည်ကိုတွဲဖက်ဝတ်ဆင်ပေးဖို့မမေ့ပါနဲ့။

10

SHARE