လက်ကောက်ဝတ်မှာ ထွက်နေတဲ့ အရည်ကြည်အိတ်ဖုကို သဘာဝအတိုင်း ဘယ်လိုကုနိုင်မလဲ

လက်ကောက်ဝတ်တို့ ၊ ဒူးခေါင်းတို့ ၊ ခြေချင်းဝတ်တို့မှာ အရည်ကြည်အိတ်ဖုတို့ဖြစ်လာတတ်ပါတယ်။ ဒီလို အရည်ကြည်အိတ်ဖုဖြစ်လာရင် ကြောက်စရာမလိုပါဘူး။ အရည်ကြည်အိတ်အဖုတွေက အန္တရာယ်မဖြစ်စေနိုင်လို့ စိုးရိမ်စရာမလိုပါဘူး။ တစ်ခါတစ်လေ သူဘာသာသူ ပျောက်သွားတတ်တာမျိုးလည်း ရှိပါတယ်။ ပျောက်ချင်ရင်တော့ ဒီနည်းလေးအတိုင်းလုပ်ပေးနိုင်ပါတယ်။

(၁) ပန်းသီး ရှာလကာရည် (Apple Cider Vinegar)

Shutterstock

ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ရေ (လေးပုံတစ်ပုံ) ၊ ဂွမ်း ။
– ပန်းသီးရှာလကာရည် နဲ့ရေတို့ကို ရောပေးပါ။
– ရောပေးပြီးရင် ဂွမ်းနဲ့တို့ပြီး အရည်ကြည်အိတ်ဖုနေရာကို လိမ်းပေးပါ။
– မိနစ် (၃၀)လောက် ထားပေးပြီး ရေဆေးပေးပါ။
– နေ့တိုင်း (၂-၃)ကြိမ်လုပ်ပေးပါ။

READ
ခရမ်းချဉ်သီးရဲ့ မှားယွင်းနေတဲ့အချက်တစ်ခုကို ရှာတွေ့ခဲ့ကြတဲ့သိပ္ပံပညာရှင်များ

(၂) ရေနွေးအိတ်

Shutterstock

ပါဝင်ပစ္စည်းများ – ရေနွေးအိတ် ။
– ရေနွေးအိတ်ကို အရည်ကြည်အိတ်ရှိတဲ့နေရာမှာ ကပ်ပေးပါ။
– (၅-၁၀)မိနစ်လောက် ကပ်ထားပေးပြီး ဖယ်လိုက်ပါ။
– (၂-၃)ကြိမ်လောက်လုပ်ပေးပါ။

(၃) သဘာဝရှားစောင်းလက်ပပ်

Shutterstock

ပါဝင်ပစ္စည်းများ – သဘာဝရှားစောင်းလက်ပပ် ။
– ရှားစောင်းလက်ပပ်ကို အရည်ကြည်အိတ်နေရာမှာ လိမ်းပေးပါ။
– မိနစ် (၃၀)လောက် လိမ်းထားပေးပြီး ရေဆေးပေးပါ။
– တစ်နေ့ကို (၂-၃)ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

Hannwe Soe

SHARE