စက္ကန်း (၆၀)အတွင်း ချက်ချင်း အိပ်ပျော်သွားစေချင်ရင် .. ဒီနည်းတွေနဲ့ လုပ်ကြည့်ပါ။

အိပ်ပျော်နေတဲ့ သူတွေအတွက်ကတော့ ခေါင်းချတာနဲ့ အိပ်ပျော်သွားပေမယ့် အိပ်မပျော်တဲ့ သူတွေကျတော့ မနက်ထိအိပ်မပျော်တာမျိုးလည်း ဖြစ်တတ်တယ်။ ညဘက်တွေဆို တော်တော်နဲ့ အိပ်လို့မရဘူးဆိုရင် နောက်နေ့တစ်နေ့လုံး မလန်းတော့ဘူး ၊ တမှိုင်းမှိုင်းဖြစ်နေတော့မှာပါ။ ဒါကြောင့် စက္ကန်း (၆၀) အတွင်း အိပ်ပျော်သွားစေနိုင်မယ့် နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

(၁) မျက်လုံးကို စက်ဝိုင်းပုံစံ လှိမ့်ပေးပါ 

ဒီချက်ကတော့ ရိုးရှင်းပါတယ် ၊ အိပ်ခါနီး မီးတွေ အကုန်ပိတ်ပြီးရင် အိပ်ရာပေါ်မှာ လှဲလိုက်ပါ။ အိပ်ရာပေါ် ရောက်သွားရင် မျက်လုံးကို လက်ချောင်းနဲ့ စက်ဝိုင်းပုံစံ လှိမ့်ပေးပါ။ ဒီနည်းက သင့်ကို အိပ်ပျော်စေနိုင်ပြီး melatonin ကိုလည်း လျော့နည်းသွားအောင် ကူညီပေးပါတယ်။ မျက်လုံးကို ပိတ် ၊ အသက်ကို ပြင်းပြင်းရှု ပေးပါ။ သင့်လက်ညိုးနဲ့ ပိတ်ထားတဲ့ မျက်လုံးပေါ်ကို စက်ဝိုင်းပုံစံ ၊ နာရီလက်တံပုံစံလှိမ့်ပေးပါ။ တစ်ဖက်ကို (၃)ကြိမ် လှိမ့်ပေးပါ။

READ
မျက်လုံးတွေရဲ့အခြေအနေကို ကြည့်ပြီး သိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအနေ အမျိုးမျိုးမျိုး

(၂) (၄-၆-၈) အသက်ရှုနည်း 

ဒီနည်းကတော အိပ်ပျော်စေနိုင်ပြီး အထိရောက်ဆုံး နည်းလမ်းတစ်မျိုးပဲ ဖြစ်တယ်။ ဒီနည်းကိုတော့ Dr. Andrew Weil က တီထွင်ခဲ့ပြီး အင်တာနက်မှာလည်း နာမည်ကြီးနေခဲ့တဲ့ အိပ်ပျော်စေနိုင်တဲ့ နည်းပဲဖြစ်တယ်။ နည်းလမ်းကတော့ ..

  • ပါးစပ်ကနေ လေတွေကို ရှူထုတ်ပေးပါ။
  • ပါးစပ်ကို ပိတ်ပေးပြီး နှာခေါင်းကနေ လေတွေ ရှူသွင်းပေးပါ ၊ (၄) ထိမှတ်ထားပေးပါ။
  • အသက်ကို (၇)ထိ အောင့်ပြီး ရှူသွင်းပေးထားပါ။
  • ပါးစပ်ကနေလည်း (၈)ထိ ရှူထုတ်ပေးပါ။

မအိပ်ပျော်မချင်း ဒီနည်းကို အထပ်ထပ်အခါခါ လုပ်ပေးပါ။ အမှန်အတိုင်းဆိုရင် ဒီလိုလုပ်နေရင် သင်ဘယ်အချိန်အိပ်ပျော်သွားလဲဆိုတာတောင် သိလိုက်မှာ မဟုတ်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်စေနိုင်မယ့်နည်းပဲ ဖြစ်တယ်။

(၃) ရေနွေး စိမ်ပေးပါ

သင့်ခန္ဓာကိုယ့်ကို အပန်းဖြေပေးတဲ့ အနေနဲ့ ရေနွေးနွေးလေး စိမ်ပေးတာက အကောင်းဆုံးနည်းပါ။ ဒီအချက်ကြောင့်ပဲတော့ မဟုတ်ပါဘူး။ ပုံမှန် ခန္ဓာကိုယ်ရဲ့ အပူချိန်က (98.6° F) ရှိနေတတ်ပြီး နေ့ဘက်တွေမှာတော့ ကိုယ့်အပူချိန်တတ်လာတတ်တယ်။ ခန္ဓာကိုယ့် အပူချိန်တတ်လာလေ အိပ်ချင်လာလေဖြစ်တယ်။ Hot Bath စိမ်ပေးတာက ခန္ဓာကိုယ့်ကိုပါ အပန်းပြေစေသလို နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေလာပါတယ်။ အိပ်ရာမ၀င်ခင် မိနစ်(၃၀) မှာ Hot Bath စိမ်ပေးပါ။ Hot Bath စိမ်နေချိန်မှာ aroma therapy လေးကို ထွန်းထားပြီး စိတ်ဖိစီးတွေကိုရော ၊ ညောင်းညာနေတာတွေကိုပါ ပျောက်ကင်းသွားစေမှာပါ။

READ
ပျားရည်နဲ့ မျက်နှာကို Glow Skin ဖြစ်အောင် ပေါင်းတင်နည်း

source : fabhow

Hannwe Soe (Shwemom)
SHARE