ခြေစွယ်၊လက်စွယ် ငုပ်ရင် ကုသနိုင်တဲ့ နည်းလမ်း (၄ )မျိုး

Image : shutterstock/By VectorMine

ခြေစွယ်၊လက်စွယ် ငုပ်တဲ့ ရောဂါကိုတော့ လူတိုင်းလိုလို ဖြစ်ဖူးကြမှာပါ။တော်တော် လေးကို နာကျင်ရဲ့ ဝေ ဒနာ ပါ။ေ ခြ သည်းရော လက်သည်းမှာပါ နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။ခြေသည်းနဲ့  လက်သည်း ရဲ့ ထောင့် နေရာ လေး တွေ က အသားနု ထဲ သွားစိုက် နေတဲ့ ရောဂါ ပါ။ဖြစ်ပြီဆိုတာနဲ့ လက် (ဒါမှမဟုတ်) ခြေ ထောက် ခြေ ချောင်း  လက် ချောင်း တွေ က မခံနိုင် အောင် နာကျင်လာ ပြီး ရောင်ရမ်းတာ၊ပြည်တည်တာမျိုးတွေ အထိ ဖြစ်နိုင်ပါတယ်။ငုပ် နေတာကို  အ ချိန် မီ မ ဖြေရှင်းနိုင် ရင်တော့ ခြေသည်း၊လက်သည်း ပုပ်ပြီး ခွဲ စိတ် ရတဲ့ အထိ အ ခြေအ နေ ပြင်းထန် သွားနိုင် ပါတယ်။ အိမ်မှာ အလွယ်တကူ ကုသလို့ ရတဲ့ နည်းလေး တွေကို ဖော်ပြ ပေးချင်ပါတယ်။ဒါပေမယ့် အ ခြေ အ နေ  အရမ်း ဆိုးရင် တော့ ပိုးဝင်တာ မျိုး မဖြစ်ရ အောင် ဆရာဝန်နဲ့ ပြပါ။

Image:pixabay/Cuticle nipper

 ရေ နွေးနွေး လေးထဲမှာ ထည့်စိမ် ပေးပါ

ခြေ ထောက်မှာ ငုပ်ရင် ခြေ ထောက်၊လက်မှာ ငုပ်ရင် လက်ကို ရေ နွေးနွေး လေးထဲမှာ ထည့်စိမ် ပေးပါ။ဒါဆိုရင် တော့ နာကျင် ရောင်ရမ်းမှု တွေ ကို သက်သာ စေပါလိမ့်မယ်။တစ်နေ့ (၃)ကြိမ် တစ်ခါစိမ် ရင် (၁၅- ၂၀) မိနစ် လောက် စိမ် ပေးပါ။ဆားခါး ထည့်စိမ် ပေးလို့လည်း ရပါတယ်။

READ
ရေအောက်တွင် ရိုက်ကူးထားသည့် Wedding Photo အမိုက်စားရိုက်ချက်များ

apple cider vinegar

City Mart ဆိုင်တွေ မှာ တော့ အလွယ်တကူ ၀ယ်လို့ ရနိုင်ပါတယ်။ရေ နွေးထဲမှာ apple cider vinegar  ရေ နဲ့  လေးဆ တစ်ဆ နှုန်း ရောပါ။ပြီးရင်တော့ တစ်နေ့ (၃)ကြိမ် တစ်ခါစိမ် ရင် (၁၅- ၂၀) မိနစ် လောက် စိမ် ပေးပါ။

အရက်ပြန် လေး ပွတ်ပေး၊အနာသန့် ဆေး သုံး ပေးပါ

ပိုးမ၀င် အောင်လို့ အရက်ပြန် ကို သန့်တဲ့ ဂွမ်းစ လေးတွေ နဲ့ စွတ်ွပြီး ငုပ် နေတဲ့ နေရာ ကို ပွတ် ပေးပါ။ဒါမှ မလို လား အပ် တဲ့ ပိုး ၀င်တာ မျိုး မ ဖြစ် မှာပါ။အရက် ပြန် မဟုတ်ပဲ တခြား အနာသန့်ဆေး လေးတွေ ကို သုံးရင်လည်း ရပါတယ်။

READ
ဒီအချက်တွေကို သင်ခံစားနေရပြီဆိုရင် သင့်မှာ စိတ်ကျရောဂါဖြစ်တော့မယ်
Image:pixabay/picjumbo_com

ကော်ထုတ်ပေး/ညှပ် ပေးပါ

အရမ်း ကြီး ကော်ထုတ် တာမျိုး မလုပ်ပါနဲ့။နောက်တစ်ခု က သုံးမယ့် လက်သည်းညှပ်ပဲ ဖြစ်ဖြစ် ကော် ထုတ် ၊ ညှပ် ထုတ် ရင် သုံးမယ့်ပစ္စည်းကို အရက်ပြန် နဲ့ သေချာ သန့်စင်ပါ။ပြီးရင်တော့ ငုပ် နေတဲ့ ခြေစွယ်၊လက် စွယ်ကို ဖြည်ြး ဖည်း ချင်း နဲ့ နည်းနည်းစီ ကော်ထုတ် ပေး၊ညှပ် ပေးပါ။ပြီးရင် အရက်ပြန် သုတ် ထားတဲ့ ဂွမ်းစ လေးနဲ့ သုတ် ပေးပါ။ မသက် သာတာ၊ ရောင်လာ၊ပြည်တည်လာ တာမျိုး ဆိုရင်တော့ ဆရာဝန် နဲ့ ပြပါ။

ခြေစွပ်၊လက်စွယ်ငုပ်တာမျိုး မဖြစ် ချင်ရင် အရမ်းတို အောင် ညှပ် တာ မျိုး ၊အ၀ိုင်းပုံစံ ညှပ်တာ မျိုး တွေ မလုပ်ပဲ တ ဖြောင့်တည်း ညှပ်ပါ။ခြေ သည်းဆိုရင်တော့ ဖိနပ်၊ ခြေ အိတ် ကျပ်ကျပ်စီးတာ ၀တ်တာ မျိုးကို ရှောင်ပါ။

#SHWEMOM (ref;medicalnewstoday)

SHARE