ခပ်ချောင်ချောင် mask တွေကို ကွက်တိဖြစ်အောင်လုပ်နည်းကို ပြသခဲ့တဲ့ ဆရာဝန်မလေး

Tiktok- oliviacuidmd

ကပ်ရောဂါကာလမှာ ရောဂါဘေးရှောင်ရှားဖို့အတွက် လိုက်နာရမယ့် အခြခေံစည်းမျဉ်းတွေရှိနေပါတယ်။ အဲဒီအထဲ mask တပ်ခြင်းကတော့ အဓိကပါပဲ။ ဒါပေမဲ့ mask တပ်ဖို့ကျတော့လည်း ကျွန်တော်တို့တော်တော်များများ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ချောင်ကျတာပါပဲ။

အခုနောက်ပိုင်း mask တွေဆိုပိုဆိုးတယ်။ စကားပြောလိုက်တာနဲ့ နှာခေါင်းပေါ်ပေါ်လာတာမျိုးလေ။ ဒါကြောင့် ဒီလိုပြဿနာကို ဖြေရှင်းဖို့အတွက် ကျန်းမာရေးစည်းကမ်းနဲ့ ကိုက်ညီပြီး နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုတပ်ရမလဲဆိုတာကို ဗီဒီယိုလေးရိုက်ပြီး Tiktok ပေါ်တင်လာခဲ့ပါတယ်။

Tiktok- oliviacuidmd

သူမနာမည်ကတော့ Dr. Cui ဖြစ်ပြီး သွားဆရာဝန်တစ်ဦးပါတဲ့။ ဘေးနှစ်ဖက်မှာ ဟနေပြီး ချောင်ကျနေတဲ့ mask တွေကို အလွယ်တကူပဲ ကျဉ်းပြထားတာပါ။ အရင်ဆုံး mask ကို အလျားလိုက်ခေါက်ချိုးချိုးလိုက်ပါ။ ပြီးရင် ကြိုးတွေကို နှစ်ဖက်လုံးထုံးလိုက်ပြီး တပ်လိုက်တဲ့အခါ မျက်နှာနဲ့တစ်နေရာမှ ဟမနေတော့ဘဲ ကွက်တိကျသွားတာကိုတွေ့ရမှာပါ။

Tiktok- oliviacuidmd
Tiktok- oliviacuidmd
Tiktok- oliviacuidmd

ဒါကတော့ ဆရာဝန်မလေးရဲ့ လက်တွေ့လုပ်ပြတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ Mask ချောင်နေတဲ့လူတွေအတွက် အဆင်ပြေစေမှာပါနော်။ ဒါဆို mask ကြိုးကြီးကို လိမ်ပြီးတပ်ထားဖို့ မလိုတော့ဘူးနော်။

@oliviacuidmdHighly requested 60s version of my viral mask hack ##fyp ##doctorsoftiktok ##masktutorial ##covid19 ##viral ##maskhack ##learnontiktok♬ original sound – oliviacuidmd

Penny

READ
ပြည်သူတွေအပေါ် အနောက်တိုင်းနဲ့ K-pop ဂီတ လွှမ်းမိုးနေလို့ ဒေါသထွက်နေတဲ့ ကင်ဂျုံအန်

 

SHARE